“မဲပေးခဲ့ကြသူအားလုံးကို ကျေးဇူးတင်ပါတယ်” စီရော်နယ်ဒို

“မဲပေးခဲ့ကြသူအားလုံးကို ကျေးဇူးတင်ပါတယ်” စီရော်နယ်ဒို

အောက်တိုဘာ ၂၄၊ လန်ဒန် ။         ။ ရီးယဲလ်တိုက်စစ်မှူးစီရော်နယ်ဒိုဟာ FIFA The Best ဆုကို ၂ နှစ်ဆက်တိုက် ဆွတ်ခူးရရှိသွားခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက ရီးယဲလ်အသင်းအတွက် လာလီဂါဖလားနဲ့ချန်ပီယံလိဂ်ဖလားတို့ကို ရယူပေးနိုင်ခဲ့တာကြောင့် ရေပန်းစားခဲ့တဲ့အတိုင်း ဆုရရှိသွားခဲ့တာဖြစ်ပါတယ်။

စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ၁၂ အတွင်းမှာ နိုင်ငံနဲ့ကလပ်အသင်းအတွက် ၄၄ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဆုရရှိပြီးတဲ့နောက်မှာ စီရော်နယ်ဒိုက ကျေးဇူးတင်စကားပြောဆိုခဲ့ပါတယ်။

“ကျွန်တော့်ကို မဲပေးခဲ့ကြတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီနေရာကို ရောက်ရှိနေကြတဲ့ နေမာနဲ့မက်ဆီတို့ကိုလည်း အသိအမှတ်ပြုချင်ပါတယ်။ ရီးယဲလ်ပရိသတ်တွေ၊ ကျွန်တော့်ရဲ့အသင်းဖော်၊ ကျွန်တော့်ရဲ့နည်းပြ၊ ကျွန်တော့်ရဲ့ဥက္ကဋ္ဌ.. ကျွန်တော့်ကို ကူညီထောက်ပံ့ပေးခဲ့ကြတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။

အင်္ဂလန်မှာ ကျွန်တော်တို့ဆုပေးပွဲတက်ရောက်ရတာ ဒါပထမဆုံးပါ။ ၂ နှစ်ဆက်တိုက် ဆုရခဲ့လို့ အရမ်းဝမ်းသာမိပါတယ်။ ကျွန်တော့်အတွက် ကြီးကျယ်တဲ့ အခိုက်အတန့်ပါပဲ။

ဖီဖာက ပရိသတ်တွေကို အခွင့်အရေးပေးခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ ကျွန်တော့်ပရိသတ်တွေအများကြီးရှိတယ်ဆိုတာ သိပါတယ်။ သူတို့ရဲ့အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ သူတို့ရဲ့ ထောက်ခံမှုကို တန်ဖိုးလည်းထားပါတယ်။ ကျွန်တော်အရမ်းပျော်ပါတယ်။ ကျေးဇူးတင်ပါတယ်ဗျာ”

အကောင်းဆုံးနည်းပြဆုကို ဆက်လက်ချီးမြှင့်ခဲ့ရာမှာ ရီးယဲလ်နည်းပြ ဇီဒန်းက ရရှိခဲ့ပြီး အမျိုးသမီးအကောင်းဆုံးဘောလုံးသမားဆုကိုတော့ နယ်သာလန်လက်ရွေးစင်တိုက်စစ်မှူး လီကီမာတန့်စ်က ရရှိသွားခဲ့ပါတယ်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly