မြန်မာ့ကြက်မွေးမြူရေး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မြန်မာ့ကြက်မွေးမြူရေး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မြန်မာ့ကြက်မွေးမြူရေးရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာလ ၂၆ ရက်နေ့တွင် မန္တလေးစွမ်းဟိုတယ်၌ မန္တလေးတိုင်းဒေသကြီး မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်က ဦးဆောင်ကျင်းပခဲ့သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ရက်က နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သော အလုပ်ရုံဆွေးနွေးပွဲမှ ရလဒ်များအား တက်ရောက်လာသူများကဆွေးနွေးခဲ့ကြပြီး အုပ်စုဖွဲ့ ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။

''ဒီအလုပ်ရုံ ဆွေနွေးပွဲက ပြီးခဲ့တဲ့လက နေပြည်တော်မှာ လုပ်ခဲ့တဲ့ပွဲက ရလာဒ်တွေကိုပြန်ဆွေးနွေးတာတွေ၊ အဲဒီအချက်တွေကို ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာတွေကို   ပြန်ဆွေးနွေးမှာပါ။ ရွေးချယ်ထားတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်မယ့်ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေကို အချိန်ကာလ သတ်မှတ်တာတွေကို အကြံပြုတာတွေ ပါတယ်''ဟု မန္တလေးတိုင်းဒေသကြီး   မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထင်က ပြောသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှုးချုပ်က ထိုင်းနိုင်ငံ၏ ကြက်မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခဲ့သည်များအား ပြန်လည်မျှဝေခဲ့သည်။

နေပြည်တော်တွင် ပြုလုပ်ခဲ့သော အလုပ်ရုံဆွေးနွေးပွဲမှ ကုန်ထုတ်လုပ်မှုတိုးတက်ရေး၊ ဈေးကွက်တည်ငြိမ်ရေး၊ မူဝါဒချမှတ်ရေး  အစရှိသော ခေါင်းစဉ် ၃ ခုအောက်မှ အချက် ၂၀ ကျော်တို့ အတည်ပြု ထွက်ပေါ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly