ဒေါ်အောင်ဆန်းစုကြည်က အောင်လအန်ဆန်အား ဂုဏ်ပြုစကားပြောကြား

ဒေါ်အောင်ဆန်းစုကြည်က အောင်လအန်ဆန်အား ဂုဏ်ပြုစကားပြောကြား

 

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အောင်လအန်ဆန်ကို ဂုဏ်ပြုစကား ဆိုခဲ့ပါတယ်။

"Dear သားအောင်လ " လို့ အစချီကာ အောင်ပွဲအတွက်ဝမ်းသာဂုဏ်ယူကြောင်း နိုဝင်ဘာလ ၃ ရက်ရက်စွဲနဲ့ အန်တီဒေါ်အောင်ဆန်းစုကြည်လို့  ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

အဲဒီအပေါ် အောင်လအန်ဆန်က ဝမ်းသာဂုဏ်ယူကြောင်း ယနေ့ သူ့လူမှုကွန်ယက်မှတဆင့် ပြောခဲ့ပါတယ်။

" အန်တီဒေါ်အောင်ဆန်းစုကြည်က ကျွန်တော့်ကို ဝမ်းမြောက်ကြောင်း ဂုဏ်ပြုလွှာပေးပို့လို့ အတိုင်းမသိ ဝမ်းသာဂုဏ်ယူရပါတယ်ဗျာ" လို့ အောင်လအန်ဆန်ကပြောပါတယ်။

ဒါ့အပြင် ပရိသတ်ကြီးကိုလည်း မေ့မထားပါဘူး။ " ကျွန်တော်အနိုင်ရရှိသွားတာကလည်း ပရိသတ်တွေရဲ့ အားပေးဆုတောင်းမှုတွေကြောင့်ပါပဲ။
ကျွန်တော်ဆက်လက်ပြီး ကြိုးစားသွားမယ်ဆိုတာကိုလည်း ပရိသတ်ကြီးအားလုံးကို ကတိပေးပါတယ်ဗျာ" လို့ အောင်လအန်ဆန်က ရေးသားထားပါတယ်။

၂ ချီအတွင်းအနိုင်ယူမည်ဟု ကြွေးကြော်ထားသည့် မြန်မာ့စပါးကြီးမြွေ၊ အောင်လအန်ဆန်က ပွဲစပြီး ၊  ၁ ချီမပြီးသေးမီ ပြိုင်ဘက်ဖြစ်တဲ့ Alain Ngalani (ကျားသစ်နက်)ကို အနိုင်ရခဲ့ခြင်း ဖြစ်ပါတယ်။

ယခုအခါ MMA မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန်းက မြန်မာ့မြေတွင် ၄ပွဲဆက်တိုက် အနိုင်ရရှိခဲ့ပြီဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly