ဂျပန်ကမ္ဘာ လှည့်ဖျော်ဖြေရေး ခရီးစဉ် စတင်တော့မည့် လုရှီဝမ်း

ဂျပန်ကမ္ဘာ လှည့်ဖျော်ဖြေရေး ခရီးစဉ် စတင်တော့မည့် လုရှီဝမ်း

ဆိုးလ်၊ သြဂုတ် ၁၇ ။        ။ တောင်ကိုရီးယားမင်းသား လုရှီဝမ်းသည် အနုပညာလောက သို့ပြန်လည်ဝင်လာရောက်ပြီး ဂျပန်ကမ္ဘာလှည့်ဖျော်ဖြေရေး ခရီးစဉ်ကို နိုဝင်ဘာလတွင် စတင်သွားမည် ဖြစ်သည်။
လုရှီဝမ်းသည် အောက်တိုဘာ ၆ ရက်တွင် Again တေးသီချင်းအယ်လ်ဘမ်သစ်ကို ထုတ်ဝေ သွားမည်ဖြစ်ပြီး အဆိုပါတေးအယ်လ်ဘမ်သည် ၂၀၁၂ ခုနှစ်နောက်ပိုင်း ၎င်း၏ ပထမဆုံး တေးသီချင်း အယ်လ်ဘမ်ဖြစ်သည်။

လုရှီဝမ်းသည် ဂျပန် အေဂျင်စီတစ်ခုဖြစ်သော Universal Music နှင့် စာချုပ်သစ်ချုပ်ဆိုခဲ့ သည်။ လုရှီဝမ်းသည် နိုဝင်ဘာလတွင် ဂျပန်ကမ္ဘာလှည့် ဖျော်ဖြေရေးခရီးစဉ်ကို စတင်မည်ဖြစ်ပြီး တိုကျို၊ အိုဆာကာ၊ နာဂိုယာနှင့် ဂျပန်နိုင်ငံ၏ အခြားသောဒေသများတွင် ဖျော်ဖြေပွဲ ကျင်းပသွားမည် ဖြစ်သည်။

လုရှီဝမ်းသည် ဂျပန်နိုင်ငံတွင် ဖျော်ဖြေပွဲ တစ်ရာကျော် ပြုလုပ်ခဲ့သူဖြစ်ပြီး ဂျပန်ပရိသတ်များ၏ အားပေးမှုကို ရရှိထားသူတစ်ဦးဖြစ်သည်။ သို့ရာတွင် လုရှီဝမ်းသည် ၂၀၁၂ ခုနှစ်က အငြင်းပွားဖွယ် ကိစ္စရပ်ဖြစ် ပွာပြီးနောက် အနုပညာလုပ်ငန်းများကို ရပ်နားခဲ့သည်။ လုရှီဝမ်းသည်  သြဂုတ်လကုန်တွင် SBS ရုပ်သံ၏ The Racer အစီအစဉ်တွင် ပါဝင် ဆောင်ရွက်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly