အစာအိမ်နဲ့ အူလမ်းကြောင်း ပြဿနာအဖြေရှာ . . . (အပိုင်း -၂)

အစာအိမ်နဲ့ အူလမ်းကြောင်း ပြဿနာအဖြေရှာ . . . (အပိုင်း -၂)

မင်္ဂလာပါခင်ဗျာ။ မဇ္ဈိမရဲ့ ကျန်းမာရေးရာအဖြေရှာကဏ္ဍကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ကလေးပဲဖြစ်ဖြစ် လူကြီးပဲဖြစ်ဖြစ် ကျား/မ အရွယ်စုံမှာဝမ်းချုပ်တာနဲ့ ဗိုက်အောင့်ဝေဒနာတွေကတော့ ခံစားဖူးကြမှာဖြစ်ပါတယ်။

အဲဒီဝေဒနာတွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးပေးဖို့အတွက်   ဆေးတက္ကသိုလ်အစာအိမ်နှင့်အူလမ်းကြောင်းဆေးပညာဌာနရဲ့ ဂုဏ်ထူးဆောင် ပါမောက္ခဖြစ်သူ ဆရာမကြီးဒေါ်သန်းသန်းဆွေကို   မေးခွန်းတွေ အဖြေရှာဖို့အတွက် ကျွန်တေ်ာတို့ရဲ့ မဇ္ဈိမစတူဒီယိုထဲကို ဖိတ်ခေါ်ထားပါတယ်ခင်ဗျာ။ ဆရာမကြီးမင်္ဂလာပါခင်ဗျာ။ ကျွန်တော်တို့ရဲ့ ကျန်းမာရေးရာအဖြေရှာကဏ္ဍကနေ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်ခင်ဗျာ။

 မေး။  ။ ဟုတ်ကဲ့ပါ အခုတစ်ခါ မေးထားတဲ့သူကတော့ Khin Moe Tun လို့ အမည်ရတဲ့ အကောင့်နာမည်က မေးထားတာပါ။ အစာအိမ်ပူပြီး တောင့်လို့ ဆေး ၂ ပတ် သောက်နေရပါတယ်။ သူ့ရဲ့ ဆေးသောက်တဲ့ Course က ပြည့်တော့မယ် ၊ ထမင်းစားပြီး တစ်နာရီလောက်ကြာရင် ချက်အပေါ် နားလေးမှာ ပူပြီး မအီမသာ ဖြစ်နေပါတယ်။ လေလည်း ထနေပါတယ်။ အရှင်းပျောက်အောင် ဘယ်လို လုပ်ရမလဲဆိုတာ ကျေးဇူးပြု၍ ဖြေကြားပေးပါ ခင်ဗျာတဲ့။

ဖြေ။   ။ သူ့ရဲ့ မေးထားတဲ့အထဲမှာ ၊ဆေး ၂ ပတ် သောက်နေရတယ်ဆိုကတည်းက ကျမတို့ အတွေ့ အကြုံနဲ့ ခန့်မှန်းပေးထားတာကတော့ ၊ အစာအိမ်ရောင်စေတဲ့အရာ လုပ်ထားလား။ ဒါမှမဟုတ်ရင် အစာပြွန်ရဲ့အောက်ခြေ ရောင်တာကိုပဲ အချဉ်ပြေဆေး ပေးထားသလားလို့ ခန့်မှန်းရပါတယ်။ အဲဒီလိုခန့်မှန်းရတဲ့အခါကျတော့ ဒီလိုအခြေအနေမျိုးမှာပဲ အစားအသောက်ကလဲ ပုံမှန်စားနေကြ စားလို့မရဘူး။ အစာအိမ်ကို ကူညီပေးမယ့် အစာအိမ်ရဲ့ လုပ်အားက နည်းနည်းလေးနဲ့ အစာကြေစေ တဲ့ အစာမျိုးကို စားသင့်တာပေါ့နော်။ နောက်တစ်ခုကလည်း ထမင်းစားပြီး တစ်နာရီလောက်ကြာရင် ချက်အပေါ်နားလေးမှာ ပူပြီးတော့ မအီမသာဖြစ်တယ်ဆိုတဲ့အခါကျတော့၊ ဒီချက်အပေါ်နားမှာတော့ ထုံးစံအတိုင်းပဲ အစာအိမ်နဲ့ အူခေါင်းပဲ ရှိတာပေါ့နော်။ အဲဒီနေရာလေးတွေက ရောင်နေသေးတဲ့ အတွက်ကြောင့် ဖြစ်နေပါတယ်။ လေလည်းထပါတယ်ဆိုတာက အပေါ်ကို လေတက်တာကို ပြောတာ ပေါ့နော်။ လေကတော့ ပုံမှန်အတိုင်း သွားမယ်ဆိုရင်တော့ လေကအောက်ဘက်ကိုပဲ သွားစရာရှိတယ်။  အဲဒီလိုဆိုရင် လေအရမ်းများနေတယ်ဆိုရင်သော်လည်ကောင်း နောက်တစ်ခုကလည်း အစာလမ်း ကြောင်းမှာလဲ အစာက ရှေ့ကို ဆက်စီးမှု နှေးကွေးနေသော်လည်းကောင်း၊ လေက အပေါ်ကို လှန် တက်မှာ ပေါ့နော်။ အဲလိုမျိုးတော့ ယူဆလို့ရပါတယ်။

မေး။   ။ ဟုတ်ကဲ့ခင်ဗျ။ အရှင်းပျောက်ချင်တယ်ဆိုတော့ ဘယ်လိုမျိုး လုပ်သင့်သလဲ။

ဖြေ။   ။ အဲဒါကလေ အရှင်းပျောက်ချင်တဲ့လူတိုင်းက ခုနကပြောသလို ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို လည်း တိတိကျကျ လိုက်နာပါ။ ဆရာဝန်ကတော့ ဆေး Course ပြည့်သွားပြီ ဆိုပေမယ့်၊ အဲဒီ Course ဆိုတာလေးက၊ ဥပမာဆိုပါစို့ အစာလမ်းကြောင်းမှာ ဝင်ထားတဲ့ ပိုးကို ရှင်းတာဆိုပေမယ့် ပိုးကိုသာ ရှင်းလိုက်သေးတာ၊ ရောင်နေတာက လုံးဝ ပကတိ မကောင်းသေးဘူး။ မကောင်းသေးတော့ သူ ရောင်တာအတွက် ထပ်ပြီးတော့ ဆေးကုသမှု ခံရဦးမယ်။ ထိုနည်းတူစွာ ကုသမှုခံယူစဉ်မှာလည်းပဲ ညွှန်ကြားချက်က ဘယ်လိုအစားအသောက်ကို စားသောက်သင့်တယ်ဆိုတာတွေကို လိုက်နာပေးရမှာ ပေါ့နော်။

မေး။   ။ ဟုတ်ကဲ့။ အမ ခင်မိုးထွန်းခင်ဗျ ဆက်လက်ကုသနေတဲ့ ဆေးတွေကိုလည်း ပြသနေတဲ့ ဆရာဝန်တွေဆီမှာ ဆက်လက်ပြီး အကြံရယူပြီးတော့ အဆက်မပြတ် မပေါ့မဆပဲနဲ့ ကုသခြင်း အားဖြင့် ရောဂါ ပျောက်ကင်းနိုင်ပါတယ်ဆိုပြီးတော့ ဆရာမကြီးက အကြံပေးထားပါတယ်ခင်ဗျာ။ နောက်ထပ်မေးခွန်းတစ်ခုကို ကျွန်တော်တို့ သွားကြပါမယ်။ မေးထားတဲ့ အကောင့်ပိုင်ရှင်က Bro Ther ပါ။ သူမေးထားတာက မင်္ဂလာပါဆရာမ ကျွန်တော်မှာ အစာအိမ်၏ ညာဘက်တစ်ခြမ်း ကိုက်ခဲတာ၊ ပူနေတာ၊ နာကျင်တာ ဝမ်းလည်း မမှန်ပါဘူး။ အဲဒီလိုမျိုး ခံစားနေရတာကို ၂ နှစ်ရှိပါပြီ။ ဆေးသောက်ရင် လည်း မသက်သာပါဘူး။ ဆရာမ ကျောက်ခဲနှင့် အသည်းကြားမှာ ဖြစ်တာပါဆိုပြီး မေးထားပါတယ်။

ဖြေ။    ။ ကျောက်ခဲနဲ့ အသည်းကြားမှာဆိုတော့ ကျွန်မလည်း သိပ်နားမလည်ဘူး။ ကျောက်ခဲဆိုတာ က ဘယ်ကကျောက်ခဲလဲ။ ထားပါ။ အစာအိမ်ရဲ့ ညာဘက်တစ်ခြမ်းဆိုတော့ များသောအားဖြင့် လူတိုင်း အကုန်နားလည်ကြတာ အစာအိမ်သည် ရင်ဝမှာ ရှိတယ်ပေါ့။ ဒါပေမယ့် အစာအိမ်ရဲ့ ခန္ဓာ ဗေဒ ဖွဲ့စည်းပုံက၊ အစာအိမ်က တော်တော်များများက ဘယ်ဘက်ခြမ်းမှာ နေရာယူတယ်။ ဘယ်ဘက် ခြမ်းမှာ နေရာယူပြီးတော့ အစာအိမ်ကနေ အူသိမ်ဘက်ကို ထွက်တဲ့အခါကျမှ၊ ညာဘက်ခြမ်းကို ကူးလာတာပေါ့လေ။ အဲဒီအတွက်ကြောင့် ညာဘက်တစ်ခြမ်း ကိုက်ခဲနေတာဖြစ်တဲ့အတွက်ကြောင့် ကျမတို့ သံသယဖြစ်ဖို့ များတာကတော့ အူသိမ်ရဲ့ အပိုင်းမှာ ရောင်နေတယ်။ အူသိမ်ရဲ့ ပထမပိုင်း လောက်မှာ ရောင်နေတယ်လို့ ထင်ရတာပေါ့နော်။ နောက် အဲဒီနေရာကလည်း အစာအိမ်ကနေပြီး တော့ အစာအိမ်ရဲ့ ဘော်ဒီကနေ ထွက်လိုက်တဲ့ဟာက သူက ဘယ်သူ့ဆီကို တိုက်ရိုက်သွားလဲဆို တော့ အစာအိမ်ထွက်ပေါက်ကို ဖြတ်လည်းဖြတ်ပြီးရော အူသိမ်ရဲ့ ရှေ့မျက်နှာစာကို ဂျက်နဲ့ထိုးသလို ပဲပေါ့။ သြင်္ကန်တွေဘာတွေမှာ မီးသတ်ပိုက်နဲ့ အထိုးခံရသလိုပဲ အထိုးခံရတဲ့နေရာမှာတော့ စပ်ဖျဉ်းဖျဉ်းဖြစ်တာပေါ့နော်။ အဲဒီလိုမျိုးဖြစ်သွားတဲ့အခါမှာ အခုလိုမျိုး ညာဘက်လေးမှာ ပူနေတာ၊ နာနေတာပေါ့ ၊ဆိုတော့ အဓိကကတော့ အစာအိမ်အချဉ်ထွက်မှု များပြားနေတယ်။ အချဉ်က ဘာဖြစ် လို့ ထွက်တာများလဲဆိုတဲ့ အဖြေကိုလည်း ထပ်ရှာရဦးမယ်။ အချဉ်ကိုလည်း ဖြေပေးရဦးမယ်။ ဒါမှလည်း သူ့ပြဿနာ ပြေလည်မှာပါ။

မေး။   ။ ဟုတ်ကဲ့ခင်ဗျာ။ နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးပါ့မယ်။ Hnin Saw ဆိုတဲ့ အမျိုးသမီးတစ်ဦးက မေးထားပါတယ်။ မိန်းကလေး အူကျလို့ ခွဲစိတ်ခဲ့ရင် ဘယ်လို ပြဿနာ ရှိနိုင်ပါသလဲတဲ့။

ဖြေ။   ။ အဲဒါကတော့လေ များသောအားဖြင့် မိန်းကလေးတွေမှာ အူကျတာကတော့လေ အူကျတယ် တို့ ၊ အူကျွံတယ်တို့ ပြောလို့ရှိရင် ဗိုက်ရဲ့ အရှေ့ခြမ်းလို့ခေါ်တဲ့အခါမှာ ပေါင်ခြံမှာ ကျတဲ့အူရှိတယ်။ ပေါင်ခြံမှာကျတဲ့ အူကျတာက အမျိုးသားတွေမှာကျတဲ့ ကျပုံကျနည်းနဲ့ မိန်းကလေးတွေမှာကျတော့ နောက်ထပ် ဘာရှိသေးလဲဆိုတော့ ပေါင်ရိုးဘက်ကိုသွားတဲ့နေရာမှာ   သွေးပြန်ကြောတွေ ဖြတ်သွားတဲ့ နေရာတစ်ခုရှိတယ်။ အဲဒီနေရာ ချောင်နေရင်လည်း ဖြစ်တယ်။ နောက်တစ်ခုက ရှေ့ဗိုက်မှာ များသော အားဖြင့် ဝတဲ့လူတွေမှာရယ် ၊ နောက်တစ်ခုက ခွဲစိတ်ထားပြီးရင် ခွဲစိတ်တဲ့ အဲဒီနေရာမှာ အူကျွံတတ် သေးတယ်။ နောက်တစ်ခုကလည်း ခွဲစိတ်တာမဟုတ်ပဲနဲ့ကို ဗိုက်က Pressure တွေ များလာပြီး ချက် ပတ်ပတ်လည်လေးမှာ နည်းနည်းလေး ဟာနေတာလေးတွေဖြစ်တယ်။ နောက် မိန်းကလေးလို့ ပြောတဲ့အတွက်ကြောင့်မိုလို့ ၊ ဗိုက်ပဲပြောတဲ့အတွက်ကြောင့်မို့ ၊ တစ်ခါတစ်လေကျရင် သားဖွား မီးယပ်ပိုင်းနဲ့လည်း တစ်ခါတစ်လေကျရင် သွားဆိုင်နေတတ်တယ်။ အဲဒီဘက်မှာလည်း အူကျွံတာ ဖြစ်တတ်သေးတယ်။ အဲဒီတော့ ဒါက ဘာအပိုင်းလဲဆိုတာကို ဆရာဝန်ကိုပဲ သေချာ မေးကြည့်ပြီး တော့မှ ပြပါလို့။

မေး။   ။ ဟုတ်ကဲ့ပါ။ Ze Dane ဆိုတဲ့ အကောင့်ပိုင်ရှင်က အစာအိမ်ရောဂါဖြစ်တာ ၁၅ နှစ်ကျော်ပြီ ဆေးတွေလည်း စုံနေပြီ မပျောက်ဘူး။ မှန်ပြောင်းလည်းကြည့်ပြီးပြီ။ ဆရာဝန်ပေးတဲ့ဆေးသောက်တာ ပထမ ၁၄ ရက်စာပေးတာ နည်းနည်းသက်သာတယ်။ ဒုတိယ ဆေးပြောင်းပေးတော့ အဆင်မပြေတော့ ဘူး။ အမြစ်ပြတ် ပျောက်ကင်းချင်ပါတယ်။ အစဖြစ်တာက အစာမကြေဖြစ်ပြီး အစာအိမ်ချဉ်တာပါ။ ဗမာဆေး စွဲသောက်တော့ သက်သာတယ်။ ဒါက သူ့ရဲ့ ဖြစ်စဉ်လေးကို မေးထားတာပါ။

ဖြေ။   ။ ၁၅ နှစ်ကျော်ပြီဆိုတဲ့အတွက်ကြောင့်မိုလို့ တစ်နည်းအားဖြင့်ပြောရင်တော့ ဖြစ်တာတော့ ကြာပြီ ၊ သို့သော်လည်းပဲ ရောဂါလက္ခဏာကလည်း ပိုပြီးတော့ အရမ်းကြီး တိုးမလာဘူး ၊ လူလည်း ဘာမှ အရမ်းကြီး မထိခိုက်ဘူးဆိုတော့ ၊ ပင်ရင်းရောဂါတစ်ခုတည်းလို့ သတ်မှတ်ရမယ်ပေါ့နော်။ ပင်ရင်းရောဂါ တစ်ခုတည်းလို့ သတ်မှတ်ရင် ၊ ဒါပေမယ့် သူ့အထဲမှာလည်း ဗမာဆေးတစ်ခုတည်း စွဲသောက်တယ်ဆိုတော့လည်း ၊ အဲဒါကလည်း ကောင်းတော့ကောင်းပါတယ်။ ဗမာဆေးပဲ စွဲသောက် မယ်ဆိုရင်လည်း ၊ ဗမာဆေးထဲမှာလည်း များသောအားဖြင့် နွယ်ချိုပါတယ်။ အစာကြေအောင်ချေဖျက် ပေးမယ့် မက်လင်ချဉ်လိုဟာတွေပါတယ်။ ဒီလိုမျိုးတွေ ပါလာတဲ့အတွက်ကြောင့် အစာကြေတာကို ကူပေးမယ်၊ ဟိုဘက်က အချဉ်ကိုလည်း ကူပေးမယ်ပေါ့။ ဒါပေမယ့် မိဘနဲ့ မျိုးရိုးတွေမှာလည်း အစာ လမ်းကြောင်း ကင်ဆာမရှိဘူး။ နောက် မိမိကိုယ်၌လည်း ပိန်သွားတယ်။ အန်လာတယ်။ ဗိုက်မှာ အလုံးအကျိတ် စမ်းလို့ မရဘူးဆိုရင်တော့လည်း ၊သူအနေနဲ့ ဒီအတိုင်းပဲ နေလို့ရတယ်။ ဒါပေမယ့် ကျွန်မ ပြောချင်တာက ရောဂါတစ်ခုက ၁၅ နှစ်ကျော်လာပြီဆိုတော့ ၊ လာတဲ့ခရီးလိုပဲ အခု ကျမ ကမာရွတ်ကလာရင် ကျမ ကမာရွတ်ကိုပဲ ရောက်အောင်ပြန်ရမယ်။ အဲဒီတော့ ခရီးကြာလာတာနဲ့အမျှ ဒီအစာလမ်းကြောင်းဆိုတာကလည်း မျက်စိအကျင့် ဝမ်းအကျင့်လိုပါပဲ။ ကြာသွားတဲ့ခရီးဖြစ်တဲ့ အတွက်ကြောင့် ပြန်သွားတဲ့အခါကျတော့လည်း ၊ ကျမတို့က ၁၅ နှစ်တော့ မကြာဘူး။ ဖြေးဖြေးချင်း တော့ ပျောက်အောင် ကုလို့ရတယ်။ ဒါပေမယ့် သူ့ရဲ့ ဘယ်လိုအလုပ်မျိုးကို သူလုပ်ရလဲ ၊ သူ့မှာ မိသားစု စိတ်ဖိစီးမှု ဘယ်လောက်များလဲ ၊ တွဲဖက်ဆေးတွေ ဘာတွေသောက်နေရသလဲ ၊ ဒီလိုမျိုး အကြောင်းအချင်းအရာတွေကို ထည့်သွင်း စဉ်းစားပြီးတော့မှ သူသည် ဘယ်တော့လောက်ကြာရင် တော့ ၊ ပျောက်နိုင်တယ် ဘယ်လိုကုပါဆိုတဲ့ အကြံကိုတော့ ပေးလို့ရမှာဖြစ်ပါတယ်။

မေး။   ။ ဟုတ်ကဲ့ပါ။ Chit Lay ဆိုတဲ့ အကောင့်ပိုင်ရှင်ကလည်း မေးထားပါတယ်။ ဆရာမတဲ့ ဝမ်းချုပ်ပြီးတော့ အူအတက်ပေါက်လို့ ခွဲထားရပါတယ်တဲ့။ တစ်ခါတစ်လေ ခွဲထားတဲ့နေရာမှာ နာလာပါတယ်တဲ့။ ဖြေပေးပါဦးဆိုပြီး မေးထားပါတယ်။

ဖြေ။    ။ ဝမ်းချုပ်တယ်ဆိုတာကည်း ဒီကဏ္ဍလေးရဲ့အစမှာ ပြောသလို ဝမ်းမချုပ်ဖူးတဲ့သူ မရှိဘူးပေါ့ နော်။ အဲဒီတော့ ဝမ်းချုပ်တာလည်း တစ်နည်းအားဖြင့် ပြောရင်တော့ အကျင့်တစ်ခုပဲပေါ့နော်။ အကျင့် တစ်ခုဖြစ်သွားတာပေါ့နော်။ ဒါပေမယ့် ဝမ်းချုပ်တယ်ဆိုတဲ့ စကားလုံးကို ဆေးပညာက သတ်မှတ်ချက် လေးရှိတယ်။ ဆေးပညာက လူကောင်းတစ်ယောက်သည် ပုံမှန်လှုပ်ရှားနေတယ် စားတဲ့အစား အသောက်ကလည်း ၊ ပုံမှန်ပမာဏ ပုံမှန်အစားအသောက်ကိုပဲ စားနေတယ်ဆိုရင်တောင်မှပဲ ၊ သူက   ( ၃ )ရက်မှာ တစ်ကြိမ်သွားတဲ့အထိ ၊ ဝမ်းချုပ်တယ်လို့ သတ်မှတ်လို့ မရသေးဘူး။( ၃ ) ရက်ကို ကျော် သွားပြီဆိုမှ ဝမ်းချုပ်တာ။ ကျမတို့ ဗမာလူမျိုးတွေ ဝမ်းချုပ်တာကို ပြန်ပြီးတော့ စစ်လိုက်လို့ရှိရင် ၊သူက ဝမ်းချုပ်တဲ့အချိန်မှာ ဝမ်းသွားတာကို ဝမ်းမထွက်တဲ့အချိန်မှာ ဝမ်းချုပ်တယ်လို့ပြောတယ်။   နောက်တစ်ခုက  သူက သွားချင်တဲ့ပမာဏက ရှင်းသွားအောင် သွားချင်တယ်။ ဒါပေမယ့်လည်း ဝမ်းက ကျန်နေသလိုဖြစ်တယ်။ အဲဒါကိုလည်း ဝမ်းချုပ်တယ်လို့ပြောတယ်။ စကားလုံးလေးတစ်လုံးကိုပဲ သူတို့ အမျိုးမျိုး လှည့်ပြီးတော့ သုံးနေကြတာကို ပြောတာပါ။ နောက်တစ်ခုကလည်း ဝမ်းသွားတာ အရမ်း ညှစ်ရတယ် ၊ အဲဒါကိုလည်း ဝမ်းချုပ်တယ်လို့ ပြောတယ်။ အဲဒီတော့ အသုံးအနှုန်းက မှန်ကန်ဖို့လို တယ်။ ဝမ်းကျန်တာက အကြောင်းတစ်ခု၊ နောက်တစ်ခုက အခုခေတ် ၊ခေတ်စားနေတဲ့ အိုဗာဝိတ်တွေ များလွန်းလို့ပေါ့နော်။ အစာကိုလျော့စားတော့၊ နည်းနည်းစားတော့ ၊ဝမ်းက နည်းနည်းပဲသွားတာပေါ့။ အဲဒီလိုမျိုး ဝမ်းနည်းရင်လည်းပဲ ဝမ်းချုပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့လိုချင်တဲ့ဟာကို မရတော့ ဝမ်းချုပ်တယ်လို့ သုံးလိုက်ရော။ ကျမတို့ဆေးပညာမှကျတော့ အဲဒီလိုမျိုးမဟုတ်ဘူး ၊ ခုနက ရှင်းပြသ လိုပဲ ၊ အဲဒီအခါကျမှ ကျမတို့က ဝမ်းချုပ်တယ်လို့ သတ်မှတ်ပေးရတာ။ အဲဒီလိုသွားတဲ့အခါမှာလည်း ဝမ်းက မာသွားရဦးမယ်။ အဲဒီလိုကျတော့ ဝမ်းနှုန်းက ၃ ရက်ကြာမှသွားတယ် ၊ ပျော့ပျော့ပြဲပြဲ ထွက် လာတယ်ဆိုရင် ၊ အဲဒါက ဝမ်းချုပ်တယ် မဟုတ်ပြန်ဘူး။ အဲဒီတော့အဲဒီလိုမျိုး စကားလုံး အသုံးအနှုန်း ချင်း ကွာတယ်ပေါ့နော်။ နောက် ဒီခေတ်က ဘာဖြစ်နေလဲဆိုတဲ့အခါကျတော့ အရမ်းကို အလုပ်များ နေတဲ့အချိန် ၊ လူတိုင်းလိုလိုပါပဲနော် ၊ ကျမတို့မှ ဘာမှ ဂုဏ်ယူစရာမဟုတ်ပါဘူး။ လူတိုင်းလူတိုင်း သည် သူ့ဟာနဲ့သူ အလုပ်ရှုပ်နေကြတာပါ။ ကျမတို့နိုင်ငံမှာကလေ အိမ်သာသည် လက်လှမ်းမှီတဲ့ နေရာမှာ မရှိဘူး။ မရှိတဲ့အတွက်ကြောင့် ကိုယ့်အိမ်က ကိုယ်ထွက်တဲ့အချိန်မှာ ကိစ္စပြီးအောင်၊ သူ့ကို ကြိုပြီးရှင်းချင်တယ်။ ဒါပေမယ့် သူက မလာဘူး။ မထွက်ဘူး။ ဒီ နည်းနည်းလေးထွက်တာလေး ၊ နည်းနည်းလေးထွက်တာလေးက အကျင့်ပါတဲ့တွက်ကြောင့် အဆင်မပြေဘူး။ အဲဒီတော့ ဒီလိုဟာမျိုး ဆိုရင် ၊ကျမတို့တွေက များသောအားဖြင့် ကိုယ်လက်လှုပ်ရှားမှု၊ ၁၅ မိနစ်လောက်ပဲ လုပ်လုပ်၊ နောက် တစ်ခုက မိုးလင်းလင်းချင်း ရေကိုပဲသောက်သောက် ၊ ကျမတို့လူမျိုးက ရေသောက်တာကျတော့ လည်း တော်တော်နည်းကျပြန်တယ်။ အဒီလိုမျိုးလေးတစ်ခုကို ကူညီပေးရမှာပေါ့နော်။ နောက်တစ်ခု ကလည်း စားတဲ့အထဲမှာ ကော်ဖီတွေကို အများကြီး သောက်မယ့်အစား၊ ကျမတို့က ကျမတို့နိုင်ငံရဲ့ အခြေခံထွက်ကုန်လည်းဖြစ်တဲ့ ဖီးကြမ်း ငှက်ပျောသီးလိုဟာမျိုးကိုသာ ၊ ကျမတို့ များများစားစား စားမယ် ဆိုရင် အဆင်ပြေတာပေါ့။ ငှက်ပျောသီးဆိုတာ အခွံနွှာစားရတာလောက် လွယ်တဲ့အလုပ် မရှိဘူးပေါ့နော်။ ဒါပေမယ့်လည်း ဆင်ခြေတော့ ပါကြမှာပေါ့နော်။ အသီးတွေက ဟိုလိုမှည့်ထားလို့ ဒီလိုမှည့်ထားလို့ စသည်ဖြင့်ပေါ့နော်။ ဒါပေမယ့် ကျမတို့ မလွှဲမရှောင်သာပါဘူး။ စားဖို့သာ ကြိုးစားကြ တာပါ။     ။

အစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာအဖြေရှာ . . . (အပိုင်း ၁)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly