အာစင်ဝင်းဂါးကို ရာထူးမှ ထုတ်ပယ်လိုက်ရန်မှာ လွယ်ကူကြောင်း အာဆင်နယ်အသင်းပိုင်ရှင် ခရွန်ကီ ပြော

အာစင်ဝင်းဂါးကို ရာထူးမှ ထုတ်ပယ်လိုက်ရန်မှာ လွယ်ကူကြောင်း အာဆင်နယ်အသင်းပိုင်ရှင် ခရွန်ကီ ပြော

အောက်တိုဘာ ၂၆၊ အင်္ဂလန် ။                     ။ အာဆင်နယ်အသင်း၏အဓိကရှယ်ယာရှင်တစ်ဦးဖြစ်သည့် ခရွန်ကီက ၎င်းတို့အနေဖြင့် အာစင်ဝင်းဂါးကို ထုတ်ပယ်ပစ်လိုက်ရန်မှာ အလွန်လွယ်ကူကြောင်း ပြောဆိုလိုက်သည်။

သို့သော် ၎င်းက အာစင်ဝင်းဂါးကို စာချုပ်သက်တမ်းတိုးခဲ့ခြင်းမှာ အနာဂတ်ကိုကြည့်၍ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

ယမန်နှစ်ရာသီက အာဆင်နယ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးခဲ့ရပြီးနောက် အာဆင်နယ်ပရိသတ်များက အာစင်ဝင်းဂါးကို ရာထူးမှ ထုတ်ပယ်ပြစ်ရန် တောင်းဆိုခဲ့ကြသော်လည်း အသင်းတာဝန်ရှိသူများက ဝင်းဂါးကို ၂ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့သည်။

“ဒီလိုဆုံးဖြတ်ချက်ကိုချဖို့ဆိုတာက မတူညီတဲ့ အခြေအနေတွေကို အများကြီး ချိန်ဆရပါတယ်။ မှန်မှန်ကန်ကန် ချိန်ဆနိုင်မှသာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်လာမှာပါ။ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်မှန်တယ်လို့ ထင်ပါတယ်။

နည်းပြကို ရာထူးက ထုတ်ပယ်လိုက်ဖို့ဆိုတာ အရမ်းလွယ်ပါတယ်။ ဒါပေမယ့် ဒါက လူတိုင်း လုပ်နေကြပါ။ ကျွန်တော်တို့ အဖွဲ့အစည်းအမျိုးမျိုးနဲ့ဆွေးနွေးခဲ့ပါတယ်။ အာစင်ဝင်းဂါးဟာ တကယ်ကိုကောင်းမွန်တဲ့အရာတွေလုပ်ဆောင်ပေးသူဖြစ်ပြီး အသင်းအတွက် မှန်ကန်တဲ့ နည်းပြဖြစ်ပါတယ်။

သူ့ပုံစံက အရင်ကထက် ပိုပြီး အောင်မြင်မှုကို ရယူချင်နေပါတယ်။ သူ့ကို ကျွန်တော်တို့ ဝန်းရံပေးသွားမှာပါ” ဟု ခရွန်ကီက ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly