မုံးကိုးဘာသာရေးဆရာ ၂ ဦးအား မတရားအသင်းဆက်သွယ်မှုအပါအဝင် ထောင်ဒဏ် ချမှတ်

မုံးကိုးဘာသာရေးဆရာ ၂ ဦးအား မတရားအသင်းဆက်သွယ်မှုအပါအဝင် ထောင်ဒဏ် ချမှတ်

ချင်းမိုင်၊ အောက်တိုဘာလ ၂၇ ။           ။ ရှမ်းပြည်နယ် မုံးကိုးမြို့မှ သင်းထောက်ဆရာ ဦးဒွမ်ဒေါ့နောင်လတ်ကို ထောင်ဒဏ် ၄ နှစ်နှင့် ၃ လ ဦးလန်ဂျော်ဂမ်ကို ထောင်ဒဏ် ၂ နှစ်နှင့် ၃ လထိ အောက်တိုဘာလ ၂၇ ရက်နေ့ လားရှိူးမြို့နယ် တရားရုံးက အမိန့်ချမှတ်လိုက်သည်ဟု သိရသည်။

ဦးဒွမ်ဒေါ့နောင်လတ်ကို မတရားအသင်း ဆက်သွယ်မှု ပုဒ် ၁၇/၁၊ ဂုဏ်သရေ ညိုးနွမ်းမှုဆိုင်ရာ ဥပဒေ ပြန်ဆက် ပုဒ်မ ၅၀၀ နှင့် ပို့ကုန်သွင်းကုန် အက်ဥပဒေ ပုဒ်မ ၈တို့ဖြင့် ထောင်ဒဏ် ၄ နှစ်နှင့် ၃ လ ချမှတ်ခဲ့ရာ ဦးလန်ဂျော်ဂမ်ကိုမူ မတရားအသင်း ဆက်သွယ်မှု ပုဒ် ၁၇/၁နှင့် ပို့ကုန်သွင်းကုန် အက်ဥပဒေ ပုဒ်မ ၈ တို့ဖြင့် ထောင်ဒဏ် ၂ နှင့် ၃ လစီ အသီးသီးချမှတ်ခဲ့ခြင်း ဖြစ်သည်။

“ ဦးဒွမ်ဒေါ့နောင်လတ်ကို အလုပ်နဲ့ ထောဒဏ် ၃ နှစ် ချုပ်ရက်ခံစားစေပေါ့နော်။ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၃ လ၊ ဦးလန်ဂျော်ဂမ်ဆိုင်းက ပို့ကုန်သွင်းကုန်ပုဒ်မ ၈ ထောင်ဒဏ် ၃ လ၊ ပြီးရင် ပုဒ်မ ၅၀၀ ကို ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်”ဟု လားရှိူးတရားရုံးသို့ သွားရောက်နားထောင်ခဲ့သူ မမိုင်မိုင်က ပြောသည်။

သူတို့နှစ်ဦးအတွက် အယူခံ ဝင်ရန် ဆက်လက် ကြိုးပမ်းသွားရန် ရှေ့နေများနှင့် စီစဉ်နေသည်ဟု သူက ပြောသည်။

တရားခံ နှစ်ဦးသည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းနှင့် လူငယ်များအရေးကို တက်ကြွစွာ ပါဝင်လုပ်ဆောင်နေသူများ ဖြစ်သေ်ာလည်း ယခုကဲ့သို့ မတရား ပြစ်ဒဏ် ချမှတ်မှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေသည်ဟု မမိုင်မိုင်က ပြောသည်။

“မတရားအသင်း ပုဒ်မလို့ ပြောပြီးမှ မတရားဥပဒေတွေ ချမှတ်လိုက်တယ်ဆိုပြီးတော့ မှတ်ယူတယ်။ ဒီ ဆရာဂမ်ဆိုင်းဆိုတာက ကချင်လူငယ်ဆရာ တစ်ယောက်လည်း ဖြစ်တယ်။ လူငယ်ခေါင်းဆောင်လည်း ဖြစ်တယ်။ သူက အများအားဖြင့် ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ကျွန်မတို့နဲ့အတူတူ အများကြီးလုပ်ခဲ့တယ်။ သူ ဒီလိုဖြစ်တာကို မြန်မာနိုင်ငံမှာ နေတဲ့ လူတွေက ဒီလိုဘဲ ဆက်ပြီးမှ ခံစားရမလား တရားဥပဒေကို မေးခွန်းထုတ်စရာဖြစ်တယ်။ အဲဒီလိုပဲ ခံစားရပါတယ်”ဟု သူက ပြောသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် မိုးကိုးမြို့ ဗျူဟာကုန်းအနီးတွင် သူတို့ နှစ်ဦး ပျောက်ဆုံးခဲ့ပြီးနောက် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် သူတို့နှစ်ဦးသည် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)အတွက် ငွေကြေး ထောက်ပံ့ ကူညီပေးခြင်း၊ အသင်းပေးခြင်း၊ လူသစ် စုဆောင်ပေးခြင်းနှင့် မဟုတ်မမှန် လှုပ်ကြံဝါဒ ဖြန့်ဆောင်ရွက်ခြင်းကြောင့် ဖမ်းဆီးထားသည်ဟု တပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ်ရုံးက တရားဝင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly