ပုသိမ်တွင် ဘုန်းကြီးတစ်ပါးက အမျိုးသမီးတစ်ဦးကို ဓါးဖြင့် ထိုးသတ်မှုဖြစ်ပွားခဲ့

ပုသိမ်တွင် ဘုန်းကြီးတစ်ပါးက အမျိုးသမီးတစ်ဦးကို ဓါးဖြင့် ထိုးသတ်မှုဖြစ်ပွားခဲ့

ပုသိမ်၊ သြဂုတ် ၁၇ ။       ။ ပုသိမ်မြို့၊မြို့မဈေးတွင် သြဂုတ် ၁၇ရက်၊ နံနက် ၁၀နာရီကျော်၌  ဘုန်းကြီးတစ်ပါးက  အောင်သာကျေးရွာနေ အမျိုးသမီးတစ်ဦးကို  ဓါးဖြင့်ထိုးသတ်မှုဖြစ်ပွားခဲ့ကြောင်း ပုသိမ်မြို့၊ နယ်မြေရဲစခန်းက သိရသည်။

ဖြစ်စဉ်မှာ ပုသိမ်၊မြို့မဈေးအတွင်းဈေးဝယ်နေသူ အောင်သာကျေးရွာနေ အမျိုးသမီးတစ်ဦးအား  ဘုန်းကြီးတစ်ပါးက  ဓားဖြင့်ထိုးခဲ့ပြီးနောက် ၎င်း၏  လည်ပင်းကိုလည်း ဓါးဖြင့်ပြန်လှီးခဲ့ပြီး အမျိုးသမီး မှာနေရာတွင်သေဆုံးခဲ့ကာ အဆိုပါ ဘုန်းကြီးကို ဆေးရုံတင်ထားခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ဆက်စပ်ပြီး  အောင်သာကျေးရွာနေသူတဦးက ‘ ဘုန်းကြီးက မနှစ်က တစ်ဝါ ရွာမှာ ကျောင်းထိုင်လုပ်ခဲ့တယ်၊ အခု ရွာက ထွက်သွားတာ တလလောက်ရှိပြီ။ ဒီနေ့ ဈေးလာဝယ်ရင်း (အမျိုးသမီး) အခုလို သတ်ခံရတာပါ ဘာကြောင့်တော့သေချာမသိဘူး’မဇ္ဈိမကို ပြောသည်။

အမှုနှင့်ပတ်သက်ပြီး ပုသိမ်မြို့၊နယ်မြေရဲစခန်းက ပ- ၁၄၉/၂၀၁၅ဖြင့် အမှုဖွင့်ထားပြီး ပုဒ်မ ၃၀၂/၃၀၉ အရ ရဲလုပ်ထုံးလုပ်နည်းများဖြင့်အညီဆက်လက် အရေးယူဆောင်ရွက်နေကြောင်း နယ်မြေရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly