မြန်မာဖူဆယ်အသင်း အင်ဒိုနီးရှားကိုအနိုင်ယူပြီး ၂၀၁၈ အာရှဖူဆယ်ပြိုင်ပွဲဝင်ခွင့်ရရှိ

မြန်မာဖူဆယ်အသင်း အင်ဒိုနီးရှားကိုအနိုင်ယူပြီး ၂၀၁၈ အာရှဖူဆယ်ပြိုင်ပွဲဝင်ခွင့်ရရှိ

အောက်တိုဘာ ၂၉၊ ဗီယက်နမ် ။           ။ ဗီယက်နမ်နိုင်ငံတွင်ကျင်းပပြုလုပ်လျက်ရှိသည့် ၂၀၁၇ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုတတိယပွဲစဉ်တွင် မြန်မာဖူဆယ်အသင်းသည် အင်ဒိုနီးရှားအသင်းကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ထိုပွဲတွင် မြန်မာအသင်းအတွက် ဂိုးများကို ပြည့်ဖြိုးမောင်(ကျောနံပါတ် ၁၄)က ၂ ဂိုး၊ ကျော်စိုးမိုးက ၁ ဂိုးသွင်းယူပေးခဲ့သည်။

မြန်မာအသင်းသည် ပထမပွဲစဉ် ၂ ပွဲတွင် ဘရူနိုင်းနှင့်ဖိလစ်ပိုင်တို့ကို အနိုင်ရရှိထားပြီး ယခု အင်ဒိုနီးရှားကိုပါထပ်မံအနိုင်ရခဲ့သည့်အတွက် ဗီယက်နမ်နှင့်ပွဲကျန်ရှိနေသေးသော်လည်း ဆီမီးဖိုင်နယ်ကို တက်ရောက်ခွင့်ရရှိသွားပြီဖြစ်သည်။

ယခုပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်တက်ရောက်နိုင်သည့်လေးသင်းမှာ ၂၀၁၈ အာရှဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲသို့ပါဝင် ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။

မြန်မာဖူဆယ်အသင်းသည် ၃ ပွဲကစားပြီးချိန်တွင် ၄၁ ဂိုးအထိသွင်းယူထားပြီး ၂ ဂိုးသာပြန်ပေးထားရသည်။ ဗီယက်နမ်နှင့်အုပ်စု နောက်ဆုံးပွဲစဉ်ကို အောက်တိုဘာ ၃၀ ရက်နေ့တွင် ထပ်မံကစားရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly