ပါတီ၏ ပူးတွဲဥက္ကဌ ရာထူးက ရပ်ဆဲခံရသည့် သူရဦးရွှေမန်း ရေဘေးသင့်ပြည်သူများသို့ အလှူငွေပေးအပ်ပွဲ တက်ရောက်

ပါတီ၏ ပူးတွဲဥက္ကဌ ရာထူးက ရပ်ဆဲခံရသည့် သူရဦးရွှေမန်း ရေဘေးသင့်ပြည်သူများသို့ အလှူငွေပေးအပ်ပွဲ တက်ရောက်
အလှူငွေ ပေးအပ်ပွဲတွင ်တွေ့ရသည့် သူရဦးရွှေမန်း။ ဓါတ်ပုံ - ဟောင်ဆာ (ရာမည)

နေပြည်တော်၊ သြဂုတ် ၁၇ ။       ။ သြဂုတ် ၁၂ ရက်က ပါတီ၏ ပူးတွဲဥက္ကဌ ရာထူးမှ  ရပ်ဆဲခံခဲ့ရသည့် သူရဦးရွှေမန်းသည်  လွှတ်တော် ကိုယ်စားလှယ်၊ ဝန်ထမ်းများ၏ ရေဘေးသင့်ပြည် သူများအား အလှုပေးအပ်ပွဲသို့ တက်ရောက်ခဲ့သည်။

သူရဦးရွှေမန်းသည် ရာထူးမှ ဖယ်ရှားခံရပြီးနောက် ပထမဦးဆုံးအကြိမ် အများပြည်သူရှေ့ ထွက်ပေါ်ပြီး တက်ရောက်ခဲ့သည့် ပွဲလည်းဖြစ်ကာ နေပြည်တော်ရှိ လူမှုဝန်ထမ်းနှင့်ပြန်လည်နေရာ ချထားရေးဝန် ကြီး ဌာန တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်များ အပါဝင် ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့ လွှတ်တော်ရုံး ဝန်ထမ်းများက ရေဘေး သင့်ပြည်သူများသို့ အလှူငွေနှင့်ပစ္စည်းလှူဒါန်းခြင်းဖြစ်သည်။

အဆိုပါပွဲတွင် အလှူငွေ သိန်းလေးရာကျော် လှူဒါန်းခဲ့ပြီး သူရဦးရွှေမန်းက ၎င်းအနေဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ၏ စုစည်းမှုများ ကိုဖော်ဆောင်ရင်းပြည်သူများ ၏ဘေးဒုက္ခကို ဝင်ရောက် ကာကွယ်နိုင်ရန် အလှူငွေ ကောက်ခံခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

အဆိုပါ အလှူငွေပေးအပ်ပွဲကို နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ကယ် ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနရုံး အပေါ်ထပ် ခန်းမဆောင်တွင်ကျင်းပခြင်းဖြစ်သည်။

သူရဦးရွှေမန်းက `` မိမိအနေနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီအနေနဲ့ ပါတီရဲ့ Image (ပုံရိပ်)၊ ပါတီရဲ့စုစည်းမှုအားကို ဖော်ဆောင်ရင်း တစ်ဖက်က ပြည်သူများရဲ့ဘေးဒုက္ခကို ဝင်ရောက် ကာကွယ် ဖို့ ကယ်တင်နိုင်ဖို့အတွက် အလှူငွေများ ကောက်ခံခဲ့တာရှိပါတယ်။ မူလရည်မှန်းချက် ကတော့ သိန်း သောင်းဂဏန်း၊သိန်းထောင် ဂဏန်းရမယ်လို့ ရည်မှန်ထားပါတယ်`` ဟု ပြောသည်။  

ယင်းအပြင် ၎င်းက ဆက်လက်ပြီး ၎င်းအနေဖြင့် ဧရာဝတီတိုင်းမှုး တာဝန်ယူစဉ်တွင် ကယ်ဆယ်ရေး နှင့်လှူ ဒါန်းရေးထက် တာများ မကျိူးပေါက်ရေး၊ တာများ ရေမကျော်ရေးအတွက် ပဲခူးတိုင်း အနောက်ခြမ်းနှင့်၊ ဧရာဝတီ တိုင်း ဟင်္သာတခရိုင်၊မအူပင်ခရိုင်များတွင် ဆောင်ရွက်ခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။        

သူရဦးရွှေမန်းကို သြဂုတ် ၁၂ ရက်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပူးတွဲ ဥက္ကဌ ရာထူးမှ ဖယ်ရှားခဲ့ပြီး ဦးဌေးဦးကို ယင်းရာထူးပေးအပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly