နျူကလီးယားဆန့်ကျင်ရေး ကြိုးပမ်းချက်များအတွက် ဂျော်ဒန်ဘုရင်ကြီးအား ဂုဏ်ပြုဆုချီးမြှင့်

နျူကလီးယားဆန့်ကျင်ရေး ကြိုးပမ်းချက်များအတွက် ဂျော်ဒန်ဘုရင်ကြီးအား ဂုဏ်ပြုဆုချီးမြှင့်

 

အက်စ်တာနာ၊ နို၀င်ဘာ ၂ ။             ။ ဘေးကင်းလုံခြံုပြီး ကောင်းမွန်သောကမ္ဘာကြီးတစ်ခုဖြစ်လာရန် ကြိုးပမ်းဆောင်ရွက်နေကြသူများအား အသိ အမှတ်ပြုသည့်အနေဖြင့် ဂုဏ်ပြုဆုချီးမြှင့်ရန်အတွက် ကာဇတ်သမ္မတနာဆူလ်တန်နာဇာဘာရက်ဗ်က နိုင်ငံတကာငြိမ်းချမ်းရေးဆုတစ်ခု ဖန်တီးခဲ့ပြီး ထိုဆုကို ဂျော်ဒန်ဘုရင်ကြီး အက်ဘ်းူလာ ၂ က ဗုဒ္ဓဟူးနေ့တွင် ရရှိခဲ့သည်။

“နျူးကလီးယားလက်နက်တွေကို ဆန့်ကျင်တဲ့နိုင်ငံတစ်ခုအနေနဲ့ရော နျူကလီးယားစမ်းသပ်မှုများကို ပိတ်သိမ်း ခဲ့တဲ့ နိုင်ငံတစ်ခုအနေနဲ့ ကမ္ဘာကြီးရဲ့ငြိမ်းချမ်းရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တဲ့ ဂျော်ဒန်ဘုရင်ကြီး အက်ဘ်ဒူလာကို ဆုရွေးချယ်ရေးကော်မရှင်အဖွဲ့က ဆုချီးမြှင့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်” ဟု နာဇာဘာရက်ဇ်က အခမ်းအနား၌ ပြောကြားခဲ့သည်။ ဘုရင်ကြီးအက်ဘ်ဒူလာသည် ထိုဆုကိုရရှိသည့် ပထမဦးဆုံးပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

ကာဇတ်စတန်နိုင်ငံ အက်စ်တာနာမြို့ရှိ သမ္မတအိမ်တော်၌ကျင်းပခဲ့သော အခမ်းအနားတွင် နျူကလီးယား ကင်းစင်ရေးကမ္ဘာကြီးနှင့် ကမ္ဘာကြီးဘေးကင်းလုံခြံုရေးအတွက် ကြိုးစားဆောက်ရွက်နေသည့် ဘုရင်ကြီး အက်ဘ်ဒူလာ ၂ အား ကာဇတ်ခေါင်းဆောင်က နာဆာဘေရက်ဇ်ဆုကို ချီးမြှင့်ခဲ့သည်။

အရှေ့အလယ်ပိုင်းဒေသ၌ နျူကလီးယားလက်နက်ဖယ်ရှားရေးနှင့် လုံခြံုရေးတို့အတွက် ကိုယ်တိုင်ဦးဆောင်ပြီး ဆောင်ရွက်နေသည့် ဘုရင်ကြီး၏ ငြိမ်းချမ်းရေးပဏာမခြေလှမ်းအား ဂုဏ်ပြုသည့်အနေဖြင့် အဆိုပါဆုကို ချီးမြှင့်ခြင်းလည်းဖြစ်သည်။

ဘုရင်ကြီးအက်ဘ်ဒူလာ ၂ သည် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခများနှင့် ဆီးရီးယား စစ်ပွဲတို့အား ကိုယ်တွယ်ဖြေရှင်းနိုင်မည့် နည်းလမ်းများကိုလည်း ရှာဖွေနေသူတစ်ဦးဖြစ်သည်။ ဆီးရီးယားစစ်ပွဲ အား ကိုယ်တိုင်ဖြေရှင်းနိုင်ရန် ကြိုးပမ်းခဲ့သည့်အပြင် ဆီးရီးယားဒုက္ခသည် ၁ သန်းခန့်ကို နိုင်ငံအတွင်း၌ ခိုလှုံခွင့် ပေးခဲ့သူလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly