တတိယဆုရရှိခဲ့တဲ့ မြန်မာဖူဆယ်အသင်း ၂၀၁၈ အာရှဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရ

တတိယဆုရရှိခဲ့တဲ့ မြန်မာဖူဆယ်အသင်း ၂၀၁၈ အာရှဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရ
(ဓာတ်ပုံ - MFF)

အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းဟာ ၂၀၁၇ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ကာ တတိယဆုရရှိခဲ့တဲ့အတွက် ၂၀၁၈ အာရှဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ကြောင်း သိရှိရပါတယ်။ 

မြန်မာအသင်းဟာ ဖူဆယ်သမိုင်းတစ်လျောက် အာရှအဆင့်သို့ ပထမဆုံးအကြိမ်တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

မြန်မာဖူဆယ်အသင်းဟာ တတိယနေရာလုပွဲမှာ အိမ်ရှင် ဗီယက်နမ်အသင်းကို အနိုင်ရရှိခဲ့ပြီး တတိယဆုရရှိခဲ့တဲ့အပြင် ပြိုင်ပွဲတစ်လျှောက် အသန့်ရှင်းဆုံးအသင်းအဖြစ် ဆုချီးမြှင့်ခြင်းခံခဲ့ရပါတယ်။

အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ထိုင်းအသင်းမှ ရရှိခဲ့ပြီး ဒုတိယဆုကို မလေးရှားအသင်း၊ တတိယဆုကို မြန်မာအသင်းတို့မှ အသီးသီးရရှိခဲ့ပါတယ်။

Ref; MFF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly