မောခြင်းကို ဘယ်လိုဖြေရှင်းမလဲ

မောခြင်းကို ဘယ်လိုဖြေရှင်းမလဲ

ရေးသားသူ Dr . Phyu Mon Latt
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

မောခြင်းဟာ အဆုတ်ရောဂါရဲ့ အဖြစ်အများဆုံးလက္ခဏာ တစ်ခု ဖြစ်ပါတယ်။ မောခြင်းကို ကုသမှုဟာ အခြေခံ အကြောင်းရင်းပေါ်မူတည်ပေမယ့် အိမ်မှာ မောခြင်း သက်သာစေဖို့ ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

ဆေးလိပ်ဖြတ်ပါ။

သင်ဟာ ဆေးလိပ်သောက်သူဆိုရင် နေထိုင်စားသောက်မှု ပြောင်းလဲခြင်းအတွက် အရေးအကြီးဆုံးပြောင်းလဲသင့်တဲ့ အချက်ကတော့ ဆေးလိပ်သောက်ခြင်းပဲ ဖြစ်ပါတယ်။ လေ့လာမှုတွေက ဆေးလိပ်သောက်သူတွေဟာ ဆေးလိပ်မသောက်သူတွေနဲ့ ယှဉ်ရင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားနှုန်း ၂-၃ ဆ ပိုများတယ်လို့ ဆိုပါတယ်။

ဒါ့ပြင် အဆုတ် လုပ်ငန်းဆောင်တာဟာ ဆေးလိပ်ဖြတ်လိုက်ရင် ပြန်ကောင်းလာတတ်ပါတယ်။ ဒါကြောင့် COPD ရဲ့ လက္ခဏာတွေဟာ ပြန်ကောင်းလာတတ်ပါတယ်။

လေ့ကျင့်ခန်း ပိုလုပ်ပါ။

လေ့ကျင့်ခန်းလုပ်ခြင်းဟာ အစွန်နှစ်ဖက်ပါတဲ့ ဓါးနဲ့ တူပါတယ်။ တစ်ဘက်မှာ လူနာတွေဟာ အဆုတ်လုပ်ငန်းဆောင်တာ ကျဆင်းမှု၊ နှလုံးသွေးကြော လုပ်ငန်းဆောင်တာ ကျဆင်းမှုနဲ့ အရိုးကြွက်သာ ကျဆင်းမှုတွေကို ကာကွယ်ပေးဖို့အတွက် လေ့ကျင့်ခန်း လိုအပ်ပါတယ်။ အခြားတစ်ဘက်မှာလည်း သူဟာ မလှုပ်မရှားတဲ့ ဘဝကို ဖြစ်စေတတ်ပါတယ်။

နေ့စဉ် လေ့ကျင့်ခန်း အလယ်အလတ် လုပ်ခြင်းဟာ လူတွေမှာ မောခြင်းကို လျော့ကျစေပြီး ယေဘုယျကျန်းမာရေးးကို ကောင်းမွန်စေပါတယ်။ အနည်းဆုံး တစ်နေ့ကို လေ့ကျင့်ခန်း ၁၅ မိနစ်၊ တစ်ပတ်ကို သုံးရက်လုပ်ခြင်းဟာ ကျန်းမာရေးအကျိုးကျေးဇူးကို ရရှိစေနိုင်ပါတယ်။

Beetroot များများစားပါ။

သင့်မောခြင်းဟာ သံဓါတ်ချို့ယွင်းခြင်းကြောင့် ဖြစ်တဲ့ သွေးအားနည်းခြင်း ဆိုရင် သင်ဟာ ဒီအခြေအနေကို သက်သေစေဖို့ beetroot စားသင့်ပါတယ်။ Beetroot မှာ အမျှင်ဓါတ်၊ Calcium၊ Potassium နဲ့ ဗီတာမင်တွေ ပါဝင်ပါတယ်။

အချို့အစားအစာတွေဖြစ်တဲ့ အသီးအရွက်၊ ပဲ၊ ကာဗွန်ပါဝင်တဲ့ အရည်တွေဟာ လေထခြင်းကို ဖြစ်စေနိုင်ပါတယ်။ လေပွခြင်းဟာ Diaphragm ကို ဖိအားများစေပြီး မောစေနိုင်ပါတယ်။ သင်ဟာ မကြာခဏ လေထတက်သူဆိုရင် ကိုယ်ခန္ဓာမှာ လေထခြင်းကို ဖြစ်စေတဲ့ အစားအသောက်တွေကို ရှောင်ကျဉ်သင့်ပါတယ်။

အသက်ရှူခြင်းကို လေ့ကျင့်ပါ။

အဆုတ်ရောဂါအတွက် အသက်ရှူလေ့ကျင့်ခန်းတွေ လုပ်ခြင်းကို လေ့ကျင့်သင့်ပါတယ်။ ပါးစပ်စေ့ထားပြီး အသက်ရှူခြင်းဟာ ရုတ်တရက်မောတဲ့အချိန်တွေမှာ အကျိုးရှိပါတယ်။

ပါးစပ်စေ့ထားတဲ့အသက်ရှူခြင်းကို ပြုုလုပ်ဖို့အတွက် နှာခေါင်းနဲ့ အသက်အပြည့်အဝရှူပြီး စေ့ထားတဲ့ ပါးစပ်ကနေ လေကို ဖြည်းညင်းစွာ ပြန်ထုတ်သင့်ပါတယ်။ ဒီနည်းလမ်းကို တစ်နေ့မှာ သုံးလေးကြိမ်လေ့ကျင့်ခြင်းဟာ သင့်ကို ရုတ်တရက်မောခြင်း ဖြစ်လာတဲ့ အချိန်တွေမှာ ကူညီပေးနိုင်ပါတယ်။

ဒါဟာ သင့်ရဲ့ အသက်ရှူနှုန်းကို နှေးစေပြီး ပုံမှန် အသက်ရှူမှုကို ပြန်ရစေပါတယ်။ စိတ်ဖိစီးမှုနဲ့ စိတ်ပူခြင်းတွေကိုလည်း သက်သာစေနိုင်ပါတယ်။

  • သက်တောင့်သက်သာထိုင်ပြီး လည်ပင်းနဲ့ ပုခုံးကြွက်သားတွေကို လျှော့ထားပါ။
  • သင့်နှုတ်ခမ်းကို အလယ်နေရာကလွဲပြီး သေချာစွာ စေ့ထားပါ။
  • နှာခေါင်းနဲ့ နှစ်စက္ကန့်လောက် အသက်ရှူပါ။
  • ပြီးရင်တော့ စေ့ထားတဲ့ ပါးစပ်ကနေပြီး လေကို ၄ အထိရေကာ ဖြည်းညင်းစွာ ပြန်ထုတ်ပါ။
  • ဒီလို ရှူသွင်း၊ ရှူထုတ်ခြင်းကို နောက် ၁၀ မိနစ်အထိ ပြုလုပ်နိုင်ပါတယ်။

ဒီအသက်ရှူနည်းကို သင်မောတယ်လို့ ခံစားရတိုင်း ပြုုလုပ်နိုင်ပါတယ်။ မိနစ်အနည်းငယ်အတွင်းမှာ နေပိုကောင်းလာတာကို တွေ့ရနိုင်ပါတယ်။

ဘဝနေထိုင်ပုံ ပြောင်းလဲခြင်း၊ အစားအသောက် ပြောင်းလဲခြင်းနဲ့ အိမ်မှာ ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေဟာ ဒီပြဿနာကို သက်သာစေနိုင်ပါတယ်။ ပြီးတော့ သင့်ဆရာဝန်ကို အခြေခံ အကြောင်းရင်းနဲ့ ကုသမှုကို သိစေဖို့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly