ချောမွေ့လှပတဲ့ ခြေတံလေးတွေ ပိုင်ဆိုင်နိုင်ဖို့ အိမ်သုံးနည်းလမ်းများ

ချောမွေ့လှပတဲ့ ခြေတံလေးတွေ ပိုင်ဆိုင်နိုင်ဖို့ အိမ်သုံးနည်းလမ်းများ

ရေးသားသူ Dr . Phyu Mon Latt 
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. K Zin Thwe.

ဘီကီနီ ဝတ်တဲ့အခါ (သို့) စကတ်အတို ဝတ်တဲ့အခါ လှပတာကြောင့် ချောမွေ့တဲ့ ခြေထောက်တွေဟာ အမျိုးသမီးတိုင်း လိုချင်တဲ့ အရာပဲဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ သင့်ခြေထောက်တွေကို ဘယ်လို ချောမွေ့တောက်ပစေမယ့် အိမ်မှာပြုလုပ်နိုင်တဲ့ နည်းလမ်းတွေကို ဖေါ်ပြပေးလိုက်ပါတယ်။

သံလွင်ဆီ

သံလွင်ဆီဟာ အရေပြားအတွက် အလွန်ကောင်းမွန်ပြီး သူ့မှာ ဗီတာမင် အီး၊ အေ၊ သတ္တုဓါတ်တွေနဲ့ သဘာဝဖက်တီးအက်ဆစ်တွေ ပါဝင်ပါတယ်။ သင့်အရေပြားဟာ ထိခိုက်လွယ်ရင်တောင်မှ သံလွင်ဆီကို အသုံးပြုနိုင်ပါတယ်။ သံလွင်ဆီမှာ အသက်ကြီးရင့်မှုကို တားမြစ်ပေးတဲ့ အစွမ်းရှိပြီး ဓါတ်တိုးဆန့်ကျင်အာနိသင် တွေ ပါဝင်တာကြောင့် အရေပြား အိုမင်းမှု၊ အရေးအကြောင်း ဖြစ်ပေါ်မှုတွေကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့ပြင် သံလွင်ဆီဟာ ရေဓါတ်ကိုဖြည့့်တင်းပေးပြီး အရေပြားကို နုပျိုစေကာ သူ့ရဲ့ ကျံု့ဆန့်နိုင်စွမ်းနဲ့ ပျော့ပြောင်းနူးညံ့မှုကို ထိန်းသိမ်းပေးပါတယ်။
ညအိပ်ရာမဝင်ခင်မှာ သံလွင်ဆီကို အရေပြားပေါ် လိမ်းပေးနိုင်ပါတယ်။ ပိုကောင်းတဲ့ ရလဒ်တွေ ရချင်ရင်တော့ သံလွင်ဆီကို အသုံးမပြုခင် အပူပေးပြီး လိမ်းချင်တဲ့နေရာကို စက်ဝိုင်းပုံသဏ္ဍာန်လိမ်းပြီး နှိပ်နယ်ပေးရင် ကောင်းတဲ့ဓါတ်တွေအကုန်လုံးဟာ အရေပြားထဲ စိမ့်ဝင်သွားမှာ ဖြစ်ပါတယ်။ မနက်ပိုင်းမှာတော့ သင့်ခြေထောက်တွေဟာ ဝင်းလက်ချောမွေ့နေတာကို အံ့သြစွာတွေ့မြင်ရမှာဖြစ်ပါတယ်။

အုတ်ဂျံု (oatmeal) နဲ့ နွားနို့ အစိမ်း

အုတ််ဂျံုဟာ အရေပြားအတွက်အသုံးဝင်ပြီး ထိခိုက်လွယ်တဲ့ အရေပြားတွေအတွက်လည်း အသုံးပြုနိုင်ပါတယ်။ သူ့မှာ ရေဓါတ်ဖြည့်ပေးတဲ့၊ အရောင်ကျစေတဲ့ ဂုဏ်သတ္တိရှိပြီး ဓါတ်တိုးဆန့်ကျင်အာနိသင် ပါဝင်ကာ ယားယံမှုကို လျော့ကျစေတာကြောင့် နှင်းခူနာရှိတဲ့သူတွေနဲ့ ဓါတ်မတည့်မှုဖြစ်တတ်တဲ့သူတွေမှာပါ အသုံးပြုနိုင်ပါတယ်။
အုတ်ဂျံု ကို နွားနို့နဲ့ရောပြီး ကောင်းမွန်တဲ့ အရောရည်တစ်ခု ပြုလုပ်နိုင်ပါတယ်။ နွားနို့မှာ အရေပြားရဲ့ pH ကို ထိန်းသိမ်းပေးတဲ့အဆီဓါတ်နဲ့ ရေဓါတ်ထိန်းသိမ်းပေးမှု ပါဝင်ပြီး အုတ်ဂျံု မှာတော့ အာဟာရဓါတ်နဲ့ သန့်စင်စေတဲ့ ဂုဏ်သတ္တိတွေ ပါဝင်ပါတယ်။ ခြေထောက်ပေါ်ကို လိမ်းပြီး စက်ဝိုင်းပုံနှိပ်နယ်ပေးကာ သဘာဝအတိုင်း အခြောက်ခံနိုင်ပါတယ်။ ၁၅-၂၀ မိနစ်လောက်ကြာရင် ရေနဲ့ ဆေးကြောနိုင်ပါတယ်။

သံပုရာရည်

• သံပုရာရည် စားပွဲတင်ဇွန်း နှစ်ဇွန်းနဲ့ အဖြူရောင်သကြား စားပွဲတင်ဇွန်းတစ်ဇွန်းရောပေးပြီး ဒီအရောဟာ ဒူး (သို့) အခြားအရောင်ရှိတဲ့ ခြေထောက်အစိတ်အပိုင်းမှာ အသုံးပြုနိုင်ပါတယ်။ ပွတ်တိုင်းပြီး ၁၀ မိနစ်လောက်ထားပါ။ ပြီးရင်တော့ ရေနဲ့ ဆေးချနိုင်ပါတယ်။ အကောင်းဆုံးရလဒ်ရရှိဖို့ ဒီနည်းကို တစ်ပတ်တစ်ခါ အသုံးပြုနိုင်ပါတယ်။
• သံပုရာရည် စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ အုန်းဆီ စားပွဲတင်ဇွန်းတစ်ဇွန်းရောပြီး ချေးချွတ်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ ဒူးကို ၁၅ မိနစ်လောက်ပွတ်ပေးပြီး ရေနွေးနဲ့ ဆေးချသင့်ပါတယ်။

ပျားရည်

သင့်အရေပြားကို ချောမွေ့ပြီး ရေဓါတ်ပြည့်ဝနေစေဖို့ ပျားရည်ကို ပေါင်းတင်ကပ်ခွာအနေနဲ့ အသုံးပြုနိုင်ပါတယ်။ ပျားရည်ဟာ ရေဓါတ်ထိန်းသိမ်းပေးရုံတင်မက ဘက်တီးရီးယားတွေနဲ့ ရောဂါပိုးတွေကို ထိရောက်စွာ တိုက်ဖျက်နိုင်ပါတယ်။
• သင့်အရေပြားပေါ်ကို ပျားရည်ကို လိမ်းပြီး သဘာဝအတိုင်း အခြောက်ခံကာ မျက်နှာကို ရေနွေးနဲ့ ပြန်ဆေးချသင့်ပါတယ်။ ဒီနည်းကို နေ့စဉ်(သို့) နှစ်ရက်တစ်ခါ အသုံးပြုနိုင်ပါတယ်။
• နောက်တစ်နည်းကတော့ ပျားရည်ကို နွားနို့ လက်ဖက်ရည်ဇွန်းနှစ်ဇွန်း၊ ဂျံုမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ရောနိုင်ပါတယ်။ ဒီနည်းဟာလည်းအရေပြားကိုတောက်ပစေပါတယ်။

အထက်ဖေါ်ပြပါနည်းတွေကို မကြာခဏအသုံးပြုခြင်းဟာ ခြေထောက်တွေကို ချောမွေ့လှပစေပါတယ်။ ဓါတ်မတည့်မှုနဲ့ပတ်သက်ပြီး စိုးရိမ်စိတ်ရှိနေတယ်ဆိုရင် ဆရာဝန် (သို့) အရေပြားအထူးကု ဆရာဝန်ကို ဆက်သွယ်ပြီး အကြံဉာဏ်တောင်းခံသင့်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly