အိပ်မက်တွေ များတဲ့ . . .နိုင်ငံကျော် အဆိုတော် နီနီခင်ဇော်

အိပ်မက်တွေ များတဲ့ . . .နိုင်ငံကျော် အဆိုတော် နီနီခင်ဇော်

Yope ပရိသတ်များ အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့ Yope Redchair အစီအစဉ်မှာ တွေ့ဆုံမေးမြန်းသွားမယ့် သူကတော့ ဂီတလောကထဲမှာ ၊ နေရာ တစ်နေရာကို အခိုင်အမာ ရရှိထားပြီးတော့ စီးပွားရေး လုပ်ငန်းတွေကို လည်း ၊ ဦးဆောင် လုပ်ကိုင်နေတဲ့သူ ပြီးတော့ ၊ တတိယ အလ်ဘမ် U ကို ချပြတော့မယ့် တေးသံရှင် "နီနီခင်ဇော်" ပဲ ဖြစ်ပါတယ်။

မေး - နီနီဟာ  ခေတ်ရဲ့သီချင်းတစ်ချို့ကို ကော်ပီလုပ်တယ်လို့ ပရိသတ်တစ်ချို့က ဝေဖန်နေကြတယ်။ အဲဒီဝေဖန်မှုအပေါ် ဘယ်လို တုန့်ပြန်ချင်လဲ။

ဖြေ - နီနီဟိုအရင်တုန်းက Yes တို့ဘာတို့က ကော်ပီပါ။ အဲဒါ ပွင့်ပွင့်လင်းလင်း ကော်ပီပါ။ နီနီပြိုင်ပွဲဝင်တဲ့ သီချင်းလေးပါ။ အခုနောက်ပိုင်း နီနီက ဘယ်လိုလဲဆိုရင် ၊ မယ်လိုဒီ ကိုအရင်ဆုံး ညည်းတာပါ။ မယ်လိုဒီက နားထောင်ပြီးတော့ မယ်လိုဒီလိုက် ဆိုတာ မဟုတ်ဘဲနဲ့၊ နီနီရဲ့ Natural Time မှာ မယ်လိုဒီတွေ ကျလာတယ်။ နီနီ အဲဒီ မယ်လိုဒီအတိုင်း ညည်းပြီးတော့ ၊ အခုနက Music ဖန်တီးတာပါ။ Step by Step instruments တွေကို လုပ်ထားတာပါ။ ဒါကြောင့်မို့ ထွက်လာတဲ့ သီချင်းပေါ် ရိုးသားတယ်လို့  ခံစားရတယ်။ ဒါကြောင့်မို့ ဘာမှ ပြောစရာ မရှိပါဘူး။

မေး - အနုပညာနဲ့ စီးပွားရေး နှစ်ခုစလုံးမှာ ၊ အောင်မြင်အောင် လုပ်နိုင်တယ်ဆိုတော့ ၊ နီနီရဲ့ တကယ့် အိမ်မက် အစစ်က အနုပညာရှင်လား ၊ စီးပွားရေးသမားလား။

ဖြေ - နီနီရဲ့ အိပ်မက်က များတယ်။ နီနီတတ်စွမ်းသမျှ လုပ်နိုင်မယ်လို့ ယုံကြည်တယ်။ အကုန်လုံးတော့ နီနီ မလုပ်နိုင်ဘူး။ တတ်စွမ်းသမျှတော့ အခုလို အသက်အရွယ်လေးမှာ အများကြီး ကြိုးစားချင်တာတွေ နီနီ ရှိသေး တယ်။ ဒါ နီနီ မအောင်မြင်သေးဘူး။ နီနီ အနုပညာမှာလည်း ပရိသတ် သိတာလောက်ပဲ ရှိသေးတယ်။ နီနီမှာ အိမ်မက်တွေ အများကြီး ရှိတယ် ၊ နီနီ အကောင်ထည် ဖော်ရအုံးမယ်။ နီနီ အခု အသက်အရွယ်မှ မကြိုးစားရင် အသက်ကြီးရင် ၊ အဲဒီထက် အခွင့်အလမ်းတွေ နီနီ မရနိုင်တော့ဘူး။ ပြီးတော့ စီးပွားရေးဆိုရင် Super Red စတင်တည်ထောင်တာ တစ်နှစ်ပဲ ရှိသေးတယ်။ ဒါကြောင့်မို့ အောင်မြင်တယ်လို့လဲ ပြောလို့ မရသေးဘူး။ အများကြီးတော့ ထိုးဖောက်ရအုံးမှာပါ။

မေး - အနုပညာရှင် တစ်ယောက်အနေနဲ့ရော စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်အနေနဲ့ပါ တိုင်းပြည်အတွက် အခွန်ဆောင်ရတဲ့အပေါ် ဘယ်လိုမြင်လဲ။ ကိုယ် ကိုယ်တိုင်ရော အခွန်ဆောင်လား။

ဖြေ - နီနီက Super Red ရယ် ၊ အနုပညာအခွန်ရယ်ပေါ့နော် ၊ တိုင်းပြည်ကို ထမ်းဆောင်ထားပြီးပါပြီ။ ကိုယ်နေရတဲ့ တိုင်းပြည် အောင်မြင်ဖို့ တိုးတက်ဖို့ဆိုရင် ပေးဆောင်ရမှာပဲ။ ဒါက တာဝန်ပါပဲ။

မေး - ဘဝမှာ အသည်းကွဲခဲ့ဖူးလား။ ဘယ်တုန်းကလဲ။ ဘာကြောင့်လဲ။

ဖြေ - ဘဝမှာ အသည်းကွဲခဲ့ဖူးတာပေါ့။ အသည်းမကွဲခဲ့ဖူးတဲ့ သူဆိုတာ မရှိဘူး။ ရှားတယ်။ မရှိဘူး။ အသည်းကွဲတယ် ဆိုတာလည်း အသက်အရွယ်နဲ့ ဆိုင်မယ်လို့တော့ နီနီထင်တယ်လေ။ တစ်ချို့ကတော့ အသက်ကြီးသွားလည်း အသည်းကွဲနေတုန်းပဲ ဆိုတဲ့ သူတွေ ရှိတယ်ပေါ့။ နီနီဘဝမှာ ငယ်တုန်းကတော့ ပိုပြီး ခံစားတတ်တယ်လို့ ထင်တယ်။ အခုအသက်ကြီးလာတော့ အလုပ်တွေနဲ့ ဘာတွေနဲ့ဆိုတော့ နီနီသိပ်ပြီးတော့ ၊ လူတစ်ဖက်သားကို ယုံကြည်ဖို့ စိတ်တအားကြီး မမြှုပ်နှံချင်တော့ဘူးပေါ့နော်။ စီးပွားရေး အလုပ်တွေကို ပိုပြီးတော့ မြှုပ်နှံချင်တယ်။ အနုပညာအလုပ်တွေကို ပိုပြီးတော့ မြှုပ်နှံချင်တယ်။

မေး - နီနီ အနေနဲ့ ဂီတနဲ့ ပတ်သက်ပြီးတော့ ဆုတံဆိပ်တွေ အများကြီး ရထားဖူးတယ်။ ဘဝမှာ နောက်ထပ် ဆုတံဆိပ်တွေကို ဒီ ဂီတ မဟုတ်တဲ့ အခြားနယ်ပယ်တစ်ခုနဲ့ ရခွင့်ကြုံမယ်ဆိုလို့ ရှိရင် ဘယ်နယ်ပယ်ကနေပြီး တော့ ဘယ်အရာနဲ့ ရချင်လဲ။

ဖြေ - နီနီက မြန်မာနိုင်ငံက နီနီအနေနဲ့ မဟုတ်ဘူး။ မြန်မာနိုင်ငံက အဆိုတော် တစ်ယောက်အနေနဲ့ ၊grammy awards ကို မျှော်မှန်းကြည့်ချင်တယ်။ ရဖို့ နီနီ မပြောဘူး။ မျှော်မှန်းကြည့်ချင်တယ်။နီနီတို့မှာမျှော်မှန်းခွင့်တောင် မရသေးဘူး။ ရဖို့ နေနေသာသာပေါ့နော် ၊  မျှော်မှန်းခွင့် ရတဲ့ သူတစ်ယောက် ဖြစ်ချင်တယ်။ အနည်းဆုံး Asia Music Award မှာတက်ရောက်ခွင့် ရတဲ့ သူတစ်ယောက် ဖြစ်ဖို့အတွက် ၊ အများကြီး လျှောက်လှမ်းရအုံးမယ်။ နီနီ မဖြစ်နိုင်တာကို မျှော်မှန်းတာ မဟုတ်ဘူး။ အဲဒီလောက်မျှော်မှန်းမှ နီနီတို့ နောင်လာနောက်သားတွေ အဆိုတော်တွေ မျှော်မှန်းကြပါ။ နီနီတို့ အများကြီး ကြိုးစားရအုံးမှာ ၊ ဟုတ်တယ်နော်။ ဒါကြောင့်မို့လို့ အတူတူ ကြိုးစားကြရအောင်လို့။      ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly