ပြိုင်ဘက်ကို ၂ ချီအတွင်း ပွဲသိမ်းထိုးသတ်မည်ဟု အောင်လအန်ဆိုင်းကြံုးဝါး

ပြိုင်ဘက်ကို ၂ ချီအတွင်း ပွဲသိမ်းထိုးသတ်မည်ဟု အောင်လအန်ဆိုင်းကြံုးဝါး
ဓာတ်ပုံ-သက်ကို
 

 

ရန်ကုန် ၊ အောက်တိုဘာ ၃၁ ။             ။ ပြိုင်ဘက် ဂါလာနီကို ၂ ချီအတွင်း အနိုင်ထိုးသတ်သွားမည်ဟု One Championship မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆိုင်း က ဆိုလိုက်သည်။

ယနေ့ အောက်တိုဘာ ၃၁ ၌ ရန်ကုန်မြို့ Myanmar Plaza တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် အောင်လအန်ဆိုင်းက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ဂါလာနီကို Good Luck လို့ ပြောချင်ပါတယ်၊ ဘာလို့ဆို ကျွန်တော် နှစ်ချီအတွင်း လဲအောင် နိုင်အောင် ကျွန်တော်ထိုးသွားမှာပါ” ဟု အောင်လအန်ဆိုင်းက ဆိုသည်။

အောင်လအန်ဆိုင်းနှင့် ထိုးသတ်မည့် One Championship ဟဲဗီးဝိတ်ချန်ပီယံ ဂါလာနီသည် အသက် ၄၂ နှစ်ရှိပြီဖြစ်ပြီး ကစ်ဘောက်ဆင်၊ ဂျူဂျစ်ဆု၊ ကရာတေးနှင့် ဂျူဒိုပညာရပ်များကို ကျွမ်းကျင်သူဖြစ်ကာ မွေထိုင်း ချန်ပီယံဆုကို လေးကြိမ်ရရှိထားသူလည်း ဖြစ်သည်။

ယင်းအပြင် ဟောင်ကောင်ကိုယ်စားပြု နိုက်ဂျီးရီးယားဖိုက်တာ  ဂါလာနီသည် အောင်လအန်ဆိုင်းထက် ဝိတ်တန်းပိုမိုကြီးမားသူဖြစ်နေခြင်းကြောင့် အောင်လအန်ဆိုင်းပရိသတ်များက စိုးရိမ်ပူပန်မှုများလည်း ရှိနေသည်။

“ဝိတ်ဘယ်လောက်များများ ဝိတ်ဘယ်လောက်ကြီးကြီး ကျွန်တော်လုံးဝဂရုမစိုက်ဘူး။ ကျွန်တော်နိုင်အောင်ထိုးမယ်” ဟု အောင်လအန်ဆိုင်းက ပရိတ်သတ်ကို ကတိပေးပြောဆိုသည်။

One Championship မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆိုင်း နှင့် One Championship ဟဲဗီးဝိတ်ချန်ပီယံ ဂါလာနီတို့၏ အထူးငါးချီစိန်ခေါ်ထိုးသတ်ပွဲကို လာမည့် နိုဝင်ဘာ ၃ ရက်နေ့တွင် ရန်ကုန်မြို့၊ သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းတွင် ကျင်းပသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly