ခရီးသွားမယ့် အမျိုးသားတွေအတွက် မပါမဖြစ် တစ်ကိုယ်ရေသုံးပစ္စည်းများ

ခရီးသွားမယ့် အမျိုးသားတွေအတွက် မပါမဖြစ် တစ်ကိုယ်ရေသုံးပစ္စည်းများ

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ခရီးသွားတာက အပန်းဖြေခြင်းအနုပညာတစ်ရပ်ပါ။ အခုလို ပွင့်လင်းရာသီရောက်လာပြီဆိုရင် မိသားစုတွေနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ ဖြစ်ဖြစ်ခရီးသွားကြတာမျိုးတွေလုပ်ကြပါတယ်။ ပွင့်လင်းရာသီက ခရီးသွားရာသီလို့ ဆိုရင်လည်း မှားမယ်တော့မထင်ပါဘူး။ ခရီးသွားတာက အလုပ်ခွင်နဲ့ လူမှုပတ်ဝန်းကျင်ကနေရရှိတဲ့ စိတ်ဖိစီးမှု တွေကို ပြေပျောက်စေ ပါတယ်။စိတ်ပြေပျောက်အောင် သွားတဲ့ ခရီးမှာစိတ်ကသိကအောက်ဖြစ်တာမျိုးမဖြစ်ရလေအောင် ကြိုတင်ယူသွားရမယ့် ပစ္စည်းလေးတွေအကြောင်း အထုူးသဖြင့်ကတော့ အမျိုးသားတွေခရီးသွားတဲ့ အခါ ဘာတွေလိုအပ်မလဲဆိုတာလေးတွေကို ပြောပြချင်ပါတယ်။

အမျိုးသားအများစုက သူတို့ရဲ့အသားအရေကို ထိန်းသိမ်းဖို့မလိုဘူးလို့ထင်နေကြပါတယ်။ ဒါပေမယ့် အမျိုးသားတွေလည်းအသားအရေ ထိန်းသိမ်းဖို့လိုအပ်ပါတယ်။ ခရီးသွားတဲ့ အခါ သွားရောက်မယ့် ရာသီဥတုအနေအထားနဲ့ ကိုက်ညီမယ့် အသားအရေထိန်းသိမ်း ပစ္စည်းတွေကို ယူဆောင်သွားဖို့ကလည်း ခရီးသွားတဲ့အခါမှာ သတိထားရမယ့် အချက်တစ်ခုပါ။ အဓိကထားယူသွားရမယ့် အရာတွေကတော့ တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ဆိုင်တဲ့ အသုံးအဆောင်တွေပါ။

သွားတိုက်ဆေး – လူတစ်ဦးအနေနဲ့ နေ့စဉ်မနက်တစ်ကြိမ်၊ ညတစ်ကြိမ်ခံတွင်း သန့်ရှင်းဖို့လိုတာကြောင့် ခရီးသွားတဲ့အခါ မဖြစ်မနေယူသွားသင့်တဲ့ထဲမှာ သွားတိုက်ဆေးကိုလည်းမေ့ထားလို့မရပါဘူး။ သွားတိုက်ဆေးယူသွားတယ်ဆိုတဲ့နေရာမှာ အိမ်မှာသုံးသလောက် ဗူးအကြီးကြီးကို ယူသွားဖို့မဟုတ်ပါဘူး။ ခရီးဆောင်အတွက် သီးသန့်ထုတ်ထားတဲ့ သွားတိုက်ဆေးဗူးအသေးလေးဆိုလုံလောက်ပါတယ်။ သွားတိုက်ဆေးက သွားနဲ့ ခံတွင်းကို သန့်ရှင်းစေရုံမက အပူလောင်တာမျိုးအတွက်လည်း လတ်တလောအသုံးပြုလို့ရပါသေးတယ်။

ခံတွင်းသန့်ဆေး – ရေအလွယ်တကူမရရနိုင်တဲ့နေရာမျိုးမှာ ခံတွင်းသန့်စင်အောင်လုပ်ဖို့အတွက်ဆိုရင် ခံတွင်းသန့်ဆေးရည်က အဆင်ပြေဆုံးပါပဲ။ ခရီးသွားတဲ့အခါမျိုးမှာ ဆောင်သွားလို့အဆင်ပြေမယ့် အသုံးအဆောင်တစ်ခုပါပဲ။

ခေါင်းလျှော်ရည် – ခရီးသွားတဲ့အခါ ခေါင်းမှာဖုန်မှုန့် နဲ့အညစ်အကြေးတွေကပ်ညှိပြီး ခေါင်းချွေးထွက်တဲ့အခါ ဗောက်ထတာနဲ့ အခြားဦးရေပြား ပြဿနာတွေကို ကင်းဝေးစေဖို့အတွက် ခေါင်းလျှော်ရည်ကိုယူသွားဖို့လိုပါလိမ့်မယ်။

မျက်နှာသစ်ဆေး – မပါမဖြစ်ယူသွားသင့်တဲ့အရာတစ်ခုပါ။ မျက်နှာအသားအရေကောင်းမွန်ခြင်းက လူတိုင်းအတွက် အရေးပါတာ ကြောင့်ခရီးသွားတဲ့ အခါမှာ ကိုယ့် အသားအရေနဲ့လိုက်ဖက်မယ့် မျက်နှာသစ်ဆေးကို ယူဆောင်သွားဖို့မမေ့ပါနဲ့။ အလုပ်ရှုပ်မခံချင်တဲ့ ယောကျ်ားလေးတွေအကျင့်အရ ရွေးရခက်နေတယ်ဆိုရင်တော့ L’Oréal Paris ရဲ့ White Activ Volcano Red Foam ကို အကြံပြုလိုပါတယ်။ Volcanic Mineral Extract ပါဝင်လို့ အသားအရေကို နက်ရှိုင်း စွာသန့်ရှင်းပေးပြီး ချွေးပေါက်ကျဉ်းစေလို့ ဝက်ခြံသက်သာစေတဲ့ အပြင် နောက်တစ်ခါဖြစ်မလာ အောင်လည်း တားဆီး ပေးပါတယ်။

ရေချိုးဆပ်ပြာ – ရေချိုးသန့်စင်ရာမှာ အသုံးပြုဖို့ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းတစ်မျိုး ဖြစ်တဲ့ ရေချိုးဆပ်ပြာကိုလည်း ယူဆောင်သွားဖို့လိုအပ်ပါတယ်။ ဆပ်ပြာတုံးက သိမ်းဆည်းရခက်တယ်ဆိုခဲ့ရင် ရေချိုးဆပ်ပြာရည်ဗူးယူသွားလို့ရပါတယ်။

Deodorant – ကိုယ်သင်းနံ့ကောင်းမွန်စေဖို့ ချွေးနံ့ကင်းစေဖို့အတွက် Deodorant ကိုလည်း မဖြစ်မနေယူသွားဖို့ လိုအပ်ပါလိမ့်မယ်။

Toner – မျက်နှာသစ်ပြီးတဲ့အခါ မျက်နှာအသားအရေပေါ်မှာ တင်ကျန်နေနိုင်တဲ့ အညစ်အကြေးတွေကို သန့်စင်နိုင်ဖို့အတွက် တိုနာကိုလည်ယူသွားသင့်ပါသေးတယ်။ တိုနာအသုံးပြုနိုင်ဖို့အတွက် ဂွမ်းစလေးတွေကိုပါတစ်ပါတည်း ယူသွားဖို့မမေ့ပါနဲ့။

Moisturizer – မျက်နှာအသားအရေကို ရေဓာတ်ဖြည့်ပေးနိုင်ဖို့အတွက် မျက်နျာသစ်၊တိုနာလူးပြီးတဲ့ အခါတိုင်း Moisturizer သုံးပေးဖို့လည်း လိုအပ်ပါတယ်။ ခရီးသွားတဲ့အခါ အရေပြားရေဓာတ်ဆုံးရှုံးတာမျိုးမဖြစ်အောင် Moisturizer ကိုလည်း ယူဆောင်သွားပါ။

L’Oréal Paris ကထုတ်တဲ့ BB Men Instant Skin Fixer Moisturizing Gel က Brightening Beads ပါဝင်မှု ကြောင့် အသားအရေကို လငး်လက်စေကာ ၀က်ခြံ၊ အမဲစက်၊ အမာရွတ် စတဲ့အပြစ်အနာအဆာတွေကို ဖုံးအုပ်ပေးပါတယ််။ စေးကပ်မှုမရှိဘဲ  တစ်နေကုန်ရေဓာတ်ဖြည့်၍  လန်းဆန်းစေပါတယ်။

မုတ်ဆိတ်ရိတ်ခရင်မ်၊ မုတ်ဆိတ်ရိတ်ဓား – မုတ်ဆိတ်ရိတ်ရာမှာ ရိုးရိုးမုတ်ဆိတ်ရိတ်တံကို အသုံးပြုတာမျိုးရှိသလို လျှပ်စစ်မုတ်ဆိတ်ရိတ်စက်ကို အသုံးပြုတဲ့အမျိုးသားတွေလည်း ရှိပါတယ်။ ဘယ်အမျိုးအစားကိုပဲသုံးသုံး ခရီးသွားတဲ့အခါ ယူဆောင်သွားဖို့လိုအပ်မယ်ထင်ပါတယ်။ မုတ်ဆိတ်ရိတ်တံနဲ့အတူ မုတ်ဆိတ်ရိတ်ရာမှာအသုံးပြုရတဲ့ ခရင်မ်ကိုပါ ယူဆောင်သွားဖို့လိုပါလိမ့်မယ်။မုတ်ဆိတ်မရိတ်ခင် မျက်နှာကိုအရင်ဆုံးရေစွတ်ပြီးမှရိတ်တာက မုတ်ဆိတ်ရိတ်ရာမှာပိုအဆင်ပြေပါတယ်။ မုတ်ဆိတ်ရိတ်ပြီးတဲ့အခါမှာလည်း မုတ်ဆိတ်ရိတ်ရာမှာအသုံးပြုတဲ့ မုတ်ဆိတ်ရိတ်ဓားကို တဘက်နဲ့ သုတ်ပြီး အခြောက်ခံပေးပါ။

နေလောင်ခံခရင်မ် -အသားအရေကိုနေလောင်ဒဏ်ကနေကာကွယ်ဖို့အတွက်  Sunscreen တစ်မျိုးမျိုးကိုလည်း မမေ့မလျော့ထည့်သွားပါ။ နေလောင်ကာခရင်မ်ကအမျိုးသားရော အမျိုးသမီးတွေအတွက်ပါ ခရီးသွားတဲ့အခါ မပါမဖြစ်ပါသင့်တဲ့အရာတစ်ခုပါပဲ။

L’Oréal Paris ကထုတ်တဲ့ UV Perfect က  Mexoryl SX/ XLfiller ပါဝင်မှုကြောင့် နေလောင်ဒဏ်ကာကွယ်ခြင်းမှာ အမြင့်မားဆုံးစံနှုန်းရရှိထားတဲ့ နေလောင်ခံခရင်မ်ဖြစ်ပါတယ်။ လေထုထဲက ညစ်ညမ်းမှုအမှုန်တွေအားလုံး ကိုကာကွယ် တားဆီးနိုင်တဲ့ Detoxyl ကြောင့် ကာဗွန်အညစ်အကြေးတွေကြောင့် အသားအရေထိခိုက်မှာ မစိုးရိမ်ရ တော့ပါဘူး။ (UVBကာကွယ်တဲ့) SPF 50 ၊ ( UVAအတွက် ) PA++++ တို့ကြောင့်  အိုမင်းရင့်ရော်မှု နှင့် အစက်အပြောက်တွေကို ကာကွယ်ပေးပါတယ်။ 12 နာရီ ကြာရှည်ခံပြီး စေးကပ်ခြင်း မရှိ၊ အဖြူကွက်များ မဖြစ်စေတဲ့ sunscreen ဖြစ်ပါတယ်။ အလွယ်တကူ အချိန်မရွေး သုံးဖို့ အတွက်ဆိုရင်တော့ UV Perfect Aqua Essence Spray Mist လေးက အသင့်တော်ဆုံးပါ။

ခေါင်းလိမ်းဆီ ( ဂျယ်လ်)– ဆံပင်တွေပုံကျသပ်ရပ်နေစေဖို့ ခရီးဆောင်အိတ်ထဲမှာ ထည့်သင့်တဲ့ အရာတစ်ခုက ခေါင်းလိမ်းဆီ သို့ ဂျယ်လ် ပါ။  အဆီပါဝင်မှုနည်းတဲ့ ဂျယ်လ်အမျိုးအစား ခေါင်းလိမ်းဆီမျိုးက ိုရွေးချယ်ပေးပါ။ L’Oreal Paris မှာတော့ ကိုယ်လိုချင်တဲ့ အနေအထားပေါ်မူတည်ပြီး ရွေးသုံးနိုင်တဲ့ ( Normal Hold, Medium Hold, Strong Hold) ပေးမယ့် Studio Gel ၃ မျိုးရှိပါတယ်။ ဆံသားစေးကပ်မှု မရှိဘဲ စတိုင်ကျကျ လှချင်သူတွေ စိတ်ကြိုက်ဖြစ်မှာပါ။

ခရီးဆောင်အိတ်ထဲမှာ အသုံးလိုမယ့်ဆေးဝါးတွေ၊ ရာသီဥတုနဲ့ကိုက်ညီမယ့် အဝတ်အထည်တွေ၊ ဘီး၊ လက်သည်းညှပ်လိုမျိုး လိုအပ်လောက်မယ့် ပစ္စည်းတွေကိုလည်း ထည့်ပြီးယူသွားပေးတာက ပြည့်စုံပြီး ပျော်ရွှင်တဲ့ခရီးတစ်ခုကို ရရှိစေမယ်ထင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly