လိင်ဆက်ဆံခြင်းဟာ လေဖြတ်ခြင်းကို အစပျိုးစေသလား

လိင်ဆက်ဆံခြင်းဟာ လေဖြတ်ခြင်းကို အစပျိုးစေသလား

 ရေးသားသူ Dr. Thant Zin 
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. Thurein Hlaing Win. 

လိင်ဆက်ဆံစဉ်မှာ သုံးရတဲ့ အင်အားဟာ လှေကား တစ်ထပ်  နှစ်ထပ်ကို တက်ရသလောက် ရှိပါတယ်။ လိင်ဆက်ဆံခြင်းဟာ ကျန်းမာရေးကောင်းသူတွေမှာ အသက်အန္တရာယ်ရှိတဲ့ လေဖြတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ငယ်ရွယ်တဲ့ ယောကျ်ားလေး၊ မိန်းကလေးများ လိင်ဆက်ဆံပြီး လေဖြတ်တာဟာ ရှားပေမယ့် မကြားဖူးတာတော့ မရှိပါဘူး။ တခြား ပုံမှန်ကြုံနေကြမဟုတ်တဲ့ တခြားအကြောင်းအရာတွေ၊ ဖြစ်ရပ်တွေ ပေါင်းပြီး ဖြစ်သွားတာလည်း ဖြစ်နိုင်ပါတယ်။

တချို့အကြောင်းအရာတွေဟာ သွေးခဲခြင်းဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။ လူတယောက်ဟာ လိင်ဆက်ဆံတာများပြီး အဲဒီအကြောင်းအရာတွေထဲက တချက်နဲ့သွားတိုက်ဆိုင်ရင် လေဖြတ်နိုင်ပါတယ်။ လိင်ဆက်ဆံနေစဉ်မှာ ဦးနှောက်ဟာ Endorphin၊ ယောကျ်ားလေးတွေမှာ Dopamine၊ မိန်းကလေးတွေမှာ Oxytocin စတဲ့ ဟော်မုန်းတွေ ထုတ်ပေးပါတယ်။ အဲဒီအခါ သွေးပေါင်ချိန်တက်စေပြီး ဦးနှောက်မှာ သွေးခဲခြင်း ဖြစ်ပေါ်စေနိုင်ပြီး လေဖြတ်နိုင်ပါတယ်။ သင့်ကျန်းမာရေး ကောင်းနေရင်တော့ လိင်ဆက်ဆံတာ ကောင်းပါတယ်။ များလွန်းရင်သာ ဘယ်အရာမှ မကောင်းတာ သတိပြုရပါမယ်။

လက်တွေ့ကြုံနိုင်သော ပြဿနာများ

  • တခြားကိစ္စတွေအတွက် ကြိုတင်ပြင်ဆင်သလိုပဲ လိင်ဆက်ဆံဖို့အတွက်လည်း ကြိုပြီး စီစဉ်ရပါမယ်။ အစပိုင်းမှာတော့ သိပ်ပြီး ရိုမန်တစ်မဖြစ်ပေမယ့် သက်တောင့်သက်သာရှိပြိး ကျေနပ်ဖွယ် ကောင်းပါလိမ့်မယ်။
  • နှစ်ဦးစလုံး အနားရပြီး သက်တောင့်သက်သာ အဆင်ပြေတဲ့အချိန်ကို ရွေးရပါမယ်။
  •  အရက်အလွန်အကျွံသောက်ခြင်းဟာ လိင်အင်္ဂါ စွမ်းဆောင်ရည်ကို အနှောက်အယှက်ပေးတာကြောင့် ရှောင်ကြဉ်ရပါမယ်။ အရက်ဟာ လူကို ပိုမိုပင်ပန်းပြီး အိပ်ငိုက်စေပါတယ်။
  • လေဖြတ်ဖူးထားလို့ လှုပ်ရှားမှု၊ အာရုံခံစားမှုကို အကန့်အသတ်ရှိနေရင် နှစ်ဦးစလုံး အဆင်ပြေစေတဲ့ အနေအထားကို ပြောင်းလဲရပါမယ်။ ဂျယ်လီနဲ့ ချောဆီတွေကလည်း ကူညီနိုင်ပါတယ်။
  • သက်တောင့်သက်သာရှိဖို့ သေချာစေရပါမယ်။ ဆိုဖာအခုအခံတွေက ထိခိုက်ထားတဲ့ လက် ခြေထောက်တွေကို အထောက်အကူ ပြုပါတယ်။
  • သင့်ရဲ့အဖော်နဲ့ ပြောဆိုပြီး ပြသနာတွေ ဘာရှိလဲ ရှာဖွေရပါမယ်။ အခက်အခဲတွေ ပြေလည်စေမယ့် နည်းလမ်းတွေ တွေ့နိုင်ပါတယ်။
  • ဆီးပိုက်ထည့်ထားချိန်မှာလည်း ဆက်ဆံနိုင်ပါတယ်။ အမျိုးသမီးများဟာ ပိုက်ကို ဘေးမှာဖယ်ပြီး တိပ်ကပ်ထားနိုင်ပြီး အမျိုးသားများဟာ ဆီးပိုက်ကို တန်ဆာပေါ်ကနေ ခေါက်ပြီး ကွန်ဒုံးကို အပေါ်ကစွပ်ပြီး အတူနေနိုင်ပါတယ်။
  • လိင်ဆက်ဆံခြင်းဟာ နူးညံ့သိမ်မွေ့တဲ့ကိစ္စ ဖြစ်ပါတယ်။ ကောင်းတာက လေဖြတ်ပြီး ပြန်ကောင်းလာသူတွေရော သူတို့အဖော်တွေပါ စိတ်ကျေနပ်မှုကို ရယူနိုင်ပါတယ်။ ကျန်းမာရေးအရ တည်ငြိမ်ကောင်းမွန်နေရင် လိင်ဆက်ဆံခြင်းကို စောစောပြန်စနိုင်လေ ကောင်းလေပါပဲ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly