မြန်မာနိုင်ငံဘောလုံးအဖွဲ ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် ဖီဖာ (FIFA) ဥက္ကဋ္ဌ ဂျန်နီအင်ဖန်တီနိုနှင့် သီးခြား တွေ့ဆုံ

မြန်မာနိုင်ငံဘောလုံးအဖွဲ ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် ဖီဖာ (FIFA) ဥက္ကဋ္ဌ ဂျန်နီအင်ဖန်တီနိုနှင့် သီးခြား တွေ့ဆုံ
(ဓာတ်ပုံ - MFF)

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ ဂျန်နီ အင်ဖန်တီနိုနှင့် အင်္ဂလန်နိုုင်ငံ၊ လန်ဒန်မြို့၊ မေဖဲလ်ဟိုတယ်မှာ တနင်္လာနေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီက သီးခြားတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

အခုလို တွေ့ဆုံရာမှာ မြန်မာ့ဘောလုံးတိုးတက်ရေး ကိစ္စရပ်များ၊ လူငယ်ဖွံ့ဖြိုးရေး ကိစ္စရပ်များနှင့် သက်တမ်းအလိုက် ကမ္ဘာ့ဖလားပြိုင်ပွဲများ အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) အနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၀၂၆ ခုနှစ်မှ စပြီး ပြိုင်ပွဲဝင်နိုင်ငံပေါင်း ၄၈ နိုင်ငံအထိ တိုးချဲ့ကျင်းပသွားမှာဖြစ်သလို လူငယ်ကမ္ဘာ့ဖလား ပြိုင်ပွဲများဖြစ်တဲ့ ယူ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ယူ၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲများကိုလည်း အသင်းဝင်အရေအတွက် တိုးချဲ့ကျင်းပသွားမှာဖြစ်တာကြောင့် မြန်မာနိုင်ငံအနေဖြင့် အဆိုပါ သက်တမ်းအလိုက် ကမ္ဘာဖလားပြိုင်ပွဲများကို ဒေသတွင်း  အိမ်နီးချင်းနိုင်ငံများနှင့် အတူ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပနိုင်ရေး၊ ဖီဖာနှင့် တွဲဖက်ပြီး လူငယ်ဖွံဖြိုးရေး စီမံကိန်းများ အတူတကွ ဆောင်ရွက်နိုင်ရေးအတွက်ပါ  တင်ပြဆွေးနွေးခဲ့ကြပါတယ်။

ဥက္ကဋ္ဌ ဦးဇော်ဇော်ဟာ လန်ဒန်ဒေသစံတော်ချိန် ည ၇ နာရီခန့်မှာ လန်ဒန်ပလာဒီယန်မှာ ကျင်းပတဲ့ The Best FIFA Football Awards 2017 ကို ဆက်လက်တက်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်။

Source & Photos: Myanmar Football Federation

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly