ဆယ့်တစ်ရက်တာ အာရှခရီးစဉ် မစတင်မီ ဒေါ်နယ်ထရမ့် ဟာဝိုင်ယီသို့ ဦးစွာရောက်ရှိ

ဆယ့်တစ်ရက်တာ အာရှခရီးစဉ် မစတင်မီ ဒေါ်နယ်ထရမ့် ဟာဝိုင်ယီသို့ ဦးစွာရောက်ရှိ

 

ဟာဝိုင်ယီ၊ နိုဝင်ဘာ ၄ ။                 ။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် သီတင်းနှစ်ပတ်တာမျှသော အာရှခရီးစဉ်အကြိုတွင် ဟာဝိုင်ယီသို့ ဦးစွာရောက်ရှိသည်။

ဟာဝိုင်ယီတွင် အမေရိကန် ပစိဖိတ် စစ်တိုင််း ဌာနချုပ်သို့ သွားရောက်ကာ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

ယင်းနောက်တွင် သမ္မတ ထရမ့်က ဆယ့်တစ်ရက်တာ အာရှခရီးစဉ်ကို ထွက်ခွာမည်ဖြစ်သည်။

အဆိုပါ ခရီးစဉ်တွင် ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံများသို့ သွားရောက်မည်ဖြစ်ကာ နှစ်အစိတ်အတွင်း အမေရိကန် သမ္မတတစ်ဦး၏ အရှည်ကြာဆုံး အာရှခရီးစဉ်လည်း ဖြစ်မည်။

ယခု ခရီးစဉ်သည် နျူကလီးယား စီမံကိန်းများနှင့် ဒုံးကျည်စမ်းသပ်မှုကြောင့် မြောက်ကိုရီးယားအရေး တင်းမာမှုများ အရှိန်မြင့်နေစဉ် ထွက်ပေါ်လာခြင်းပဲ ဖြစ်သည်။

ထရမ့်အနေဖြင့် တောင်ကိုရီးယားနှင့် ဂျပန်တို့နှင့် အမေရိကန်၏ ညီညွတ်အားကို ပြသဖွယ်ရှိကာ ပြံုယမ်းအပေါ် ခပ်တင်းတင်း ဆက်ဆံရေးအတွက် တရုတ်အား ဖိအားပေးသွားဖွယ်ရှိသည်။

ဟာဝိုင်ယီတွင် ရှိစဉ် ၁၉၄၁ ခုနှစ်အတွင်းက အမေရိကန်ကို ဒုတိယကမ္ဘာစစ်အတွင်း ဆွဲသွင်းခဲ့သော ဂျပန်၏ ပုလဲဆိပ်ကမ်း တိုက်ခိုက်မှုမှ USS Arizona Memorial အထိမ်းအမှတ်နေရာသို့ သွားရောက်လည်ပတ်မည်လည်း ဖြစ်သည်။

ဟာဝိုင်ယီမှ ထွက်ခွာချိန်တွင် သမ္မတ ထရမ့်သည် ဇနီးသည် မယ်လာနီယာထရမ့်နှင့်အတူ ဦးစွာ ဂျပန်သို့ သွားရောက်ပြီး ယင်းနောက်တွင် တောင်ကိုရီးယားသို့ သွားရောက်မည်ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly