နေပြည်တော် နှင့် ကမ္ဘောဇပွဲတွင် ဒိုင်၏ဆုံးဖြတ်ချက်ကို မကျေနပ်၍ ပွဲချိန် တစ်နာရီကျော် ရပ်နားခဲ့ရ

နေပြည်တော် နှင့် ကမ္ဘောဇပွဲတွင် ဒိုင်၏ဆုံးဖြတ်ချက်ကို မကျေနပ်၍ ပွဲချိန် တစ်နာရီကျော် ရပ်နားခဲ့ရ
ဒိုင်ဆုံးဖြတ်ချက်ကို မကျေနပ်သဖြင့် ပွဲစဉ်ခဏ ရပ်နားခဲ့ရသည့် မြင်ကွင်း။

ရန်ကုန်၊ သြဂုတ် ၁၇ ။       ။ ယခုနှစ် ၂၀၁၅ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် ၁၅ ပွဲစဉ် တစ်ပွဲအဖြစ် နေပြည်တော် ပေါင်းလောင်းကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ သည့်နေပြည်တော်အသင်းနှင့် ကမ္ဘောဇအသင်း တို့ပွဲ တွင် ပွဲချိန် ၅၁ မိနစ်၌ နေပြည်တော်အသင်းနည်းပြနှင့် တာဝန်ရှိသူများက ဒိုင်၏ဆုံးဖြတ်ချက်ကို မကျေနပ်၍ ကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ပွဲချိန်တစ်နာရီကျော် ရပ်နားခဲ့ရသည်။

ယင်းပွဲတွင် ပွဲချိန်မိနစ် ၅၀ အထိ ကမ္ဘောဇအသင်းက ၂-၁ ဖြင့် အနိုင်ရနေခဲ့ကာ ပွဲချိန် ၅၁ မိနစ်တွင် ကမ္ဘောဇကွင်းလယ်လူ ဂျော်ဂျီပေးသည့် ဘောလုံးတွင် လူကျွံအနေအထားဖြစ်နေသည့် စိုးမင်းဦးကိုစည်း ကြပ်ဒိုင်ကအလံထောင်ပြီး လူကျွံဘောပေးခဲ့သော်လည်း နောက်မှတက်လာသည့် ကျော်ဇေယျာဝင်းက ဆွဲယူကာ ဂိုးသမားနှင့် တစ်ယောက်ချင်းအတွေ့ အပိုင်ကန်သွင်းမှုကို ကွင်းလယ် ဒိုင်ကဂိုးပေးခဲ့သည့် အတွက် နေပြည်တော်အသင်းနည်းပြနှင့် တာဝန်ရှိသူများက အငြင်းပွားမှုများ ဖြစ်ပေါ်ပြီး အသင်းကစားသမားများကို ပွဲဆက်မကစားစေဘဲ ရပ်နားစေခဲ့သည်။

အဆိုပါပွဲတွင် ကွင်းလယ်ဒိုင်အဖြစ် ဦးအောင်သူက တာဝန်ယူကိုင်တွယ်ခဲ့ပြီး စည်းကြပ်ဒိုင်အဖြစ် ဦးနေမျိုးထွန်း၊ ဦးသိန်းထွန်းနှင့် ပွဲကြီးကြပ်သူအဖြစ် ဦးလှရွှေလေးတို့က တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

“ ဂိုးပေးလိုက်ရတဲ့ ဖြစ်ရပ်က ရှင်းပါတယ်။ စည်းကြပ်ဒိုင်က အလံထောင်လို့ ကစားသမားတွေ က မကစားဘဲ ရပ်နေတဲ့အချိန်မှာ ဂိုးပေးခဲ့တာပါ။ ပြီးတော့ ကျွန်တော်တို့အသင်း ပင်နယ်တီရသင့်တဲ့တွေ ကိုလည်း ငြင်းဆန်ခဲ့ပါတယ်။ ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးတော့ ဘာမှမပြောလိုတော့ ပါဘူး။ ပြည်ပဒိုင်တွေ ငှားသုံးနေရတာက သက်သေပါပဲ ” ဟု နေပြည်တော်အသင်းနည်းပြချုပ် ဦးမျိုးလှိုင် ဝင်းက ပြောသည်။

အဆိုပါပွဲတွင် ပွဲချိန်တစ်နာရီကျော် ရပ်နားခဲ့ပြီးနောက် ပွဲကြီးကြပ်သူ၊ ပြိုင်ပွဲကျင်းပရေးတာ ဝန်ခံတို့နှင့် နေပြည်တော်အသင်းတို့ တာဝန်ရှိသူတို့ ညှိနှိုင်းကာ ပွဲကို ဆက်ကစားစေခဲ့ပြီး ပွဲအပြီး၌ ကမ္ဘောဇ အသင်းက နေပြည်တော်အသင်းကို သုံးဂိုးတစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

ယင်းဖြစ်ရပ်များနှင့် ပတ်သက်၍ “ အဲဒီ့ပွဲမှာ စည်းကြပ်ဒိုင်က လူကျွံထောင်ထားပေမယ့် ကွင်းလယ်ဒိုင်က လူကျွံအနေအထား မဟုတ်တဲ့ ကျော်ဇေယျာဝင်းက ဂိုးသွင်းခဲ့လို့ ပေးခဲ့တာလို့ ဆိုပါတယ်။ ပွဲတစ်ပွဲမှာတော့ ဒိုင်ရဲ့ ဆုံးဖြတ်ချက်က အတည်ပါပဲ။ လောလောဆယ်တော့ ပွဲအစီ ရင်ခံစာတွေ၊ ကစားတဲ့ ဗီဒီယိုဖိုင်တွေကို ပြန်ကြည့်ပြီးမှ အားလုံး ဆုံးဖြတ်သွားမှာပါ ” ဟု မြန်မာနေ ရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေး ဒါရိုက်တာ ဦးစိုးမိုးကျော်က ပြောသည်။

နေပြည်တော်နှင့် ကမ္ဘောဇပွဲကို တာဝန်ယူ ကိုင်တွယ်ခဲ့သည့် ကွင်းလယ်ဒိုင်ဖြစ်သူ ဦးအောင် သူသည် ပြီးခဲ့သည့် ဧရာဝတီအသင်းနှင့် ရန်ကုန်အသင်းတို့ပွဲတွင် ကိုင်တွယ်ခဲ့ပြီး ယင်းပွဲတွင်လည်း သူ၏ ဆုံးဖြတ်ချက်အပေါ် အငြင်းပွားမှုများ ဖြစ်ပေါ်ကာ ဒိုင်ကော်မတီက သတိပေးခြင်း ခံခဲ့ရသည့် ဒိုင်တစ်ဦး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly