Samsung Galaxy Note 5 သြဂုတ် ၂၃ တွင်မြန်မာနိုင်ငံတွင် ၀ယ်ယူနိုင်မည်

Samsung Galaxy Note 5 သြဂုတ် ၂၃ တွင်မြန်မာနိုင်ငံတွင် ၀ယ်ယူနိုင်မည်

ရန်ကုန်၊ သြဂုတ် ၁၇ ။         ။ Samsung ၏ နောက်ဆုံးထုတ်ကုန် Galaxy Note 5 ကို ပြည်တွင်းတွင် သြဂုတ် ၁၇ ရက်က မိတ်ဆက်လိုက်ပြီး သြဂုတ် ၂၃ ရက်မှ စတင်ပြီး မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်မည် ဖြစ်သည်။

Samsung Galaxy Note 5 ကို သြဂုတ် ၁၇ ရက်က ရန်ကုန်မြို့  Novotel Hotel Yangon တွင်  မိတ်ဆက်ခဲ့ပြီး မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်မည့် အချိန်၌ အနက်ရောင် (Black Sapphire) နှင့် ရွှေရောင် (Gold Platinum) တို့ကို 32GB storage အရွယ်အစားနှင့် ရရှိနိုင်မည်ဖြစ်သည်။

စတင်ရောင်းချမည့် သြဂုတ်  ၂၃ ရက် တစ်ရက်ထဲတွင် ရောင်းချမည့် အထူးဈေးနှုန်းမှာ ၈၅၀၀၀၀ ကျပ်  ဖြစ်ပြီး ငွေကျပ် ၁၅၀၀၀၀ ထပ်ဆောင်း အပိုပစ္စည်းများရရှိနိုင်မည်ဟုလည်း Samsung က ထုတ်ပြန် သည်။ 

သြဂုတ် ၂၃ ရက် နောက်ပိုင်း ဈေးနှုန်းမှာ ၈၈၀၀၀၀ ကျပ် ဖြစ်သည်။ Samsung Galaxy Note 5  သည်  ၅.၇ လက်မ ရှိသော Quad HD Super AMOLED မျက်နှာပြင်ဖြင့် ဖြစ်ပြီး S Pen လည်းပါဝင် မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly