ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ လူငယ်တွေ ပါ၀င်ဖို့ ရည်ရွယ်တဲ့ ငြိမ်းချမ်းရေးဂီတပွဲတော်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ လူငယ်တွေ ပါ၀င်ဖို့ ရည်ရွယ်တဲ့ ငြိမ်းချမ်းရေးဂီတပွဲတော်

အောက်တိုဘာ ၃၁ ။              ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ လူငယ်တွေနဲ့ ပြည်သူတွေ ပါ၀င်ဖို့ ရည်ရွယ်ပြီး ငြိမ်းချမ်းရေးဂီတပွဲတော်ကို ကျင်းပရခြင်း ဖြစ်တယ်လို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပြောပါတယ်။

“ ငြိမ်းချမ်းရေးဂီတပွဲတော် လုပ်ခြင်းအားဖြင့် ပြည်တွင်းမှာ ရှိနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို တိုက်ရိုက် အကျိုးမပြုရင်တောင်မှ ဘာပဲပြောပြောနိုင်ငံတွင်းမှာရှိတဲ့ ပြည်သူတွေ ၊ လူငယ်တွေဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို သူတို့အနေနဲ့ ပါ၀င်သင့်တယ်၊ နောက် အစိုးရက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည် ဖော်တဲ့နေရာမှာ တစ်တပ်တအား ပါ၀င်သင့်တယ်ဆိုတဲ့ အသိတစ်ခု ရသွားရင်ပဲ ကျွန်တော်တို့ ရည်ရွယ်ချက် ထိုက်သင့်သလောက် အောင်မြင်တယ်လို့ ယူဆပါတယ်” လို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပြောပါတယ်။

ဒီကနေ့ အောက်တိုဘာ ၃၁ ရက်နေ့ နေ့လည် ၁နာရီက ရန်ကုန်မြိုု့ ပြည်လမ်းမှာရှိတဲ့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ၀င်းထဲမှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံ ဒေသအသီးသီးမှ ရွေးချယ်ထားတဲ့ လက်ရွေးစင်(၁၁)ဦးကို စာနယ်ဇင်းမီဒီယာများနဲ့ မိတ်ဆက်အပ်နှံတဲ့အခမ်းအနားမှာ ပြောခဲ့တာပါ။

ငြိမ်းချမ်းရေးဂီတပွဲတော်ကို မြို့ကြီး ၁၂မြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး ဒေသလက်ရွေးစင် ၃၆ ဦးထဲကမှ ၁၁ ဦးကို ရွေးချယ်ခဲ့တာပါ။ ငြိမ်းချမ်းရေးဂီတပွဲတော်ဆက်လက်ကျင်းပပြီး ရွေးချယ်သွားမယ့် ပုံစံတွေကို ဒိုင်လူကြီး တေးရေး ဦးမြင့်မိုးအောင် က ရှင်းပြပါတယ်။

“ ၁၁ ယောက်ယှဉ်ပြိုင်မယ်၊ ပြီးရင် မဲအနည်းဆုံး ၃ ယောက်ပေါ်လာမယ်။ အဲအထဲမှ အကဲဖြတ်ဒိုင်တွေက တစ်ယောက်ကိုပဲ Save လုပ်လိုက်မယ်ဆိုင် အပတ်စဉ်တွေမှာ ပြိုင်ပွဲဝင် ၂ ယောက်စက ထွက်သွားရပါမယ်။ အဲဒါ Level ၃ ၊ ပြီးရင် ကွာတားဖိုင်နယ် ၊ ဖိုင်နယ်ပေါ့။ နှစ်ယောက်စီထွက်သွားပြီး ဖိုင်နယ်မှာတော့ ၂ ယောက်ပေါ့” လို့ တေးရေးကိုမြင့်မိုးအောင်က ပြောပါတယ်။

လက်ရွေးစင် ၁၁ ဦးအနက် ကရင်ပြည်နယ်မှ ၀င်ရောက်ယှဉ်ပြိုင်တဲ့  စဖောင်က ကရင်ပြည်နယ်ကြီး ငြိမ်းချမ်းပြီး စစ်ပွဲတွေမရှိရင်ကောင်းမယ်လို့ သူ့အမြင်ကို ပြောပါတယ်။

ငြိမ်းချမ်းရေးဂီတပွဲတော် Level 3 က စတင်ပြီး ပရိသတ်ရဲ့ရွေးချယ်ပြီးပေးတဲ့ Voting စနစ်ကိုလည်း အသုံးပြုသွားမှာဖြစ်ပြီး ပရိသတ်တွေ မဲပေးလို့ရအောင် ဆက်သွယ်ရေးအော်ပရေတာ ၃ ခုနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly