ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက်ရည်ရွယ်တဲ့ အမျိုးသမီးဓာတ်ပုံပြပွဲ ပြုလုပ်နေ

ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက်ရည်ရွယ်တဲ့ အမျိုးသမီးဓာတ်ပုံပြပွဲ ပြုလုပ်နေ

အောက်တိုဘာလ ၂၉ ။            ။ အမျိုးသမီးဓါတ်ပုံဝါသနာရှင် ၄၃ ဦး ရဲ့ ဓာတ်ပုံတွေ စုစည်းပြီး ပြသထားတဲ့ The Ladies & Light Photo Exhibition 2017 ဓာတ်ပုံပြပွဲကို အောက်တိုဘာလ ၂၉ရက်နေ့ မနက် ၁၀း၃၀ က ရန်ကုန်မြို့ အောင်ဆန်းကွင်းအနီးမှာ ရှိတဲ့ Ok Art Gallery မှာ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံဝါသနာရှင် မစုမြတ်နိုးက သူရိုက်ဖြစ်ခဲ့တဲ့ ဓာတ်ပုံတွေအကြောင်းကို မဇ္ဈိမသို့ ပြောပါတယ်။

“ကျားနဲ့ လူပုံပေါင်းထားတာကတော့ Photo Creation တစ်ခုပေါ့။ အစာရှာတဲ့ ကျားသစ်လိုမျိုး ခံစားပြီး တီထွင်ထားတာပါ။

The Ladies & Light ဓာတ်ပုံပြပွဲကို သုံးရက်ကြာ ပြသသွားမှာဖြစ်ပြီး မြန်မာနိုင်ငံနေရာအနှံအပြားကို သွားရောက်ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေအပြင် လူပုံပေါ့ထရိတ်၊ အမျိုးသမီးပုံတွေနဲ့ Creation ဓာတ်ပုံ၊ တခြားပုံအမျိုးအစား များစွာကို ပြသထားတာပါ။

ဒီဓာတ်ပုံတွေကို ကျပ် သုံးသောင်းဝန်းကျင်နဲ့ အစားစားသတ်မှတ်ထားပြီး ရောင်းရငွေရဲ့ ၅၀ ရာခိုင်နှုန်းကို ရခိုင်ပြည်နယ်ထူထောင်ရေးမှာ အသုံးပြုမှာ ဖြစ်ပါတယ်။ ဒီလို ရခိုင်ပြည်နယ်ထူထောင်ရေးမှာ အသုံးပြုမှာဖြစ်တဲ့အတွက် လှူဒါန်းလိုသူများ အဆင်ပြေနိုင်မယ့် ဈေးနှုန်း သတ်မှတ်ပေးထားပါတယ်လို့ ဓာတ်ပုံဝါသနာရှင် မခိုင်ဇာမွန်က ပြောပါတယ်။

ဒီဓာတ်ပုံပြပွဲကို အောက်တိုဘာလ ၂၉ ရက်နေ့ကနေ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ပြသသွားမှာ ဖြစ်ပြီး ဓာတ်ပုံ ၈၀ ကို ပြသထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly