သီတဂူတက္ကသိုလ်၌ လက်နက်များ သိမ်းဆည်းရမိ ခဲ့သည်ဟု ဖော်ပြခဲ့သည့် အကောင့်ပိုင်ရှင်များအား ၆၆ ဃ ဖြင့် အမှုဖွင့်

သီတဂူတက္ကသိုလ်၌ လက်နက်များ သိမ်းဆည်းရမိ ခဲ့သည်ဟု ဖော်ပြခဲ့သည့် အကောင့်ပိုင်ရှင်များအား ၆၆ ဃ ဖြင့် အမှုဖွင့်

 

ရန်ကုန် အောက်တိုဘာ ၂၅ ။         ။ သီတဂူဗုဒ္ဓတက္ကသိုလ်တွင် လက်နတ်ခဲယမ်းများ တွေ့ရှိရသတင်းမှာ သတင်းအမှားဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက မနေ့ က Facebook Page မှတစ်ဆင့် ထုတ်ပြန်ခဲ့ ပြီးနောက် သီတဂူသာသနာပြုအဖွဲ့က မမှန်မကန် ဖော်ပြခဲ့သည့် Facebook အကောင့်များကို ဆက်သွယ်ရေး ဥပဒေ ၆၆ ဃ ဖြင့် ယနေ့ အောက်တိုဘာလ ၂၄ ရက်နေ့က ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့ကြောင်း သိရသည်။

ယင်းသတင်းများမှာ အများပြည်သူထင်ယောင် ထင်မှားဖြစ်စေရန် ရေးသားဖော်ပြသည့်သတင်း အမှားဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဋ္ဌာနက အောက်တိုဘာ ၂၃ ရက်နေ့ ညပိုင်းက ထုတ်ပြန်ခဲ့သည်။

ထို့နောက် Rohingya Hajee Ismail အကောင့်ပိုင်ရှင်(စုံစမ်းဆဲ)Burma Muslims အကောင့်ပိုင်ရှင် (စုံစမ်းဆဲ)မြန်မာပြည် ထိပ်တန်းသတင်းထူးများ အကောင့်ပိုင်ရှင် (စုံစမ်းဆဲ) Faisal Thar Thakhin အကောင့် ပိုင်ရှင်(စုံစမ်းဆဲ)နှင့် Aung Kyaw Oo အကောင့်ပိုင်ရှင်(စုံစမ်းဆဲ)တို့ကို အမှုဖွင့်ခဲ့သည်။

လူမှုကွန်ရက် အင်တာနက်စာမျက်နှာပေါ်တွင် သီတဂူဗုဒ္ဓ တက္ကသိုလ်နှင့်ပတ်သက်၍ မမှန်မကန် ရေးသား ဖော်ပြခဲ့သည့်အတွက် သီတဂူဆရာတော်၏ သာသနာပြုလုပ်ငန်းများကို ပုတ်ခတ်စော်ကားရုံ သာမက သီတဂူတက္ကသိုလ်အား အသရေဖျက် စေရန်ဆောင်ရွက်သူများအပေါ် စုံစမ်း ဖော်ထုတ် အရေးယူပေးရန် သီတဂူသာသနာပြုအဖွဲ့က တိုင်တန်းသဖြင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မ ရဲစခန်းက (ပ)၁၆၄၉/၂၀၁၇၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly