တောဆင်ရိုင်းသတ်ဖြတ်ခံနေရမှုများကို ကာကွယ်ရန် လှုပ်ရှားမှုပြုလုပ်

တောဆင်ရိုင်းသတ်ဖြတ်ခံနေရမှုများကို ကာကွယ်ရန် လှုပ်ရှားမှုပြုလုပ်

 

ရန်ကုန် နိုဝင်ဘာ ၄ ။                     ။ မြန်မာ့တောဆင်ရို်င်းများ သတ်ဖြတ်ခံရခြင်း အခြေအနေကိုတားဆီးရပ်တန့်နိုင်ရန်“မိုမိုတို့အတွက် ရင်တွင်းစကားသံ” VOICES FOR MOMOS အသိပညာပေးလှုပ်ရှားမှုတစ်ရပ်ကို ရန်ကုန်မြို့၊ မြို့တော်ခန်းမ နှင့်မဟာဗန္ဓုလပန်းခြံ ရှေ့တွင် ယနေ့ နိဝင်ဘာ ၄ ရက်နေ့၊ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးလှုပ်ရှားမှုကို တောရိုင်း တိရိစ္ဆာန်ထိန်းသိမ်းရေးမိတ်ဆွေများအသင်း အပါအဝင် အရပ်ဖက်အဖွဲ့အစည်း ၆ ခု ပူးပေါင်း ပြုလုပ်ခြင်းဖြစ်ပြီး ဆင်ရုပ်များကို ၃ ရက်ကြာပြသ သွားမည်ဖြစ်သည်။

အစိုးရအနေနှင့် နိုင်ငံရေး၊ စီးပွားရေးလုပ်ငန်းစဉ်များ အောင်မြင်မှ တောရိုင်းတိရိစ္ဆာထိန်းသိမ်းရေးကိစ္စ များ ဆောင်ရွက်မည်ဆိုလျှင် မှားမည်ဖြစ်ကြောင်း တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းရေးမိတ်ဆွေများ အသင်းဥက္ကဋ္ဌ ဦးမြင့်အောင်က မဇ္ဈိမသို့ ပြောသည်။

" အဓိကက တိုင်းပြည်ဆင်းရဲတယ်၊ ချမ်းသာတယ် ဆိုတာ ဒီဇီဝမျိုးစုံ၊ မျိုးကွဲတွေကို ပညာဉာဏ်ရှိရှိ စီမံ အုပ်ချုပ်တဲ့အပေါ်မှာ မူတည်တယ်၊ အခု ကျွန်တော် တို့ တိုင်းပြည်ဆင်းရဲတာသည် ကျွန်တော်တို့ရဲ့ ဒီဇီဝမျိုးစုံ၊ မျိုးကွဲတွေကို ပညာဉာဏ်ရှိရှိ မအုပ်ချုပ် ခဲ့လို့ တိုင်းပြည်ဆင်းရဲနေတယ်လို့ အားလုံးက သတ်မှတ်ထားတာပါ၊ အခုအချိန်ထိလည်းပဲ ဒီဇီဝမျိုးစုံ၊ မျိုးကွဲတွေကို စီမံအုပ်ချုပ်တာ မှားယွင်း တဲ့လမ်းကြောင်းပေါ်မှာ ရှိသေးတယ်လို့ ကျွန်တော် တို့ သုံးသပ်ထားပါတယ်" ဟု ဦးမြင့်အောင်က မဇ္ဈိမသို့ ပြောသည်။

တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ် ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေ အရ လုံးဝကာကွယ်ပေးထားသည့် တောဆင်ရိုင်း များအနက် ရ နှစ်အတွင်း ၆၉ ကောင် သတ်ဖြတ်ခံ ရကြောင်း သစ်တောဦးစီးဌာနက သိရသည်။

" ကျွန်တော်တို့ ဒီအတိုင်းသာဆက်သွားမယ်၊ ဆိုလို တာက ၂ ချက်ပါပဲ၊ အဓိကက စီမံခန့်ခွဲမှု၊ လက်ရှိ ရှိနေတဲ့စီမံခန့်ခွဲမှုက ပုံစံကိုပြောင်းမှ ရမယ်၊ ၂ အချက်က အဖွဲ့အစည်းလုပ်ငန်းတွေ ပြောင်းမှ ရမယ်၊ ကျန်တဲ့ဘက်ဂျက် ဘာညာက အလှူရှင် တွေနဲ့ဆို ရမှာပါ" ဟု ဦးမြင့်အောင်က ဆက်လက် ပြောသည်။

တောဆင်းရိုင်းများကို ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် အများဆုံးသတ်ဖြတ်ခြင်း ခံနေ ရပြီး၊ တောဆင်ရိုင်းများ စားကျက်ရှားပါးလာကြောင်း  တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းရေး မိတ်ဆွေများ အသင်းမှ မမေမိုးဝါက ပြောသည်။

"ဆင်တွေက စားကျက်ရှားပါးလာတဲ့အခါ လူတွေ ရှိတဲ့နေရာကို ဆင်းလာတယ်၊ စပါးစိုက်တဲ့အချိန် စပါးနံ့ကို အနံ့ခံပြီး လိုက်လာတော့ လူတွေနဲ့ ပိုနီး လာတော့ ဆင်တွေနဲ့လူတွေကြား ပြသနာတွေ ရှိလာတာ၊ အဲဒီလိုအခြေအနေမျိုးတွေလည်း ရှိ တယ်" ဟု မမေမိုးဝါက ပြောသည်။

ပညာပေးရာတွင် တောလိုက်မုဆိုးများအထိ ပညာပေးလှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရန် အခက်အခဲများလည်းရှိနေသည်။ ဆင်စျေးကွက်အနေနှင့် ပြည်တွင်းဝယ်လို အား နည်းပါးသော်လည်း ထိုင်း၊ တရုတ်၊ ကမ္ဘောဒီးယား စသည့်နိုင်ငံများက အများဆုံးဝယ် ယူနေ ပြီးဆင်စွယ်ထက် အရေခွံကိုပို၍ အဝယ် လိုက် ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၇ ခုနှစ်အထိ စုစုပေါင်း ၆၉ ကောင် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။ တောဆင်ရိုင်း ကောင်ရေ ၂၀၀၀ ခန့်သာ ကျန်ရှိ တော့သည်ဟု ခန့်မှန်းရပြီး ဆင်မုဆိုးများ၏ သတ်ဖြတ်ခြင်းမှ ၀ိုင်းဝန်းထိန်းသိမ်း ကာကွယ်နိုင် ရန် လိုအပ်နေသည်။

တောဆင်ရိုင်းသတ်ဖြတ်ခံနေရမှုများအား ကာကွယ် ရန် "မိုမိုတို့အတွက် ရင်တွင်းစကားသံ” လှုပ်ရှား မှုပြုလုပရန််အတွက် ဂရပ်ဖတီအနုပညာရှင် ကိုအာကာကျော် သရုပ်ဖော်ဖန်တီးထားသည့် သတင်းစာစက္ကူနှင့် ဝါးဖြင့်ယက်လုပ်ထားသော တောဆင်ရိုင်းရုပ်များကို ပြသထားပြီး၊ လက်ကမ်း စာအုပ်များဝေမျှခဲ့သည်။

အဆိုပါ အသိပညာပေးလှုပ်ရှားမှုကို တောရိုင်း တိရိစ္ဆာန်ထိန်းသိမ်းရေးမိတ်ဆွေများအသင်း အပါအဝင် အရပ်ဖက်အဖွဲ့အစည်း ၆ ခု ပူးပေါင်း ပြုလုပ်ခြင်းဖြစ်ပြီး၊ ဆင်ရုပ်များကို ၃ ရက်ကြာပြသ သွားမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly