ပေါ့ဂ်ဘာကိုရောင်းချမှုတွင် ဂျူဗင်တပ်အသင်း မသမာမှုပြုလုပ်ခြင်းမရှိဟု ဖီဖာဆုံးဖြတ်

ပေါ့ဂ်ဘာကိုရောင်းချမှုတွင် ဂျူဗင်တပ်အသင်း မသမာမှုပြုလုပ်ခြင်းမရှိဟု ဖီဖာဆုံးဖြတ်

 

အောက်တိုဘာ ၂၆၊ တူရင်။               ။ ပေါ့ဂ်ဘာကို မန်ချက်စတာယူနိုက်တက်အသင်းထံ ငွေကြေးအမြောက်အများဖြင့် ရောင်းချခဲ့ရာတွင် ဂျူဗင်တပ်အသင်း မသမာမှု တစ်စုံတစ်ရာပြုလုပ်ခဲ့ခြင်းမရှိဟု အဖြေထွက်ပေါ်လာပြီဖြစ်သည်။

ယမန်နှစ်က တူရင်မှ ပရီးမီးယားလိဂ်သို့ ပြင်သစ်ကွင်းလယ်လူပေါ့ဂ်ဘာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး(ယင်းနှစ်က) ပေါင် ၈၉ ဒသမ ၃ သန်းဖြင့်ပြောင်းရွှေ့ခဲ့မှုအပေါ် စစ်ဆေးနေကြောင်း မေလတွင် ဖီဖာက ကြေညာခဲ့သည်။

ယူနိုက်တက်တွင်အပြစ်ကင်းကြောင်း ဇွန်လတွင် ဖီဖာကဆုံးဖြတ်ခဲ့သော်လည်း စီးရီးအေကလပ်ဂျူဗင်တပ်မှာမူ အေးဂျင့် ရွိုင်အိုလာနှင့် စီစဉ်သည့်ကိစ္စမှာ တတိယကြားခံလူပိုင်ဆိုင်သည့်စည်းမျဉ်းနှင့် ငြိစွန်းဖွယ်ရှိသည်ဟုဆိုကာ စုံစမ်းစစ်ဆေးခဲ့သည်။

ယခုအခါတွင် ဂျူဗင်တပ်လည်းအပြစ်ကင်းကြောင်း ဖီဖာကအတည်ပြုခဲ့ပြီး ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ဂျူဗင်တပ်အသင်းနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ရာမှာ ကစားသမားအပြောင်းအရွှေ့နဲ့ပတ်သက်တဲ့ စည်းကမ်းချိုးဖောက်မှုတစ်ခုမှမရှိခဲ့လို့ စွဲချက်တွေအားလုံးကိုပယ်ဖျက်ဖို့ စည်းကမ်းထိန်းသိမ်းရေးကော်မတီက ဆုံးဖြတ်လိုက်ပါတယ်။

ပေါ့ဂ်ဘာရဲ့အပြောင်းအရွှေ့မှာ စည်းကမ်းဖော်ဖျက်ကြောင်း လုံလောက်တဲ့သက်သေလည်းမရှိပါဘူး”ဟု ပြောသည်။

ပေါ့ဂ်ဘာသည် လက်ရှိတွင် စက်တင်ဘာ ၂ ရက်က ဘေဆယ်နှင့်ကစားခဲ့သည့်ချန်ပီယံလိဂ်အုပ်စုပွဲမှရရှိခဲ့သည့် ဒူးကောက်ကြောဒဏ်ရာကြောင့် အနားယူနေရသည်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly