ရွိုင်ယန်ဂစ်ကို နည်းပြခန့်ရန် လက်စတာနှင့် အဲဗာတန်တို့စိတ်ဝင်စား

ရွိုင်ယန်ဂစ်ကို နည်းပြခန့်ရန် လက်စတာနှင့် အဲဗာတန်တို့စိတ်ဝင်စား

 

အောက်တိုဘာ ၂၄၊ ဝေးလ်။            ။ မန်ချက်စတာယူနိုက်တက်နှင့် ဝေးလ်ဂန္ထဝင်ကစားသမား ရွိုင်ယန်ဂစ်ကို မိမိကို လက်စတာနှင့် အဲဗာတန်နည်းပြအလုပ်များက စိတ်ဝင်စားနေသည်ဟု ပြောသည်။

လက်စတာအသင်းသည် ပြီးခဲ့သည့်တစ်ပတ်က နည်းပြရှိတ်စပီးယားကို ထုတ်ပယ်ခဲ့ပြီး အဲဗာတန်သည် တနင်္လာနေ့တွင် ကိုးမန်းကိုထုတ်ပယ်ခဲ့ရာ နှစ်သင်းစလုံးနည်းပြ မရှိဘဲဖြစ်နေသည်။

ဗန်ဟားလ်လက်ထက်က အိုးထရက်ဖို့ဒ်တွင် လက်ထောက်နည်းပြဖြစ်ခဲ့သည့်ဂစ်သည် ၂၀၁၆ တွင် ဆွမ်ဆီးနည်းပြရာထူးကို အင်တာဗျူးဖြေခဲ့ဖူးသည်။

“ကျွန်တော့်အတွက်လည်း အဲဒီအလုပ်တွေက စိတ်ဝင်စားစရာပါ။ အဲဒီနှစ်သင်းကိုကြည့်လိုက်၊ လက်စတာက တစ်နှစ်ကျော်တုန်းကချန်ပီယံဖြစ်ထားတယ်။ အဲဗာတန်ကျတော့ သမိုင်းကြောင်းကောင်းတယ်။

ဒါပေမဲ့လည်း အဲဒီအသင်းတွေကို ကိုင်တွယ်ဖို့ စိတ်ဝင်စားစရာနည်းပြတွေ အများကြီးပါပဲ”ဟု အသက် ၄၃ နှစ်ရှိ ဂစ်က စကိုင်းစပို့စ်သို့ပြောသည်။

ခန့်မှန်းကုမ္ပဏီတစ်ခုက ဂစ်ကို လက်စတာနည်းပြဖြစ်လာရန် ၁၂ လေး ၁ လေးသတ်မှတ်ထားပြီး ဝေးလ်နည်းပြ ခရစ္စကိုးမန်းကို ၆ လေး ၁ လေး၊ ကလော့ပွဲကို ၄ လေး ၇ လေး သတ်မှတ်ထားသည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly