အရေပြားဖောက်ထွင်း အလှဆင်ပြီးနောက် ဂရုစိုက်ရမည့်အချက်များ

အရေပြားဖောက်ထွင်း အလှဆင်ပြီးနောက် ဂရုစိုက်ရမည့်အချက်များ

ရေးသားသူ Dr . Phyu Mon Latt
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

နားဖေါက်ခြင်း (သို့) မျက်နှာမှာ ဖေါက်ထွင်းပြီး အလှဆင်ခြင်းတွေ ပိုမိုခေတ်စားလာကြပါတယ်။ ဒါပေမယ့် သူတို့ဟာ လှပသလောက် အရေပြား ဖေါက်ထွင်းမှု အပြီးမှာတော့ ဂရုစိုက်ဖို့အထူး လိုအပ်လာပါတယ်။ ဒီဆောင်းပါးမှာတော့ နာကျင်မှု သက်သာစေဖို့ နဲ့ ဂရုစိုက်ရမယ့် လမ်းညွှန်မှုတွေကို ဖေါ်ပြမှာ ဖြစ်တာမို့ ကိုယ်လုပ်နေတာ ဘာတွေမှားယွင်းနေလဲဆိုတာကို သိရှိနိုင်မှာဖြစ်ပါတယ်။

ဂရုပြုဖွယ် လမ်းအသွယ်သွယ်

ကာကွယ်ပါ။

ကာကွယ်တဲ့ နည်းလမ်းတစ်ခုအဖြစ် အရေပြားဖေါက်မယ့်သူကို သေနတ်အစား အပ်ကိုအသုံးပြုဖို့ စေခိုင်းပါ။ သေနတ်ဟာ ဖိအားနဲ့ နားဖေါက်တာဖြစ်တာမို့ တစ်ရှူးတွေကို မလိုလားအပ်တဲ့ ထိခိုက်မှုတွေ ဖြစ်ပွားစေနိုင်ပါတယ်။ ပြီးတော့ ပလပ်စတစ် အပိုင်းတွေ ပါတဲ့ သေနတ်တစ်ခုကို ပိုးသတ်ဖို့လည်း ခက်ခဲပါတယ်။ သို့ဖြစ်၍ အပ်နဲ့ဆိုရင်တော့ ပိုးသတ်လို့လည်းရ၊ တိကျမှုကိုလည်း ပိုမို ထိန်းချုပ်နိုင်ပါတယ်။ သူဟာ ခွဲစိတ်ဓါးလိုမျိုးပဲ တိကျတဲ့ ခွဲကြောင်းရာဖြစ်ပေါ်စေပြီး တစ်ရှူးထိခိုက်မှုကိုလည်း နည်းပါးစေပါတယ်။ သေနတ်ဟာ နာကျင်မှုပိုနည်းစေတယ်ဆိုတာဟာလည်း ယုံတမ်းစကားတစ်ခုသာ ဖြစ်ပါတယ်။ အပ်နဲ့ မှန်ကန်စွာ ဖေါက်နိုင်မယ်ဆိုရင်လည်း နာကျင်မှုနည်းပါးပါတယ်။

သန့်ရှင်းစွာထားပါ။

အရေပြားဖေါက်ခြင်းကို ဂရုစိုက်ဖို့အတွက် ဆပ်ပြာ၊ရေ၊ ဆားရည် saline အရည်တွေနဲ့ သန့်ရှှုင်းရေးလုပ်သင့်ပါတယ်။ တစ်နေ့ကို နှစ်ကြိမ် ပြုလုပ်သင့်ပါတယ်။ အရက်ပြန်ကို မသုံးသင့်ပါဘူး။ ရေဓါတ်အလွန်ခမ်းခြောက်ရင် ကွဲပြီး သွေးထွက်လာနိုင်ကာ ဖေါက်ထားတဲ့နေရာဟာ အပေါက်ကြီး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီလိုအကြောင်းရင်းတွေအတွက် အဆီကို အခြေခံထားတဲ့ ဆပ်ပြာကို အသုံးပြုသင့်ပါတယ်။ သူတို့ဟာ အနာကို သန့်ရှင်းပေးပြီး အနာကျက်နေတဲ့ တစ်ရှူးကို အဆီဖြည့်ပေးပါတယ်။ နားကပ်တွေကို စိုစွတ်နေတဲ့ အချိန်မှာသာ လှည့်ပေးနိုင်ပါတယ်။

စိတ်ရှည်ပါ။

အရိုးနုကို ဖေါက်ခြင်းဟာ အသားကိုဖေါက်ခြင်းထက် ပိုပြီးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အရိုးနုဟာ အနာကျက်နေစဉ်အတွင်းမှာ ပိုထိခိုက်လွယ်ပါတယ်။ လုံးဝပြန်ကောင်းသွားစေဖို့ အချိန်နဲ့ ဂရုစိုက်မှု လိုအပ်ပါတယ်။
အနာကျက်ဖို့ ဘယ်အရာတွေ လိုအပ်လဲဆိုတာနဲ့ ဘယ်လောက်ကြာအောင် စောင့်ရမလဲဆိုတာတွေကို သိထားသင့်ပါတယ်။ နားဖေါက်ခြင်းဟာ အနာကျက်စေဖို့ ပုံမှန်အားဖြင့် နှစ်လကနေ သုံးလထိ ကြာမြင့်တတ်ပြီး အရိုးနုဖေါက်ခြင်းကတော့ ဆယ်လအထိ ကြာမြင့်နိုင်ပါတယ်။ နာကျင်ရောင်ရမ်းမှုတွေ၊ အရည်ထွက်ခြင်းတွေ၊ နီမြန်းမှုတွေ ရပ်သွားတဲ့အချိန်မှာတော့ အနာကျက်သွားပြီ ဖြစ်ပါတယ်။
သင်တတ်နိုင်သမျှ အကောင်းဆုံးကြိုးစားဖို့ လိုအပ်ပါတယ်။ အနာလုံးဝကျက်စေဖို့အတွက်ဟာ လူနာရဲ့စိတ်ပေါ်လည်း မူတည်ပါတယ်။ သင့်ကိုယ်ခန္ဓာက ပုံမှန်မဟုတ်တဲ့ အရာဝတ္ထုတွေကို စွန့်ထုတ်ပေးမှာဖြစ်တာမို့ စိတ်ကို တည်ကြည်အောင်ထားသင့်ပြီး ဂရုစိုက်သင့်ပါတယ်။ တခါတလေမှာတော့ ရိုးရှင်းတဲ့အရာတွေဟာ အကောင်းဆုံးဖြစ်ပါတယ်။ သန့်ရှင်းလို့အတွက် ဆပ်ပြာနဲ့ ရေကို အသုံးပြုသင့်ပြီး အရောင်ကျဖို့ ရေခဲကို အသုံးပြုသင့်ပါတယ်။ သေချာစွာ ဂရိုစိုက်မယ်ဆိုရင်တော့ အရေပြား (သို့) အရိုးနုဖေါက်ခြင်းကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

တကယ်လို့ ဖေါက်ထားတဲ့နေရာက သင့်ကို စိတ်အနှောင့်အယှက်ပေးနေတယ်ဆိုရင် မကြောက်သွားပါနဲ့။ ပြင်းထန်တဲ့ ရောင်ရမ်းမှု၊ နီမြန်းမှု၊ အပူဖြာထွက်မှု၊ အရည်ထွက်မှုတွေ တွေ့ခဲ့ရင်လည်း မကြောက်သင့်ပါဘူး။ အတော်များများဟာ ရောဂါပိုးဝင်တာမဟုတ်ပဲ အရေပြား ယားယံခြင်းဟာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အခြေအနေ ပိုဆိုးလာရင် အရေးပေါ် ကုသမှု ခံယူသင့်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly