Lose Yourself သီချင်းမူပိုင်ခွင့်အမှုမှ အနိုင်ရရှိသောငွေကြေးများကို ဟာရီကိန်းဒဏ်သင့်ပြည်သူများကို လှူဒါန်းမည့် အမ်မီနမ်

Lose Yourself သီချင်းမူပိုင်ခွင့်အမှုမှ အနိုင်ရရှိသောငွေကြေးများကို ဟာရီကိန်းဒဏ်သင့်ပြည်သူများကို လှူဒါန်းမည့် အမ်မီနမ်

 

Lose Yourself သီချင်းမူပိုင်ခွင့်နှင့်ပက်သက်၍ နယူးဇီလန်နိုင်ငံရေးပါတီနှင့် တရားရုံး၌အမှုရင်ဆိုင်နေရပြီး ပြီးခဲ့သောဗုဒ္ဓဟူးနေ့က အမ်မီနမ်အား နယူးဇီလန်တရားရုံးက အမှုအနိုင်ပေးခဲ့ပြီးနောက်တွင် ရရှိလာသော လျော်ကြေးငွေများကို ဟာရီကိန်းဒဏ်သင့်ပြည်သူများအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်ူ သူ၏ကိုယ်ရေး အရာရှိများက ပြောခဲ့သည်။

နယူးဇီလန်၏အမျိုးသားပါတီသည် လွန်ခဲ့သော ၂၀၁၄ ခုနှစ်က မဲဆွယ်စည်းရုံးပွဲ၌ အမ်မီနမ်၏ပေါက်သီချင်း ဖြစ်သော Lose Yourself နှင့် သံစဉ်ဆင်တူဖြစ်သည့် သီချင်းတစ်ပုဒ်ကိုသုံးစွဲခဲ့သည့်အတွက် အမ်မီနမ်အား အမေရိကန်ဒေါ်လာ ၄၁၅၀၀၀ ခန့် လျော်ကြေးပေးခဲ့ရသည်။ အမ်မီနမ်သည် ထိုကဲ့သု့ိလျော်ကြေးရရှိရန် စတင်တရားစွဲဆိုခဲ့ခြင်းမဟုတ်ကြောင်း သူ၏ကိုယ်စားလှယ်များက ဖြေရှင်းခဲ့သည်။

“ဒီအမှုမှာ အမ်မီနမ်ဟာ စတင်ပြီးတော့ တရားစွဲဆိုခဲ့သူမဟုတ်ပါဘူး။ လျော်ကြေးငွေတွေကို သူဟာ ဟာရီကိန်း မုန်တိုင်းဒဏ်သင့် ပြည်သူတွေအတွက် လှူဒါန်းသွားမှာဖြစ်ပါတယ်” ဟု အမ်မီနမ်၏ ကိုယ်စားလှယ်တစ်ဦးက ပြောခဲ့သည်။

လွန်ခဲ့သော ၂၀၁၄ခုနှစ် စက်တင်ဘာလက နယူးဇီလန်မှ နိုင်ငံရေးပါတီသည် Eminem Esque ဟုခေါင်းစဉ် တပ်ကာ အမ်မီနမ်၏သီချင်းကို အသုံးပြုခဲ့သည့်အတွက် Lose Yourself သီချင်းထုတ်လုပ်သူများက တရားစွဲဆို ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သောဗုဒ္ဓဟူးနေ့က နယူးဇီလန်တရားရုံးမှ အမ်မီနမ်၏အမှုကို အနိုင်ပေးခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly