ကျွဲကောပင် စိုက်ပျိုးရေး အပိုင်း (၂)

25 October 2017
ကျွဲကောပင် စိုက်ပျိုးရေး အပိုင်း (၂)

                                 

ကိုင်းခူးရတော့မယ် ဆိုလို့ရှိရင် ကိုင်းကြီးလှတဲ့ကိုင်းတွေ ရွေးရတယ်။ နောက် အပင်သန်ရမယ်။ အပင်ရောဂါကင်းရမယ်။ ကိုင်းမှာလည်း ရောဂါကင်းရမယ်။

 အခုလိုကိုင်းကို ခြစ်ပြီးတဲ့အချိန်မှာတော့ မျိုးခူးဖို့ထုတ်ထားတဲ့ အထုတ်ကလေးတွေကို အလယ်က ခွဲပြီး ခြစ်ထားတဲ့ ကိုင်းပေါ်မှာ ၂ လခန့် ချည်နှောင်ပေးရမှာပါ။

၂ လခန့် ကြာတဲ့အခါမှာတော့ အမြစ်တွေထွက်လာပြီး၊ မျိုးကူးထားတဲ့ ကိုင်းအောက်ကနေ ဖြတ်ရမှာပဲ ဖြစ်ပါတယ်။

 ရလာတဲ့အကိုင်းကိုတော့ မြေဆွေး၊ သဲ၊ အုန်းဇံမှုန့်၊ ဖွဲဆပ်ပြာ၊ နွာချေး၊ စတာတွေနဲ့ ရောနယ်ထားတဲ့ မြေထုတ်ထဲကို ပြောင်းလဲစိုက်ပျိုးပေးရပါမယ်။

ပျိုးအိပ်ကိုမြေကြီးသက်သက် ထုတ်ထားရင်တော့ လေးတဲ့အတွက် သယ်ယူရမှာ အခက်အခဲဖြစ်စေပါ တယ်။ ဒီအတွက်ကြောင့် ဖွဲဆပ်ပြာကိုထည့်ပြီးအသုံးပြုတယ်လို့လဲ သိရပါတယ်။

ကျွဲကောပင် စိုက်ပျိုးရေး အပိုင်း(၁)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly