ချင်းပြည်နယ် ကန်ပက်လက် မြို့ကို ချယ်ရီမြို့တော်အဖြစ်ဖန်တီးမည်

ချင်းပြည်နယ် ကန်ပက်လက် မြို့ကို ချယ်ရီမြို့တော်အဖြစ်ဖန်တီးမည်
Mt. Kimo, Paletwa Township

 

ရန်ကုန်၊ အောက်တိုဘာ ၂၅ ။              ။ ချင်းပြည်နယ် ကန်ပက်လက်မြို့တွင် ချယ်ရီပန်းပင်များစိုက်ပျိုးပြီး ချယ်ရီမြို့တော်အဖြစ်အသွင်းပြောင်းရန် ချင်းပြည်နယ်အစိုးရက စီစဉ်ဆောင်ရွက် နေကြောင်း ချင်းပြည်နယ် စည်ပင်သာယာရေး၊ စက်မှု နှင့် လျှပ်စစ်ဝန်ကြီးဌာန၊ ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်ကပြောဆိုလိုက်သည်။

ချယ်ရီအပင်များစိုက်ပျိုးမည့်နေ့ရက်ကို ဝန်ကြီးက “ လာမယ့် မိုးတွင်းကနေစမယ် “ ဟု ဆိုသည်။

ချင်းပြည်နယ်အစိုးရသည် ချင်းပြည်နယ်အတွင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများဖွံဖြိုးတိုးတတ်စေရန် အရေးပေးလုပ်ဆောင်နေပြီး ခရီးသွားလုပ်ငန်း ဖွံဖြိုးစေရန်ရည်ရွယ်ကာ ကန်ပက်လက် မြို့တွင် ချယ်ရီပန်းပင်ပေါင်း တစ်သောင်း (၁၀၀,၀၀) စိုက်ပျိုးမည်ဖြစ်သည်။

ကန်ပက်လက်မြို့သည် မြန်မာ့ယဉ်ကျေးမှုနယ်မြေဖြစ်သည့် ပုဂံမှ သွားပါက ၄ နာရီခန့်သာ ကားစီးရသောနေရာလည်းဖြစ်သည်။

အဆိုပါ ချယ်ရီမြို့တော်အဖြစ်ဖန်တီးခြင်းကို ချင်းပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာရေးအဖွဲ့၊ ကန်ပက်လက်မြို့အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်း များနှင့် မြို့နယ်ဒေသခံများဆွေးနွေးညှိနှိုင်း၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်းလည်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly