ရေစကြိုမြို့နယ်တွင် ကမ်းပါးပြို၍ နေအိမ်အချို့ ရွှေ့ပြောင်းနေရ

ရေစကြိုမြို့နယ်တွင် ကမ်းပါးပြို၍ နေအိမ်အချို့ ရွှေ့ပြောင်းနေရ

ပခုက္ကူ၊အောက်တိုဘာ ၂၄ ။         ။ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ် ပေါက်တောကျွန်းကျေးရွာတွင် မြစ်ရေတိုက်စား၍ ကမ်းပါးပြိုမှုကြောင့် နေအိမ်များ ရွှေ့ပြောင်းနေရကြောင်း ဒေသခံများထံမှသိရသည်။

၂၀၁၆ခုနှစ်တွင် ကမ်းပါးပြိုမှုများ စတင်ခဲ့ခြင်းဖြစ်၍အိမ်ခြေ ၈၀ ဝန်းကျင်ရွှေ့ပြောင်းခဲ့ရကာ လက်ရှိအချိန်တွင် ကျေးရွာတစ်ဝက်နီးပါး ကမ်းပါးပြိုသည့်အထဲတွင် ပါဝင်သွားခဲ့ပြီဖြစ်သည်ဟု ဒေသခံ ဦးတင်ကိုက ပြောသည်။

"ဒီနှစ် ရေဦးပေါက်အချိန်ကတည်းက စတင်ပြိုခဲ့တာ လက်ရှိအချိန်အထိတော့ အိမ်ခြေ ၃၆လုံး ရွှေ့ပြောင်းခဲ့ရပါတယ်"၎င်းက ဆိုသည်။

ယင်းရွှေ့ပြောင်းရသည့် နေအိမ်များအတွက် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ အိမ်ထောင်စု တစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း ၉မျိုးနှင့် စားနပ်ရိက္ခာထောက်ပံမှုများပြုလုပ်နေသည်ဟု သိရသည်။

အိမ်ထောင်စု တစ်စုကို ကယ်ဆယ်ရေးပစ္စည်း ၉မျိုး၊ ကျားလုံချည်၊ မလုံချည်၊ ဆပ်ပြာ၊ စောင်၊ ခြင်ထောင်၊ ဒန်အိုး၊ ဇလုံးဒန်အိုး တွေကိုထောက်ပံ့ပါတယ်။ ပြီးတော့ စားနပ်ရိက္ခာ အတွက် အနေနဲ့ မိသားစုဝင်တဦးကို ၂၁၀၀နှုန်းနဲ့ ထောက်ပံ့ပါတယ်။ အိမ်ဆောက်ပစ္စည်းစရိတ်အတွက်လည်း တစ်အိမ်ထောင် တစ်သိန်းနှုန်းထောက်ပံ့ပေးဖို့ ရှိပါသေးတယ်"ဟု ပခုက္ကူခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာမှ ဦးစီးအရာရှိ ဒေါ်မြထွေးကဆိုသည်။

ကျေးရွာဒေသခံများအနေဖြင့် လက်ရှိအချိန်အထိ ကမ်းပါးပြိုမှုများနှင့်ရင်ဆိုင်နေရပြီး ဘေးလွတ်ရာ ကုန်းမြင့်များသို့ ရွှေ့ပြောင်းရန် မိမိတို့အစီအစဉ်ဖြင့် စီစဉ်ထားလျှက်ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly