ဒဏ်ရာပြဿနာပြီးဆုံးသွားခဲ့ပြီဟု ယုံကြည်ကြောင်း ဟက်ဇက်ပြော

ဒဏ်ရာပြဿနာပြီးဆုံးသွားခဲ့ပြီဟု ယုံကြည်ကြောင်း ဟက်ဇက်ပြော

အောက်တိုဘာ ၃၀၊ အင်္ဂလန် ။             ။ ချယ်လ်ဆီးတိုက်စစ်ကစားသမား အီဒင်ဟက်ဇက်က သူ၏ဒဏ်ရာပြဿနာပြီးဆုံးသွားခဲ့ပြီဟု ယုံကြည်ကြောင်း ပြောဆိုလိုက်သည်။

ဟက်ဇက်သည် ခြေကျင်းဝတ်ဒဏ်ရာကြောင့် ချယ်လ်ဆီးအသင်း၏ ရာသီအစ ကွန်မြူနတီဒိုင်းပြိုင်ပွဲအပြင် ပရီးမီးယားလိဂ်ပွဲစဉ်သုံးပွဲကို လွဲချော်ခဲ့ရပြီး ပုံမှန်ခြေစွမ်းရရန် ရုန်းကန်ခဲ့ရသည်။ ယခုအချိန်တွင် ဟက်ဇက်က သူ၏ကြံ့ခိုင်မှုမှာ ပုံမှန်ပြန်ဖြစ်လာပြီဖြစ်ပြီး လက်ရှိအခြေအနေနှင့်အနာဂတ်အတွက် အာရုံစိုက်နိုင်ပြီ ဖြစ်ကြောင်း ပြောသည်။

“ကျွန်တော်ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ပါတယ်။ ဒဏ်ရာပြဿနာက အနာဂတ်မှာ ကျန်ခဲ့ပါပြီ။ လာမယ့်ပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေပါပြီ။ ပွဲကြီးပွဲကောင်းရက်သတ္တပတ်က လာတော့မှာပါ။ ၀က်ဖို့ဒ်နဲ့ပွဲအပြီးမှာ ကျွန်တော်တို့ ဘုန်းမောက်ကိုနိုင်ဖို့ ယုံကြည်မှုရရှိလာခဲ့ပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့ရဲ့ ယုံကြည်မှုက မြင့်မားနေပါပြီ။ ရိုးမားနဲ့ကစားရမယ့် ချန်ပီယံလိဂ်နဲ့ မန်ယူနဲ့ကစားရမယ့်ပရီးမီးယားလိဂ်ပွဲစဉ်တွေအတွက် အဆင်သင့်ဖြစ်နေပါပြီ” ဟု ဟက်ဇက်က ပြောသည်။

ချယ်လ်ဆီးအသင်းသည် လက်ရှိတွင် ပရီးမီးယားလိဂ်၌ အဆင့် ၄ နေရာတွင် ရပ်တည်နေပြီး ချန်ပီယံလိဂ်တွင် ရမှတ် ရ မှတ်ဖြင့် အုပ်စုကို ဦးဆောင်နေသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly