အလုံစျေးသစ်ဆောက်လုပ်ရန် ဒီဇိုင်းရေးဆွဲပြီးစီး

အလုံစျေးသစ်ဆောက်လုပ်ရန် ဒီဇိုင်းရေးဆွဲပြီးစီး

 

ရန်ကုန် အောက်တိုဘာ ၃၁ ။            ။ ရန်ကုန်မြို့၊ အလုံစျေးသစ်ဆောက်လုပ်ရန်ရေးဆွဲနေသည့် အဆောက်အဦးပုံစံဒီဇိုင်းအပြီးသတ် ရေးဆွဲပြီးစီးသွားပြီး ယင်းဒီဇိုင်းကို စျေးသူစျေးသားများ နှင့် ချပြညှိနှိုင်း၍ စတင်ဆောက်လုပ်သွားတော့ မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစျေးသစ်ဆောက်လုပ်ရန်ဒီဇိုင်းတွင် စျေးဆိုင် ခန်းနေရာများ အရွှေ့အပြောင်းအနည်းငယ်ရှိသည့် အတွက် စျေးသူစျေးသားများနှင့်ညှိနှိုင်းကာ ပြင် ဆင်မှုအချို့လည်းရှိခဲ့သည်ဟု အလုံမြို့နယ်၊ တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်မြင့်က မဇ္ဈိမသို့ ယနေ့အောက်တိုဘာ ၃၁ ရက်နေ့က ပြောသည်။

" မနေ့က ပြတော့ အဆင်မပြေဘူးပြန်ပြောတဲ့ အ တွက် နဂို်ဆိုင်းခန်းနေရာအတိုင်းရဖို့အတွက် ဗိသုကာပညာရှင်တွေနဲ့တိုင်ပင်ပြီး ညှိပေးရမှာပေါ့၊ စျေးသူစျေးသားတွေနဲ့ ညှိနှိုင်းပြီးလို့ အဆင်ပြေ တာနဲ့ စျေးစဆောက်သွားမယ်" ဟု ဒေါ်ယဉ်ယဉ်မြင့်က ဆက်လက်ပြောသည်။

စျေးဆောက်လုပ်မည့်ဒီဇိုင်းအသစ်ကို အောက် တိုဘာ ၃၀ ရက်နေ့က စျေးသူစျေးသားများကို ချပြ ခဲ့ခြင်းဖြစ်ပြီး အချို့က မူလအတိုင်းရေးဆွဲပေးရန် တောင်းဆိုခဲ့ကြသည်ဟု သိရသည်။

"ဆိုင်းခန်းနေရာ အရွှေ့အပြောင်းအနည်းငယ်တော့ ရှိတာပေါ့၊ဆိုင်းခန်းနေရာတွေကို အတိအကျဖြစ်ချင် တယ်လို့ စျေးသူစျေးသားတွေကထပ်ပြီး တောင်း ဆိုထားတဲ့အတွက် ပြန်ပြီးညှိနှိုင်းပေးနေပါတယ်" ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်မြင့်က ပြောသည်။

မူလဆိုင်းခန်းနေရာနှင့်အကျယ်အဝန်းအတိုင်း ပြန် လည်ရရှိရေးအတွက် အလုံစျေးသူစျေးသားများက တောင်းဆိုခဲ့ကြရာမှ စျေးသူစျေးသားများ၏ ဆန္ဒ အတိုင်း သြဂုတ်လ ၁၉ ရက်နေ့က မြို့တော်ဝန်၏ သဘောတူညီချက်ဖြင့် စျေးဒီဇိုင်းသစ်အား ပြန် လည် ရေးဆွဲခဲ့ခြင်း ဖြစ်သည်။

"၂၁၆ ခန်းလုံးကို မြေညီထပ်မှာ ပြန်ပေးပါတယ်၊ ဒါပေမယ့် ပြန်ပေးတဲ့အခါမှာ နည်းနည်းလေးတော့ အရွှေ့အပြောင်းလေးရှိသွားတာပေါ့၊ နေရာလေး တွေ ရွေ့သွားတဲ့သူတွေက သိပ်ပြီးမကျေနပ်ကြ ဘူး၊ ဒါကြောင့် ပြန်ပြီးတောင်းဆိုထားတယ်၊ သူတို့ ဘက်ကလည်း ပြန်ပြီး လုပ်ပေးမယ်လို့ ပြောတယ်" ဟု အလုံစျေးသူ မကုဋေထွန်းက ပြောသည်။

အလုံစျေးသစ်ကို ၃ ထပ်ဆောက်လုပ်၍ အလုံ စျေးသူစျေးသားများတောင်းဆိုထားသည့် ဆိုင်ခန်း ၂၁၆ ခန်းလုံးကို မြေညီထပ်တွင် နေရာ ပြန်ပေး ထားပြီး အပေါ်ထပ်တွင် ပျံကျစျေးသည်များကို နေရာချထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အလုံစျေးသစ်ဆောက်လုပ်မည့်ကိစ္စနှင့် ပတ်သက် ၍ ပြီးခဲ့သည်​့ သြဂုတ်​ ၁၅ ရက်​​နေ့တွင်​ ​အလုံ​ စျေးသူ​စျေးသားများနှင်​့ စည်​ပင်​တို့ အငြင်းပွား ခဲ့သည်​့အပြင် သြဂုတ်​လ ၁၁ ရက်​​နေ့နှင့် သြဂုတ်လ ၂၁ ရက်နေ့တို့တွင်လည်​း မူလဆိုင်​ခန်​း​နေရာများ ပြန်​လည်​​ပေးရန်နှင့် သက်ဆိုင်​ရာဘက်​မှ စာချုပ်​ချုပ်​​ပေးရန် ​ ​ဆန္ဒထုတ်​​ဖော်​ခဲ့ကြသည်​။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly