ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေအတွက် မျက်နှာသစ်ဆေး ဘယ်လိုရွေးမလဲ

ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေအတွက် မျက်နှာသစ်ဆေး ဘယ်လိုရွေးမလဲ

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အသားအရေထိန်းသိမ်းမှုက လှပမှုအတွက်အရေးပါတဲ့အချက်တစ်ခုပါ။ အသားဖြူဝင်းလှပနေမယ်ဆိုရင် ကိုယ့်ကိုကိုယ် ယုံကြည်မှုတိုးစေမှာအမှန်ပါပဲ။ အသားအရေထိန်းသိမ်းတယ်ဆိုတဲ့နေရာမှာလည်း ကိုယ့်အသားအရေနဲ့လိုက်ဖက်တဲ့ အသားအရေထိန်းသိမ်းမှုနည်းလမ်းတွေကို ရွေးချယ်မိဖို့လိုပါတယ်။ မိမိအသားအရေနဲ့လိုက်ဖက်မယ့် အသားအရေထိန်းသိမ်းမှုလုပ်ဖို့ဆိုရင် အဓိကအကျဆုံးက ကိုယ်ဟာဘယ်လိုအသားအရေပိုင်ရှင်မျိုးလဲဆိုတာကို သိဖို့ပါပဲ။ အသားအရေအမျိုးအစားကိုလိုက်ပြီး ထုတ်လုပ်တဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေရဲ့ပါဝင်ပစ္စည်းတွေက ကွဲပြားပါတယ်။

အသားအရေအမျိုးအစားကို အကြမ်းဖျင်းအနေနဲ့

  • ခြောက်သွေ့တဲ့အသားအရေ
  • အဆီပြန်တဲ့ အသားအရေ
  • ပုံမှန်အသားအရေ
  • တုံ့ပြန်လွယ်တဲ့အသားအရေ (sensitive skin) နဲ့
  • ပေါင်းစပ်အသားအရေဆိုပြီး ခွဲခြားသတ်မှတ်ထားပါတယ်။ အသားအရေအမျိုးအစားကို သေသေချာချာသိထားတာက အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေဝယ်ယူတဲ့နေရာမှာ အထောက်အကူဖြစ်တဲ့အပြင် ဝက်ခြံတွေကို သက်သာအောင်လည်းအထောက်အပံ့ရစေမှာပါ။

မိမိကဘယ်လိုအရေပြားပိုင်ရှင်လဲဆိုတာကို ဆုံးဖြတ်ရခက်နေမယ်ဆိုရင် အခုဖော်ပြပေးမယ့် ရိုးရှင်းတဲ့ နည်းလမ်းလေးသုံးပြီး အကဲဖြတ်ကြည့်လိုက်ပါ။

  • မျက်နှာကို ညင်ညင်သာသာသစ်ပြီး ရေခြောက်အောင်သုတ်လိုက်ပါ။ ဘာမှထပ်မလူးပါနဲ့။
  • မျက်နှာသစ်ပြီး တစ်နာရီလောက်ကြာရင်မျက်နှာက မူလအခြေအနေအတိုင်းပြန်ဖြစ်သွားပါလိမ့်မယ်။ မျက်နှာကမူလအတိုင်းပြန်ဖြစ်သွားတဲ့အခါ မျက်နှာရဲ့ T-Zone နေရာဖြစ်တဲ့ နဖူးနဲ့နှာခေါင်းကို တစ်သျှူးစနဲ့ဖိသုတ်လိုက်ပါ။
  • တစ်သျှူးမှာပါတဲ့ အဆီပမာဏကိုကြညိ့ပြီး မိမကဘယ်လိုအသားအရေပိုင်ရှင်လဲဆိုတာကို ဆုံးဖြတ်လို့ရပါပြီ။

ပုံမှန်အသားအရေ- မျက်နှာအသားအရေက ချောမွေ့နေပြီး အဆီတွေနဲ့အရေပြားအဖတ်လေးတွေမကွာနေပါဘူး။

ခြောက်သွေ့တဲ့အသားအရေ – အဆီနည်းနည်းမှမရှိတဲ့အပြင် မျက်နှာအသားအရေက ခပ်တင်းတင်းဖြစ်နေပြီး အရေပြားအဖတ်လေးတွေလန်နေတတ်ပါတယ်။

အဆီပြန်တဲ့အသားအရေ- တစ်သျှူးမှာ အဆီတွေအများကြီးပေကျံလာပြီး မျက်နှာအရေပြားက ပြောင်ချော်ချော်ဖြစ်နေတဲ့အပြင် ချွေးပေါက်တွေကျယ်နေတတ်ပါတယ်။

ပေါင်းစပ်အသားအရေ – အတွေ့ရများတဲ့အသားအရေတစ်မျိုးပါ။ မျက်နှာရဲ့ T-Zone မှာ အဆီပြန်နေတတ်ပေမယ့် ကျန်နေရာတွေမှာ ခြောက်သွေ့ပြီး အရေပြားအဖတ်လေးတွေလန်နေတတ်ပါတယ်။

တု့ံပြန်လွယ်တဲ့အသားအရေ (Sensitive skin) – အရေပြားက ဓတ်မတည့်တာတစ်ခုခုနဲ့ထိတွေ့တာနဲ့ နီမြန်းပြီး စပ်ဖျဉ်းဖျဉ်းဖြစ်လာတတ်ပါတယ်။ Sensitive Skin ပိုင်ရှင်တွေအနေနဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေကို အထူးသတိထားရွေးချယ်ဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ ရွေးချယ်မှုမှားသွားတာနဲ့ ဆိုးကျိုးတွေတသီကြီးနဲ့ ဆက်လက်ကြံုတွေ့ရမှာဖြစ်ပြီး နောက်ဆက်တွဲပြုပြင်ထိန်းသိမ်းမှုတွေအများကြီးဆက်လုပ်ရပါတယ်။ ဒီလို  Sensitive Skin ပိုင်ရှင်တွေအနေနဲ့ အရေပြားထိခိုက်မှုမရှိဘဲ အသားအရေလှပစေဖို့ဆိုရင် တုံ့ပြန်လွယ်ပြီး ၀က်ခြံရှိတဲ့ အသားရေတွေအတွက် အထူးစီမံထုတ်လုပ်ထားတဲ့ Garnier Pure Active Matcha Deep Clean Foam လိုမျိုး ဓာတုပစ္စည်းနဲ့ အရက်ပျံတို့မပါ၀င်တဲ့ ဆေးဖက်ဝင်သဘာဝ matcha လက်ဖက်စိမ်းကိုအခြေခံပြီးထုတ်ထားတဲ့ မျက်နှာသစ်ဆေးမျိုးကိုရွေးချယ်အသုံးပြုပေးလို့ရပါတယ်။

မျက်နှာအရေပြားပေါ်မှာ အဖြစ်အများဆုံး အသားအရေပြဿနာက ဝက်ခြံဖြစ်တာပါပဲ။ ဝက်ခြံဖြစ်တဲ့သူတွေအနေနဲ့ကတော့ ဝက်ခြံသက်သာစေဖို့အဓိက ထုတ်ထားတဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေကို ရွေးချယ်ဝယ်ယူဖို့လိုအပ်ပါလိမ့်မယ်။ ဝက်ခြံသက်သာစေဖို့ု ထုတ်ထားတဲ့အလှကုန်တော်တော်များများမှာ ဝက်ခြံတွေကို သက်သာစေပြီး အသားအရေကို ကောင်းမွန်စေတဲ့ ပစ္စည်းတွေကိုအဓိကထည့်သွင်းထုတ်လုပ်ထားလေ့ရှိပါတယ်။ ဝက်ခြံကိုသက်သာစေတဲ့ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေထဲမှာ benzoyl peroxide နဲ့ salicylic acid လိုမျိုးအရာတွေကို ထည့်သွင်းထုတ်လုပ်ထားပါတယ်။ benzoyl peroxide ကအရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးတာ၊ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သုတ်သင်ပေးတာမျိုးတွေအတွက် အထောက်အကူပြုပါတယ်။ salicylic acid ကတော့ မွှေးညှင်းပေါက်တွေထဲမှာ ပိတ်ဆို့နေတဲ့အဆီတွေနဲ့ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး ရောင်ရမ်းတာနဲ့ နီမြန်းတာတွေကို သက်သာစေပါတယ်။

မျက်နှာကိုဆပ်ပြာနဲ့သစ်တယ်၊ရေဆေးချတယ်၊မျက်နှာရေသုတ်တာကတော့ လူတိုင်းလုပ်နေကျ တစ်ကိုယ်ရည်သန့်ရှင်းရေး နည်းလမ်းတစ်ရပ်ပါ။ ဝက်ခြံရှိသူတွေကတော့ ဒီသမာရိုးကျလမ်းစဉ်အတိုင်းလုပ်လို့မရပါဘူး။ အချိန်နည်းနည်းပိုပေးပြီး ပုံမှန်ထက် ပိုဂရုစိုက်ပေးမှ ဝက်ခြံတွေကိုသက်သာစေနိုင်မှာဖြစ်ပါတယ်။

သင်ကဝက်ခြံထွက်လွယ်တဲ့ အသားအရေပိုင်ရှင်မျိုးဖြစ်မယ်ဆိုရင် မှန်ကန်တဲ့ မျက်နှာသစ်ဆေးကိုရွေးချယ်ဝယ်ယူဖို့က အရေးကြီးပါတယ်။ မိမိအသားအရေနဲ့ကိုက်မယ့် မျက်နှာသစ်ဆေးကိုရွေးချယ်ဝယ်ယူမှသာ မျက်နှာအရေပြားပေါ်က ဘက်တီးရီးယားတွေကို သုတ်သင်ပေးနိုင်မှာဖြစ်တဲ့အပြင် မွှေးညှင်းပေါက်လေးတွေထဲက အဆီတွေနဲ့ အညစ်အကြေးတွေကို သန့်စင်စေမှာဖြစ်ပါတယ်။ မျက်နှာကို အဲဒီလို အသေအချာ အချိန်ပေးသစ်မှ မျက်နှာပေါ်က ဆဲလ်သေတွေနဲ့ ဘက်တီးရီးယားပိုးတွေကို ဖယ်ရှားပေးနိုင်မှာဖြစ်ပြီး ဝက်ခြံအတွက်လိမ်းပေးရတဲ့ ဆေးတွေကို အရေပြားကပိုမိုစုပ်ယူနိုင်အောင်လည်း အထောက်အကူပြုပေးမှာပါ။

ဝက်ခြံရှိတဲ့ အသားအရေပိုင်ရှင်တွေအနေနဲ့ အပြင်းစားမျက်နှာသစ်ဆေးတွေအသုံးပြုတာမျိုးမလုပ်သင့်ပါဘူး။ အပြင်းစားမျက်နှာသစ်ဆေးတွေက အရေပြားကို နီမြန်း၊နာကျင်စေနိုင်တဲ့အပြင် ရှိနေတဲ့ ဝက်ခြံတွေကို ပိုဆိုးသွားစေပါတယ်။ Garnier Pure Active Acne & Oil Clearing Foam လိုမျိုး Salicylic acid နဲ့ ဘလူးဘယ်ရီ အဆီအနှစ်ကို အခြေခံပြီးထုတ်ထားတဲ့ မျက်နှာသစ်ဆေးတွေကို အသုံးပြုပေးလို့ရပါတယ်။

မသေချာရင်မိမိရဲ့အရေပြားဆရာဝန်နဲ့တိုင်ပင်ပြီး ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေနဲ့ကိုက်ညီမယ့် မျက်နှာသစ်ဆေးကို ဘယ်လိုရွေးချယ်ဝယ်ယူရမလဲဆိုတာကို တိုင်ပင်ကြည့်ပါ။ ဝက်ခြံထွက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် မှန်ကန်တဲ့ မျက်နှာသစ်ဆေးရွေးချယ်ဝယ်ယူတဲ့နေရာမှာ အသုံးဝင်နိုင်မယ့် အချက်အချို့ကို မျှဝေပေးလိုက်ပါတယ်။

မျက်နှာသစ်ဆေးဝယ်ယူတဲ့နေရာမှာဈေးနှုန်းက အရေးမပါလှပါဘူး။ ထိရောက်မှုရှိဖို့ကသာ အဓိကကျတာပါ။ မျက်နှာသစ်ဆေးအချို့က အရေပြားကို ခြောက်သွေ့နီမြန်းစေနိုင်တဲ့  alkaline pH ကိုအခြေခံပြီးထုတ်လုပ်ထားတာဖြစ်ပါတယ်။

ဝက်ခြံထွက်လွယ်သူတွေအနေနဲ့ မျက်နှာသစ်ဆေးဝယ်ယူတော့မယ်ဆိုရင်-

  • သိပ်မပြင်းဘဲ အယ်လ်ကိုဟောမပါဝင်တာမျိုးကို ရွေးချယ်ပါ။
  • အရေပြားဆရာဝန်နဲ့အရင်တိုင်ပင်ကြည့်ပါ။ မိမိအသားအရေအမျိုးအစားနဲ့ကိုက်မယ့် မျက်နှာသစ်ဆေးကိုရွေးချယ်ဝယ်ယူပေးပါ။
  • အချို့ ဝက်ခြံသက်သာစေတဲ့ မျက်နှာသစ်ဆေးတွေနဲ့ မျက်နှာတိုက်ဆပ်ပြာတွေမှာ ဝက်ခြံကို သက်သာစေပြီး မျက်နှာအသားအရေကို ကောင်းမွန်စေတဲ့ အရာတွေပါဝင်နေတတ်ပါတယ်။ များသောအားဖြင့် ဝက်ခြံတွေကို သက်သာစေပြီး အရေပြားကို ကောင်းမွန်စေနိုင်တဲ့ salicylic acid၊ sodium sulfacetamide နဲ့ benzoyl peroxide တို့ပါဝင်နေတတ်ပါတယ်။ Benzoyl peroxide ကအရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပါတယ်။ Salicylic acid ကမွှေးညှင်းပေါက်တွေကို သန့်စင်စေပြီး ဝက်ခြံကြောင့် နီမြန်းရောင်ရမ်းတာကို သက်သာစေပါတယ်။ Sodium sulfacetamide ကတော့ ဘက်တီးရီးယားတွေ ထပ်မံမပေါက်ဖွားနိုင်အောင် ဟန့်တားပေးပါတယ်။
  • အရေပြားကိုရေဓာတ်ပြည့်ဝအောင်ထားပါ။ သဘာဝပစ္စည်းတွေကနေ အခြေခံပြီးထုတ်ထားတဲ့ မျက်နှာသစ်ဆပ်ပြာမျိုးကိုရွေးချယ်အသုံးပြုပေးပါ။ အစိုဓာတ်ထိန်းပေးနိုင်မယ့် ခရင်ခ်မျိုးလိမ်းပေးလို့လည်းရပါတယ်။

ဝက်ခြံတွေကို သက်သာအောင်ခရင်မ်တစ်မျိုးမျိုးလိမ်းချင်တယ်ဆိုရင်တော့ အရေပြားအစိုဓာတ်ကို ထိန်းပေးပြီး အဆီပြန်တာကို သက်သာစေမယ့် Garnier Pure Active Anti-Acne White Cream လိုမျိုး ဝက်ခြံနဲ့ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကို သက်သာစေနိုင်မယ့် ခရင်မ်တစ်မျိုးမျိုးလိမ်းပေးလို့ရပါတယ်။

ဝက်ခြံထွက်လွယ်တဲ့အသားအရေပိုင်ရှင်တွေအနေနဲ့ မနက်တစ်ကြိမ် ၊အိပ်ရာဝင်ခါနီးတစ်ကြိမ်မျက်နှာသစ်ပေးရုံနဲ့လုံလောက်ပါတယ်။ မျက်နှာသစ်တဲ့အခါ မျက်နှာသစ်ဆေးကို လက်ညှိုးထိပ်လေးနဲ့ယူပြီး မျက်နှာပေါ်မှာ ညင်ညင်သာသာပွတ်ပေးပါ။ သွေးလည်ပတ်မှုကောင်းစေဖို့ မျက်နှာကို လက်ချောင်းလေးတွေအသုံးပြုပြီး စက်ဝန်းသဏ္ဍန်နှိပ်ပေးပါ။ ခဏလောက်ထားပြီး ရေခပ်နွေးနွေးလေးနဲ့ ဆေးချပေးလိုက်ပါ။ အရေပြားကိုကြမ်းကြမ်းတမ်းတမ်းပွတ်တိုက်တာမျိုးမလုပ်ပါနဲ့။ ဝက်ခြံရှိတဲ့အသားအရေပိုင်ရှင်တွေအနေနဲ့ နေရောင်နဲ့ထိတွေ့ရနိုင်တဲ့အနေအထားမျိုးမှာလည်း UVA နဲ့ UVB ဒဏ်ကနေကာကွယ်ပေးနိုင်မယ့် Garnier Pure ActiVe Anti-Acne White Cream လိုမျိုး နေလောင်ဒဏ်ကိုကာကွယ်ပေးပြီး ဝက်ခြံတွေကို သက်သာစေတဲ့ ခရင်မ်တစ်မျိုးမျိုးလူးပေးသင့်ပါတယ်။ နေရောင်နဲ့တိုက်ရိုက်ထိတွေ့တာမျိုးမလုပ်ပါနဲ့။ နေရောင်အောင်ထွက်တဲ့ အခါ ထီးတွေ ဦးထုပ်တွေဆောင်းသွားဖို့လည်း သတိရပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly