၆၇ ကြိမ်မြောက် ကရင်နီတပ်မတော်နေ့ ပြည်တွင်းတွင် ဒုတိယအကြိမ် ကျင်းပ

၆၇ ကြိမ်မြောက် ကရင်နီတပ်မတော်နေ့ ပြည်တွင်းတွင် ဒုတိယအကြိမ် ကျင်းပ

လွိုင်ကော် ၊ သြဂုတ် ၁၇ ။       ။ ၆၇ နှစ်မြောက် ကရင်နီတပ်မတော်နေ့ကို ပြည်တွင်းတွင်  ဒုတိယအကြိမ် အဖြစ် အမှတ်(၅)မြို့နယ် လိုဘာခို ခရိုင် ဖရူဆိုမြို့နယ် တော်ခုူကျေးရွာအုပ်စု ကလိလျားကျေးရွာ တွင်  သြဂုတ် ၁၇ ရက်တွင် စစ်ရေးပြခြင်းနှင့်အတူ အခမ်းအနား ကျင်းပခဲ့သည်။

ယင်းအခမ်းအနားတွင် KNPP ဗဟိုကော်မတီမှ ခူးဒယ်နီယယ်က “ ကျွန်တော်တို့ နှစ်ပေါင်း ၇၀ နီးပါး စစ်အစိုးရနဲ့ တိုက်ရင်းခိုက်ရင်းလာရင်းနဲ့ လက်ရှိ  အပစ်ခတ်ရပ်စဲရေးအကြိမ်ကြိမ် လက်မှတ်ရေးထိုး ခဲ့ပြီးဖြစ်ပါတယ်။ ယနေ့ နောက်ဆုံးအခြေအနေအရ တစ်တိုင်းပြည်လုံး အပစ်ခတ်ရပ်စဲရေး စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိဖို့က ကျွန်တော်တို့ အ ဆင့်ဆင့်ကို သွားနေပါတယ်။”ဟု ပြောသည်။

အပစ်ခတ်ရပ်စဲရေး(သို့မဟုတ်) ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးနေစဉ်တွင် နောက်ဆုတ်ရန် မရှိဘဲ ချမှတ်ထားသော ရည်မှန်းချက် လမ်းစဉ်အတိုင်း ဆက်လုပ်သွားရန် ရှိကြောင်းလည်း ၎င်းက ပြောသည်။

၎င်းအခမ်းအနားတွင် ကရင်နီမှ သက်ဆိုင်ရာခေါင်းဆောင်များနှင့်အတူ ကယန်းပြည်သစ်ပါတီမှ ကိုယ်စားလှယ်များ တက်ရောက်ပြီး ဒေသခံပြည်သူများ၊ ကျောင်းသူကျောင်းသားများ၊ ဌါနဆိုင်ရာပဂ္ဂိုလ်များ၊ ကရင်နီတပ်မတော်သား အစရှိသည့် လူဦးရေ (၅၀၀)ကျော်တက်ရောက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly