သင့်အသားအရေကို ခရမ်းလွန်ရောင်ခြည်ဒဏ်က ဘယ်လိုကာကွယ်မလဲ

သင့်အသားအရေကို ခရမ်းလွန်ရောင်ခြည်ဒဏ်က ဘယ်လိုကာကွယ်မလဲ

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ခရမ်းလွန်ရောင်ခြည်ဆိုတာ နေရောင်ခြည်မှာပါဝင်တဲ့ UltraViolet Rays(UV Rays) တွေဖြစ်ပါတယ်။ နေရောင်ခြည် မှာ UVA ( Ultra Violet Ageing Rays) နဲ့ UVB ( Ultra Violet Burning Rays) နှစ်ခုပါဝင်ပါတယ်။ သူတို့ဟာ မမြင်နိုင်တဲ့ UV rays တွေဖြစ်ပြီးတော့ UVA က အရွယ်မတိုင်ခင် အသက်ကြီးရင့်ခြင်း အရေးအကြောင်း နဲ့ တင်းတိတ်အမဲစက် ကို ဖြစ်စေနိုင်ပြီး UVB က အသားအရေ လောင် ကျွမ်းခြင်း နဲ့ အရေပြားရောဂါတွေကို ဖြစ်စေပါတယ်။

ဘယ်အချိန်မှာ အရေပြားကို ကာကွယ်သင့်သလဲ။

UVA rays ဟာ UVB rays ထက် အရေပြားထဲကကို ပိုမို နက်ရှိုင်းစွာ ဝင်ရောက်နိုင်တာကြောင့် ပိုအန္တရာယ် ရှိပါတယ်။ UVB rays တွေဟာ နွေးထွေးတဲ့ နွေရာသီမှာ အပြင်းထန်ဆုံးဖြစ်ပြီး UVA rays တွေကိုတော့ တစ်နှစ်ပတ်လုံးထိတွေ့နေတာ ဖြစ်ပါတယ်။ ဒါဟာ ဘာကိုဆိုလိုလဲဆိုတော့ မိုးအံုံ့နေတဲ့ နေ့ရက်တွေမှာတောင် အရေပြားဟာ အန္တရာယ်ရှိတဲ့ UVA rays တွေနဲ့ ထိတွေ့နေတာ ဖြစ်တယ်လို့ ဆိုလိုပါတယ်။ နေလောင်ထားတဲ့ အသားတွေဟာ တောက်ပမှုကို ပေးစွမ်းတယ်လို့ တချို့ကထင်ကြပေမယ့် UV rays တွေနဲ့ ထိတွေ့တဲ့အခါမှာ melanin ထွက်လာပါတယ်။ ထွက်လာခြင်းဟာ အရေပြားကို ပိုမိုထူလာစေပြီး အရေပြား တောက်ပမှုကို လျော့ကျစေပါတယ်။

နေလောင်ဒဏ်ကာကွယ်ရေး သတိပေးချက်တွေဟာ အပြင်မှာသွားလာနေသူတွေအတွက်ပဲ အရေးကြီးတယ်လို့ယူဆထားကြပြီး UV rays တွေက အိမ်ထဲနေသူတွေကိုပါ ထိခိုက်စေနိုင်သေးတယ်ဆိုတာ သိရှိသူနည်းပါတယ်။ နေရောင်ခြည်ထဲက ခရမ်းလွန် ဟာ ပြတင်းပေါက်တွေကိုပါ ထိုးဖောက်ဝင်ရောက်နိုင်ပြီး အရေပြားကို ထိတွေ့နိုင်တာကြောင့် နေပူထဲကို မထွက်ပေမယ့်လည်း အိမ်မှာနေရင်း ရုံးမှာနေရင်းတောင် ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့နိုင်တာကြောင့် နေရောင်ခံခရမ်ဟာ မလိမ်းမဖြစ်ကို လိမ်းဖို့ လိုအပ်ပါတယ်။

မိုးတိမ်တွေဟာ အသားအရေကိုလောင်ကျွမ်းစေတဲ့ UVB rays တွေကို ပိတ်ဆို့နိုင်ပေမယ့် အသားညိုစေတဲ့ UVA rays တွေကိုတော့ မပိတ်ဆို့နိုင်ပါဘူး။ ဒါကြောင့် နေလောင်ခံရမယ့် ရာနှုန်းနည်းပါးပေမယ့် အရေပြားဟာ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်နိုင်တဲ့ UVA rays တွေကြောင့် အသားညိုခြင်းနဲ့ အရေးအကြောင်းပေါ်ခြင်းတို့ကို ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိုးအုံ့တဲ့ နေ့တွေမှာတောင် နေဒဏ်က ကာကွယ်ဖို့ လိုပါတယ်။ ခရမ်းလွန်ရောင်ခြည်က ပိုးမွှားတွေကိုသေစေနိုင်တယ်၊ အရေပြားပြဿနာတချို့ကိုကုသနိုင်တယ်၊ ဗီတာမင် ဒီ ကိုရရှိစေတယ်ဆိုပေမယ့် ထိတွေ့မှုများရင်ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်လာစေနိုင်ပါတယ်။

နေရောင်ခြည်ကရတဲ့ခရမ်းလွန်ရောင်ခြည်ဟာ အရေပြားကင်ဆာဖြစ်စေတဲ့ နံပါတ်တစ်အကြောင်းရင်းဖြစ်ပါတယ်။ ရာသီဥတုမပူနေပေမယ့်လည်း နေ့အလင်းရောင်မှာ ခရမ်းလွန်ရောင်ခြည်ပါရှိတာကြောင့် ဆောင်းတွင်း နေကလည်း နွေရာသီလိုပဲ အန္တရာယ်ရှိနိုင်ပါတယ်။

ဘယ်လိုကာကွယ်နိုင်မလဲ

နေရောင်ခြည်ကိုလုံးဝမထိတွေ့အောင် ရှောင်နိုင်ဖို့က မဖြစ်နိုင်ပါဘူး။ဒီတော့ နေရောင်ခြည်ထိတွေ့မှုကိုလျော့နည်းအောင်လုပ်ဖို့ပဲရှိပါတယ်။ ဖြစ်နိုင်ရင်

  • လုံလုံခြုံခြုံဝတ်ပါ – အရောင်ဖျော့တဲ့ အင်္ကျီ်လက်ရှည်၊ဘောင်းဘီရှည်၊ လေဝင်လေထွက်ကောင်းတဲ့ဦးထုပ်ကြီးကြီးတွေ ဝတ်ဆင်နိုင်ပါတယ်။ နေကာမျက်မှန်တပ်တဲ့အခါ UVA နဲ့ UVB နှစ်မျိုးလုံးကာကွယ်ပေးတဲ့အမျိုးအစားကိုရွေးပါ။
  • နေရောင်အောက်မှာ သိပ်မနေပါနဲ့ – နေ့လည် ၁၁ နာရီနဲ့ ညနေ ၄ နာရီကြား အချိန်  နေရောင်ခြည်ကို တတ်နိင် သလောက်ရှောင်ပါ။ အဲဒီအချိန်အပြင်ရောက်နေခဲ့ရင် သစ်ပင်ကြီးတွေ၊ ဆိုင်အမိုးတွေလိုမျိုး အရိပ်ရှိရာ ခဏလောက် ဝင်ဝင်နားပေးပါ။ ထီးအမြဲယူသွားပါ။
  • မိုးလေဝသမှာ ကြေညာတဲ့ ခရမ်းလွန်ညွှန်းကိန်းတွေကို နားထောင်ပါ – ရေဒီယိုနဲ့တီဗီမှာ ထုတ်လွှင့်တဲ့ ခန့်မှန်းချက်တွေကို အမြဲနားထောင်ပါ။ UV ညွှန်းကိန်းက ၃ ထက်ကျော်နေရင် သတိပြုနေထိုင်ဖို့လိုပါတယ်။
  • ရေများများ သောက်ပါ – နေပူတဲ့အခါ ရေဓာတ်မဆုံးရှုံးရအောင် ရေများများသောက်ပါ။ ရေဓာတ်ခန်းခြောက်တဲ့အခါ အန္တရာယ်ရှိနိုင်ပါတယ်။
  • နေရောင်ခြည်နဲ့ sensitive ဖြစ်စေနိုင်တဲ့ဆေးဝါးတွေသောက်သုံးနေရရင် သတိထားပါ – ပဋိဇီဝဆေးဝါးတချို့၊ အရောင်ကျဆေး၊မှိုပိုးသတ်ဆေး၊သွေးကျဆေးနဲ့ ကင်ဆာဆေးအမျိုးအစားတချို့ပါဝင်ပါတယ်။
  • မျက်နှာ၊လည်ပင်းနဲ့နားရွက်တို့ကိုကာကွယ်ဖို့ ဦးထုပ်ဆောင်းပါ၊ နေကာမျက်မှန်တပ်ပါ 
  • နေလောင်ခံခရင်မ် နေ့စဉ်လိမ်းပါ –  အပြင်ထွက်တဲ့အခါ နေရောင်သိပ်မရှိဘဲ နေရှိန်နေရင်တောင်မှ  နေလောင်ခံခရင်မ်လိမ်းသွားပါ။ ရေကူးနေတာ ဒါမှမဟုတ် ချွေးထွက်များနေတယ်ဆိုရင် နှစ်နာရီကြာတိုင်း sunscreen  ကိုပြန်လိမ်းပေးပါ။

နေလောင်ခံခရင်မ်ရွေးချယ်ရာမှာ

  • နေလောင်ဒါဏ် ကာကွယ်ပေးနိုင်တဲ့ အဆင့်ကို ကြည့်ပြီးရွေးချယ်ပါ။ သင်ဝယ်ယူတဲ့ နေလောင်ခံခရင်မ် ဟာ ခရမ်းလွန်ရောင်ခြည် UVA ကိုရော UVB ကိုပါ ကာကွယ်ပေးနိုင်ရပါမယ်။ SPF က UVB ကိုသာ ကာကွယ်နိုင်ပြီး SPF များလေ ကာကွယ်နိုင်ချိန် ပိုမြင့်လေ ဖြစ်လို့ အနည်းဆုံး SPF 30 နဲ့ အထက် သုံးတာ ပို စိတ်ချရပါမယ်။ UVA ကို ကာကွယ်ဖို့ဆိုရင် PA ပါတဲ့ Suncreen ကို ရွေးချယ်ရပါမယ်။ PA(+) များလေ ကာကွယ်နိုင်စွမ်း ပိုမြင့်လေပါဘဲ၊ Suncreen တွေမှာ PA+ ကနေ PA++++ ထိ ပါဝင်လေ့ရှိပါတယ်။
  • ကိုယ့်ရဲ့ နေထိုင်သွားလာလှုပ်ရှားမှုနဲ့ ကိုက်ညီရပါမယ်။
  • နေလောင်ခံခရင်မ် ရဲ့ အထူအပါး၊အပျစ်အကျဲကို မှန်မှန်ကန်ကန်ရွေးချယ်ရပါမယ်။
  • သင့်အသားအရေနဲ့ ကိုက်ညီရပါမယ် —– ဝက်ခြံခဏခဏ ထွက်တတ်တဲ့သူလား၊ အဆီပြန်တတ်တဲ့ အသားအရေပိုင်ရှင်လား၊ ဓာတ်မတည့်တာ ခဏခဏဖြစ်တတ်လား ၊ ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်လား ဆိုတာ ဂရုစိုက်ရွေးချယ်ရမှာပါ။

ခရမ်းလွန်ရောင်ခြည်ထိတွေ့မိကို အကောင်းဆုံးနဲ့ အထိရောက်ဆုံးကာကွယ်ချင်တယ်ဆိုရင်တော့ ဂုဏ်သိက္ခာရှိ နိုင်ငံတကာအမှတ်တံဆိပ်ဖြစ်တဲ့ L’Oréal Paris UV PERFECT ကို ညွှန်းဆိုလိုပါတယ်။ အသားအရေအမျိုးမျိုးအလိုက် အဆင်ပြေသလိုအသုံးပြုနိုင်အောင် နို့ရည်ခရင်မ်ပုံစံ၊ ဂျယ်လ်ပုံစံ ၊ spray ပုံစံတွေနဲ့ ၆ မျိုးထုတ်ထားပြီး မိမိအသားရေနဲ့ လိုက်လျောညီထွေရှိမယ့် ပုံစံအမျိုးအစားကို ရွေးချယ်သုံးနိုင်တဲ့အတွက် ကိုယ့်အသားရေနဲ့မကိုက်ညီမှာ စိတ်သိပ်ပူစရာမရှိပါဘူး။ နေလောင်ခံခရမ်တွေအကုန်လုံးက SPF များတဲ့အကြောင်းကို အဓိကထား ပြောတတ်ကြပေမယ့် တကယ်တမ်းမှာတော့ ညွှန်းဆိုထားသလောက် မပါဝင်တတ်ဘဲ လျော့နည်းနေပါတယ်။ ဈေးကွက်ထဲမှာရှိတဲ့ နေလောင်ခံခရမ်တွေထဲမှာတော့ နိုင်ငံတကာအမှတ်တံဆိပ်ဖြစ်တဲ့ L’Oreal Paris  ရဲ့ UV Perfect က SPF 50 PA+++ ပါဝင်လို့ UVA ရော UVB ကိုပါ အမြင့်ဆုံး ကာကွယ် ပေးနိုင်တယ်ဆိုတာကို အာမခံချက်ပေးနိုင်တဲ့အမှတ်တံဆိပ်အဖြစ် ထင်ရှားပါတယ်။ နေလောင်ဒဏ်အပြင် Anti- Pollution, Anti- Oxidant ဖြစ်လို့ လေထုနဲ့ တခြားကာဗွန်အညစ်အကြေးတွေ ရန်ကနေလည်း အကာအကွယ်ပေးနိုင်တဲ့အတွက်ကြောင့် ခရမ်းလွန် ရောင်ခြည်နဲ့ ဖုန်မှုန့်အညစ်အကြေးတွေ ကာကွယ်ဖို့အတွက် အသုံးအဝင်ဆုံး ဖြစ်နိုင်ပါလိမ့်မယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly