မင်းလှမြို့တွင် ရိုးရာလှေပြိုင်ပွဲနှင့်ရှင်ဥပဂုတ္တအရှင်မြတ်အား ဆီမီး၁၅၀၀ပူဇော်ပွဲကျင်းပ

မင်းလှမြို့တွင် ရိုးရာလှေပြိုင်ပွဲနှင့်ရှင်ဥပဂုတ္တအရှင်မြတ်အား ဆီမီး၁၅၀၀ပူဇော်ပွဲကျင်းပ
ဓာတ်ပုံ-တင်ရွှေ(မဇ္ဈိမ)

မကွေး၊ နိုဝင်ဘာ ၃ ။               ။ မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့တွင် ယ နေ့ နိုဝင်ဘာ၂ ရက် နံနက်ပိုင်းက တန်ဆောင်တိုင်ပွဲ အထိမ်းမှတ် မြန်မာ့ရိုးရာ လှေပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လှေလှော်ပြိုင်ပွဲသို့ ပြိုင်ပွဲဝင်အမျိုးသား ၁၁ သင်းနှင့်အမျိုးသမီး ၂ သင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

တန်ဆောင်မုန်း လပြည့်နေ့ဖြစ်သည့် နိုဝင်ဘာ၃ ရက်နေ့ ညပိုင်းတွင် ရှင်ဥပဂုတ္တအရှင်သူမြတ်အား ရည်မှန်း၍ ဆီမီး၁၅၀၀ ပူဇော်ပွဲကို ဧရာဝတီမြစ်အတွင်း ကျင်းပသွားမည်ဖြစ်ပြီး မြန်မာ့ရိုးရာလှေပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဆယ်စုနှစ်တစ်ခုကြာ တိမ်မြှုပ် ပျောက်ကွယ်နေသည့် မြန်မာရိုးရာ အစဉ်အလာကို ပြန်လည်ဖော်ထုတ် အသက်သွင်းခြင်းဖြစ်ပြီး နောင်လာမည့် နှစ်များမှာလည်း ရိုးရာမပျောက်ပျက်အောင် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည် ဖော်သင့်ကြောင်း အဆိုပါပွဲကိုဦးဆောင်ကျင်းပသူမင်းလှမြို့ အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးသိန်းစိန်က ပြောသည်။

အဆိုပါမီးမျှောပူဇော်ပွဲနှင့် လှေပြိုင်ပွဲအား နိုဝင်ဘာလ၂ရက်နေ့တွင်် ဖွင့်ပွဲကျင်းပပြီး လှေလှော်ပြိုင်ပွဲများစတင်ကာ တန်ဆောင်မုန်းလပြည့်နေ့တွင် လှေပြိုင်ပွဲများ ပြီးဆုံးသည်နှင့် အသင့်ပြုလုပ်ထားသော ဖောင်များနှင့် အကအခုန်များဖြင့် မီးမျှောပူဇော်ရန်အတွက် စီရင်ထားသည်များကို တင်ဆောင်ကာ ပြိုင်ပွဲဝင်လှေများနှင့် ရွာတော်ကျေးရွာ အထက်ဖက် မြစ်ပြင်အထက်မှ ဆီမီး၁၅၀၀အားထွန်းညှိကာ မျှောချပူဇော်ကြမည်ဟု သိရသည်။

လှေပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့်မှာ အနိုင်အရှံူးထက် ပြိုင်ပွဲဝင်များ အား တက်စေရန် ရည်ရွယ်ချက်ဖြင့် ရှံူးနိမ့သည့်လှေပြိုင်ပွဲဝင်များကို နှစ်သိမ့်ဆုပေးအပ်မည်ဖြစ်ပြီး ဆုမရမရှိ လှေပြိုင်ပွဲဖြစ်ကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly