အရှေ့မြောက် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံစီးပွားရေး တည်ဆောက်ခြင်းဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲပြုလုပ်

အရှေ့မြောက် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံစီးပွားရေး တည်ဆောက်ခြင်းဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲပြုလုပ်

 

မန္တလေး၊ နိုဝင်ဘာ ၁ ။                    ။ အရှေ့မြောက် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံစီးပွားရေးတည်ဆောက်ခြင်းဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲ (The North East India-Myanmar Business Summit) ကို အောက်တိုဘာလ ၃၀ ရက်က မန္တလေးမြို့၊ ရွှေပြည်သာ ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အိန္ဒိယ-မြန်မာ ရင်းနှီးချစ်ကြည်မှုကို အခြေခံပြီး စီးပွားရေးတည်ဆောက်သွားမည်ဆိုသော ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်း ဖြစ်ပြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇော၊ ချင်းပြည်နယ်အစိုးရအဖွဲ့စည်ပင်သာယာရေး၊   လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်  တို့ တက်ရောက်ခဲ့သည်။

ရွှေနောင်ရမ်း ကုမ္ပဏီပိုင်ရှင် ဦးဝမ်ယုနှင့်တွေ့ဆုံမေးမြန်းစဉ်

 “ချင်းပြည်နယ်အစိုးရအနေနဲ့ နံပါတ် ၁ ဦးတည်တာကတော့ ဒေသအတွင်းမှာ ရှိတဲ့ တစ်နိုင်စီးပွားရေးလုပ်ငန်း တိုးတက်ဖို့၊ ဥပမာ ကုန်စိမ်းရောင်းတာပဲ ဖြစ်ဖြစ်ပေါ့နော် သူတို့ တစ်နိုင် ရင်းနှီးမြှုပ်နှံမှုတွေ ဆောင်ရွက်လို့ ရတာတွေကို မြှင့်တင်ဖို့ နံပါတ် ၁ ဦးစားပေးတာပေါ့။ မြန်မြန်ဆန်ဆန်လည်း လုပ်လို့ရတယ်၊ အရင်းအနှီးလည်း အများကြီးမလိုဘူး။ လူတစ်ယောက်က ရင်းနှီးနိုင်ရင် ရင်းနှီးနိုင်သလောက် အကျိုးဖြစ်ထွန်းမယ့်ကိစ္စဖြစ်တယ်” ဟု ချင်းပြည်နယ် စည်ပင်၊ စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။

အရှေ့မြောက် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံစီးပွားရေးတည်ဆောက်ခြင်းဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲ (The North East India-Myanmar Business Summit) တွင် သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍ၊ အသေးစားဘဏ္ဍာရေးကဏ္ဍ၊ ခရီးသွားလာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ လျှပ်စစ်နှင့် လျှပ်စစ်ပစ္စည်းကဏ္ဍ၊ အထည်နှင့် လက်မှုနည်းပညာကဏ္ဍ၊ တက္ကသိုလ်ပညာရေးကဏ္ဍများကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါ Summit တွင် အိန္ဒိယသံရုံး(ရန်ကုန်)၊ Consulate General of India Mandalay ၊ မန္တလေးတိုင်းဒေသ ကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း MRCCI (Mandalay Region Chamber of Commerce & Industry) အပါအဝင် Parami Energy ၊ Shwe Naung Yan Co.,Ltd ၊ မဇ္ဈိမမီဒီယာတို့ ပူးပေါင်းပါ၀င်ခဲ့ကြသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required