ကန်ဗဟိုဘဏ် ဥက္ကဌအဖြစ် အုပ်ချုပ်ရေးဘုတ်အဖွဲ့အား ထရမ့်က အမည်စာရင်းပေးသွင်း

ကန်ဗဟိုဘဏ် ဥက္ကဌအဖြစ် အုပ်ချုပ်ရေးဘုတ်အဖွဲ့အား ထရမ့်က အမည်စာရင်းပေးသွင်း

 

ဝါရှင်တန်၊ နိုဝင်ဘာ ၃ ။              ။ အမေရိကန် ဗဟိုဘဏ်၏ ဥက္ကဌသစ်အဖြစ် ဂျာရုမ်းပိုဝဲလ်အား သမ္မတ ဒေါ်နယ်ထရမ့်က နိုဝင်ဘာ ၂ ရက်တွင် အမည်စာရင်း တင်သွင်းခဲ့သည်။

၂၀၁၂ ခုနှစ်က စကာ ဗဟိုဘဏ် အုပ်ချုပ်ရေး ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သူဂျာရုမ်းပိုဝဲလ်အား ဥက္ကဌအဖြစ် အမည်စာရင် တင်သွင်းမှုသည် ဆီးနိတ်လွှတ်တော်တွင် ဆန့်ကျင်အတိုက်အခံပြုမှုနှင့် ရင်ဆိုင်ရမှု နည်းနိုင်သည်။

“သူ့ရဲ့ မှတ်တမ်းကို အခြေခံပြီး ကျွန်တော် သူ့အပေါ် ယုံကြည်တယ်။ ဂျာရုမ်းဟာ ပညာရှိတစ်ယောက်ဖြစ်ပြီး ကျွန်တော်တို့ စီးပွားရေးကို ခေါင်းဆောင်သူလည်း ဖြစ်တယ်။”ဟု အိမ်ဖြူတော်   နှင်းဆီဥယျာဉ်တွင် ဂျာရုမ်းနှင့်အတူ ယှဉ်လျှက် ထရမ့်က ၎င်း၏ ဆုံးဖြတ်ချက်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။

“ဂျာရုမ်းဟာ သူယုံကြည်ထားရာ ငွေကြေးမူဝါဒနဲ့ ဘဏ္ဍာရေးပေါ်လစီတွေကို တည်ဆောက်နိုင်မယ့် သက်သေပြနိုင်သူလည်းပဲ ဖြစ်တယ်။”ဟု ထရမ့်က ပြောသည်။

လက်ရှိ တာဝန်မှ အနားယူတော့မည့် ယဲလန်အားလည်း ထရမ့်က ချီးကျုးစကားဆိုရာ “ရာထူးသက်တမ်းလေးနှစ်အတွင်း လုပ်ငန်းထဲ စူးစိုက်နှစ်မြုပ်ထားသူ ပဲဖြစ်တယ်။”ဟု ဆိုကာ “လုံးလုံး အံ့မခန်းတဲ့ အမျိုးသမီးတစ်ယောက်ပါပဲ။”ဟု ပြောဆိုလိုက်သည်။

ထရမ့်က ၎င်း၏ ရွေးကောက်ပွဲ မဲဆွယ်ကာလကမူ ၎င်းရွေးကာက်ခံရပါက ၂၀၁၈ ဖေဖော်ဝါရီတွင် ရာထူးသက်တမ်းစေ့မည့် ယဲလန့်ကို ဆက်လက်ထားရှိမည်မဟုတ်ဘဲ ထုတ်ပယ်ပစ်မည် ဖြစ်ကြောင်း ပြောထားခဲ့သော်လည်း သမ္မတဖြစ်သည့်အချိန် ယဲလန့်နှင့် တွေ့ဆုံသည့်အခါ ယဲလန်အား စိတ်တိုင်းကျ သဘောကျသည်ဟု
ပြောခဲ့ခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly