ခိုးမှုဖြင့် ဖမ်းဆီးထားသူအား စစ်ဆေးရာမှ ဆိုင်ကယ် ၁ဝ စီးခိုးယူခဲ့မှု ထပ်မံပေါ်ပေါက်

ခိုးမှုဖြင့် ဖမ်းဆီးထားသူအား စစ်ဆေးရာမှ ဆိုင်ကယ် ၁ဝ စီးခိုးယူခဲ့မှု ထပ်မံပေါ်ပေါက်

ရန်ကုန်၊ အောက်တိုဘာလ ၂၄ ။             ။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာမှ ခိုးမှုဖြင့်  ဖမ်းဆီး ထားသူအား စစ်ဆေးရာမှဆိုင်ကယ် ၁ဝ စီးထိခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ရန်ကုန်တိုင်းရဲ တပ်ဖွဲ့မှ ယနေ့ အောက်တိုဘာလ ၂၄ ရက်တွင် သတင်းထုတ်ပြန်သည်

အဆိုပါ ဆိုင်ကယ်များခိုးယူခဲ့သူမှာ အသက် ၃ဝ အရွယ် အာကြီး(ခ)အာဗြဲ(ခ)အောင်ကိုလတ်ဆိုသူဖြစ်ပြီး အောက်တိုဘာလ ၁၂ ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာရှိ   နေအိမ်တစ်အိမ်အတွင်းမှ ခိုးယူလာသော Luojia- 110 ဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိခဲ့သူ အာကြီး(ခ)အာဗြဲ(ခ)အောင်ကိုလတ်ဆိုသူအား မင်္ဂလာဒုံမြို့မရဲစခန်းတွင် အမှုဖွင့်ကာ အရေးယူခဲ့ပြီး ၎င်းအား စစ်ဆေးရာမှ အခြားဆိုင်ကယ် ၁ဝ စီးခိုးမှု ထပ်မံပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သိရသည်။

အာကြီး(ခ)အာဗြဲ(ခ)အောင်ကိုလတ်ဆိုသူမှာ ၂ဝ၁၇ ခုနှစ်၊ မေ၊ ဇွန်၊ ဇူလိုင်လအတွင်းက မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်းအတွင်းရှိ အိုးအိမ်လမ်းပေါ်တွင် ရပ်ထားသော JLM CZI-125 ဆိုင်ကယ်(၁)စီးနှင့် Kenbo -125 ဆိုင်ကယ်(၁)စီးနှင့် Feiling-110 ဆိုင်ကယ် (၁)စီး၊ စုစုပေါင်းဆိုင်ကယ် ၃ စီးအားခိုးယူခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဇေကမ္ဘာဝင်း မှ ရွှေပေါက္ကံမြို့သစ်သို့သွားသည့်လမ်းပေါ်ရပ်ထားသည့် Kenbo-110 ဆိုင်ကယ်(၁)စီး၊ ထောက်ကြန့်ဈေးသစ်အနီး ပဲခူးလမ်းပေါ်တွင်ရပ်ထားသော Luojia Sport-125 (၁)စီးနှင့် ထောက်ကြန့်၊ အမှတ်(၃) လမ်းဆုံအနီး ပဲခူးလမ်းပေါ်တွင်ရပ်ထားသော JLM-110 ဆိုင်ကယ်(၁)စီး၊ စုစုပေါင်း ၃ စီးအား ထပ်မံခိုးယူခဲ့ကြောင်း သိရသည်။

သြဂုတ်လအတွင်းကလည်း ထောက်ကြန့် မြို့ရှောင်လမ်းပေါ်တွင် ရပ်ထားသော HI Yang Dream-110 အနီ/ ဖြူ/ ပန်းရောင်ဆိုင်ကယ်(၁)စီးအား ခိုးယူခဲ့သည်။

ထို့ပြင် စက်တင်ဘာလအတွင်း အမှတ်(၃)လမ်းမကြီး၊ အိုးအိမ်ကားမှတ်တိုင်အနီးတွင် ရပ်ထားသော Honda Wave – 110 ဆိုင်ကယ်(၁)စီး ၊ မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်၊ ဘောလုံးကွင်းအနီး တွင်ရပ်ထားသော Feiling-110 ဆိုင်ကယ်(၁)စီးနှင့် ထောက်ကြန့်လမ်းဆုံ၊ ရန်ကုန်-ပြည်ကားလမ်းဘေးတွင် ရပ်ထားသော Honda Wave – 110 ဆိုင်ကယ်(၁)စီး၊ စုစုပေါင်း ၃ စီးအားလည်း ထပ်မံခိုးယူရောင်းချခဲ့သည်ဟု သိရသည်။

ထိုသို့ ဆိုင်ကယ်များ ခိုးယူရောင်းချခဲ့ကြောင်း ပေါ်ပေါက်ချက်အရ အာကြီး(ခ)အာဗြဲ(ခ)အောင်ကိုလတ်အား မင်္ဂလာဒုံမြို့မရဲစခန်းနှင့် ထောက်ကြန့်နယ် မြေရဲစခန်းတို့တွင် ခိုးမှုအသီးသီးအား အမှုဖွင့်အရေးယူလျက်ရှိသည်။

အဆိုပါ ပျောက်ဆုံးဆိုင်ကယ်များနှင့်ပတ်သက်ပြီး မူလဆိုင်ကယ်ပိုင်ရှင်များအနေဖြင့် သက်ဆိုင်ရာရဲစခန်း များတွင် လာရောက်စုံးစမ်းနိုင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly