ဘဏ်များ ငွေအခက်အခဲရှိက ဗဟိုဘဏ်ထောက်ပ့ံမည်

ဘဏ်များ ငွေအခက်အခဲရှိက ဗဟိုဘဏ်ထောက်ပ့ံမည်

ရန်ကုန် (မဇ္ဈိမ) ။ ။ လက်ရှိတွင် ပုဂ္ဂလိကဘဏ်အချို့ ပိတ်သိမ်းရမည့်အနေအထား သတင်းထွက်ပေါ်နေမှုများသည် ကောလဟလသာဖြစ်ပြီး ဘဏ်များ ငွေကြေးအခက်အခဲရှိပါက ဗဟိုဘဏ်အနေဖြင့် ဥပဒေနှင့်အညီ ထောက်ပံ့သွားမည်ဟု သြဂုတ် ၁၇ရက် အစည်းအဝေးက ဆုံးဖြတ်လိုက်သည်။ 

"ငွေကြေးအခက်အခဲရှိပါက ဥပဒေ နှင့် အညီ ထောက်ပံ့သွားမည်ဖြစ်ပြီး ပြဋ္ဌာန်းထားသည့် သတ်မှတ်ချက်များ နှင့်အညီ ဆောင်ရွက်သွားမည်" ဟု သြဂုတ် ၁၇ရက် အစည်းအဝေးတွင် ဆုံးဖြတ်ကြောင်း MNTV သတင်းဌာနမှတစ်ဆင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ 

အစည်းအဝေးတွင် သက်ဆိုင်ရာ ဝန်ကြီး၊ ဒုဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့် ဗဟိုဘဏ် တာဝန်ရှိသူများပါဝင်ပြီး ဗဟိုဘဏ်ရုံးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

ထိုအစည်းအဝေးတွင် ငွေဈေးတည်ငြိမ်ရေးနဲ့ ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်ရမည့် အစီအစဉ်များလည်း ဆွေးနွေးခဲ့သည်ဟု သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly