Vogue မဂ္ဂဇင်းမျက်နှာဖုံးအတွက် ဓာတ်ပုံရိုက်ခဲ့တဲ့ ဘီယွန်းစေး

Vogue မဂ္ဂဇင်းမျက်နှာဖုံးအတွက် ဓာတ်ပုံရိုက်ခဲ့တဲ့ ဘီယွန်းစေး

နယူးယော့ခ်၊ သြဂုတ် ၁၇ ။          ။ R&B အဆိုတော် ဘီယွန်းစေးသည် စက်တင်ဘာလထုတ်  Vogue မဂ္ဂဇင်းမျက်နှာဖုံးအတွက် ဓာတ်ပုံရိုက်ခဲ့ကြောင်းနှင့် ဘီယွန်းစေးသည်  အဆိုပါမဂ္ဂဇင်းမျက်နှာဖုံး အတွက် ဓာတ်ပုံရိုက်ခဲ့သည့် တတိယမြောက် လူမည်းအမျိုးသမီး ဖြစ်လာခဲ့သည်။

ဘီယွန်းစေးသည် ၂၀၁၀ ခုနှစ်က အမေရိကန် လူမည်းမင်းသမီး ဟေလ်လီဘာရီ၊ ၁၉၈၉ ဗြိတိန်မော်ဒယ် လူမည်းမင်းသမီး နာအိုမီကမ်ဘဲလ်တို့က Vogue မဂ္ဂဇင်းမျက်နှာဖုံးအတွက် ဓာတ်ပုံ ရိုက်ခဲ့ကြပြီး မဂ္ဂဇင်း၏ နှစ်ပေါင်း ၁၂၃ နှစ်သမိုင်းတွင် ဘီယွန်းစေးသည် မဂ္ဂဇင်းမျက်နှာဖုံးအတွက် ဓာတ်ပုံရိုက်ခံခဲ့သည့် တတိယမြောက် လူမည်းအမျိုးသမီး ဖြစ်လာခဲ့သည်။

မဂ္ဂဇင်းတွင် ဘီယွန်းစေးကို မက်ခ်ဂျာကော့ပ်အပါအဝင် ကမ္ဘာ့ထိပ်တန်း ဒီဇိုင်နာများ၏ ချီးကျူး ပြောကြားမှုများကို ဖော်ပြထားသည်။ “ ဘီယွန်းစေးဟာ အမျိုးသမီး ဖျော်ဖြေတင်ဆက်သူ အများအပြားကို အသုံးပြုတယ်။ ဒါဟာ သူတို့အတွက် နာမည်ကျော်ဖို့ အခက်အခဲတွေ ရှိတယ်။ ဒါပေမဲ့ သူ့မှာ နှစ်လို့ဖွယ်ကောင်းပြီး ချစ်စရာ ကောင်းတဲ့ အရည်အချင်းတွေရှိတယ် ”ဟု  Givenchy မှ ဖန်တီးမှု ဒါရိုက်တာ ရစ်ကာဒိုတစ်ဆီက ပြောကြားသည်။

“ ဘီယွန်းစေးဟာ လှပတယ်။ ပါးနပ်မှုရှိတယ်။ အသံအားကောင်းတဲ့ အဆိုတော် တစ်ယောက် ဖြစ်တယ်”ဟု  စတီလာမက်စ်ကာနေးက ပြောကြားသည်။ စက်တင်ဘာလထုတ် Vogue မဂ္ဂဇင်း တွင် နွေဦးနှင့် နွေရာသီဖက်ရှင်မှ ဆောင်းရာသီဖက်ရှင် ပြောင်းလဲမှုများကို ဖော်ပြသွားမည်ဖြစ်ပြီး စက်တင်ဘာလထုတ် မဂ္ဂဇင်းသည် ပုံမှန်အားဖြင့် ဖက်ရှင် ဒီဇိုင်းများ အကြောင်းရေးသားသော စာမျက်နှာများနှင့် စက်မှုလုပ်ငန်းများအကြောင်းကို ပိုမိုဖော်ပြထား သည်။ ဘီယွန်းစေးမျက်နှာဖုံး ဓာတ်ပုံဖြင့် ထုတ်ဝေမည့် စက်တင်ဘာလထုတ် Vogue မဂ္ဂဇင်းသည် သြဂုတ် ၁၅ ရက်တွင် ထွက်ရှိမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly