ဆန်ဆေးရည်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ

ဆန်ဆေးရည်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ

 ရေးသားသူ Dr . Phyu Mon Latt
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

လူအတော်များများဟာသူတို့ ထမင်းချက်တဲ့အခါသုံးတဲ့ ဆန်ဆေးရည်ကိုလွှင့်ပစ်တတ်ကြပါတယ်။ ဒါဟာတကယ်တော့ ဆန်ဆေးရည်ကပေးတဲ့ အလှအပနဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူးတွေကို ဖြုန်းတီးပစ်နေတာနဲ့ အတူတူပါပဲ။ ဆန်ဆေးရည်မှာအရေပြားနဲ့ ဆံပင်အတွက် အကျိုးရှိတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ပါဝင်ပါတယ်။

ဆန်ဆေးရည်ရဲ့ နောက်ကွယ်ကပုံပြင်

ဆန်ဆေးရည်ကို နှစ်ပေါင်းများစွာကတည်းက အရှေ့ပိုင်းယဉ်ကျေးမှုတွေမှာ အသိအမှတ်ပြုနေကြပါတယ်။ အရှေ့တိုင်းသူတွေ အသားအရည်လှပတာ အံ့သြစရာမရှိပါဘူး။ အတိတ်ကာလတုံးက အရှေ့တောင်အာရှ နိုင်ငံတွေမှာအမျိုးသမီးတွေဟာသူတို့ရဲ့ မျက်နှာနဲ့ ဆံပင်အတွက် ဆန်ဆေးရည်ကို အသုံးပြုကြပြီး ဆန်ဆေးရည်နဲ့တောင် ရေစိမ်ချိုးလေ့ ရှိကြပါတယ်။ ဆန်ဆေးရေထဲမှာFerulic acid လို့ခေါ်တဲ့ ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိတဲ့ ဓါတ်တစ်မျိုးပါဝင်ပြီး နုနယ်ပျိုဖြစ်ပြီး လင်းလက်တောက်ပတဲ့ အသားအရေကိုထိန်းသိမ်းပေးပါတယ်။

ဆန်ဆေးရည်ကိုမျက်နှာသစ်ဆေးအဖြစ် အသုံးပြုပါတယ်။

ဂွမ်းလုံးလေးနဲ့ ဆန်ဆေးရည်ထဲကို နှစ်ပြီးမျက်နှာပေါ်ကနေ ပြန်သုတ်ပေးခြင်းအားဖြင့် မျက်နှာက သန့်ရှင်းရေး ပြုလုပ်ဖို့ အသုံးပြုနိုင်ပါတယ်။ ဒါဟာ အားထည့်စရာမလိုပဲ ရိုးရှင်းပြီး နှစ်မိနစ်လောက်ပဲ ကြာမှာ ဖြစ်ပါတယ်။ သင်လုပ်ရမှာကတော့ အရေပြားပေါ် ခြောက်သွားချိန်ကို စိတ်ရှည်လက်ရှည် စောင့်ရမှာဖြစ်ပါတယ်။ ဒါမှသာ အာဟာရဓါတ်တွေ အရေပြားထဲကို သေသေချာချာဝင်သွားမှာ ဖြစ်ပါတယ်။

ဆန်ဆေးရည်ကို မျက်နှာမှာ တိုနာအဖြစ် အသုံးပြုပါတယ်။

တကယ်လို့ သင်ဟာမိတ်ကပ်အများကြီး သုံးတတ်တဲ့သူဆိုရင် သင့်အသားအရည်ကို ၁၀၀% သန့်ရှင်းစေဖို့ မျက်နှာသန့်စင်တဲ့ အရာတစ်ခုခုကို သုံးသင့်ပါတယ်။ ဆန်ဆေးရည်ကို သန့်ရှင်းရေးလုပ်ပြီးရင်လည်း တိုနာအဖြစ် သုံးနိုင်ပါသေးတယ်။ ဆန်ဆေးဟာ သင့်မျက်နှာကို ကြည်လင်စေဖို့ သွေးစီးဆင်းမှုကို တိုးတက်စေပြီးသင့်ရဲ့ ချွေးပေါက်တွေကို ကျဉ်းစေပြီးတော့ သင့်အသားအရေကို တင်းရင်းစေပါတယ်။

ဝက်ခြံပျောက်ကင်းအောင် ဆန်ဆေးရည်ကို အသုံးပြုပါတယ်။

ဆန်ဆေးရည်ဟာ ရောင်ရမ်းခြင်းကို ကျဆင်းစေခြင်းမှာ နာမည်ကျော်ပါတယ်။ ဒါ့ကြောင့် သူဟာဝက်ခြံကိုပျောက်ကင်းမှုကို အရှိန်မြင့်တက်စေပါတယ်။ ဝက်ခြံပေါ်မှာ လိမ်းလိုက်တဲ့အခါ ဝက်ခြံအမြောက်အများ ထွက်ခြင်းကြောင့် ဖြစ်တတ်တဲ့ အနီကွက်ဖြစ်မှုကို သက်သာစေတဲ့ အဆီထွက်သက်သာစေတဲ့ အရည်အဖြစ် အလုပ်လုပ်ပါတယ်။

ဆန်ဆေးရည်ကိုခေါင်းလျှော်ဖို့ အသုံးပြုပါတယ်။

သင့်ဆံပင်ကို တောက်ပသန်စွမ်းဖို့အတွက် ဆန်ဆေးရည်နဲ့ ခေါင်းလျှော်တာကို စမ်းသပ်ကြည့်သင့်ပါတယ်။ တကယ်လို့ သင့်ဆံပင်ဟာ အာဟာရပိုမိုလိုအပ်ခဲ့ရင် ဆန်ဆေးရည်ထဲကို essential oils အနည်းငယ် ထည့်ပါ။ သင့်ဦးရေပြားကို နူးညံ့စွာ နှိပ်နယ်ပြီးဆံပင်ပေါ်မှာ ခဏထားပြီးတော့ ရေသန့်သန့်နဲ့ ပြန်လည်ဆေးကြောပါ။ ဆန်ဆေးရည်မှာပါဝင်တဲ့ inositol ဟာ သင့်ဆံပင်ရဲ့ ကျုံ့နိုင် ဆန့်နိုင်တဲ့ ဂုဏ်သတ္တိကို အားပေးပြီးပွတ်တိုက်ခြင်းကို သက်သာစေပါတယ်။

ဆန်ဆေးရည်နဲ့ မိမိကိုယ်ကို ပြုလုပ်နိုင်တဲ့ အရာကို အကောင်းဆုံးပြုလုပ်ဖို့အတွက် သင့်မှာဆန်နဲ့ ရေပဲလိုအပ်ပါတယ်။ ဆန်ဆေးရည်ကိုလေလုံနဲ့ ခွက်တစ်ခုထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ တစ်ပတ်ကြာအောင် သိမ်းဆည်းထားပြီး အသုံးပြုနိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly