Golden Boy Award ဆုကို ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘတ်ပီဆွတ်ခူး

Golden Boy Award ဆုကို ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘတ်ပီဆွတ်ခူး

အောက်တိုဘာ ၂၃ ။           ။ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘတ်ပီသည် ဘာစီလိုနာတိုက်စစ်မှူး ဒမ်ဘီလီနှင့် မန်စီးတီးတိုက်စစ်မှူး ဂျီးဆပ်တို့ကို ကျော်ဖြတ်ပြီး  Golden Boy Award ဆုကို ရရှိသွားခဲ့သည်။

အမ်ဘတ်ပီသည် ပြီးခဲ့သည့်ရာသီက မိုနာကိုအသင်းကို ပြင်သစ်အမှတ်ပေးချန်ပီယံဖြစ်အောင်စွမ်းဆောင်ပေးခဲ့ပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အထိ တက်ရောက်အောင် ကူညီပေးနိုင်ခဲ့ခြင်းကြောင့် Golden Boy Award ဆုကို ရခဲ့ခြင်း ဖြစ်သည်။

အသက် ၁၈ နှစ်အရွယ်ရှိ အမ်ဘတ်ပီသည် ပြီးခဲ့သည့်ရာသီက မိုနာကိုအသင်းအတွက် ၄၄ ပွဲကစားခဲ့ရာတွင်  ၂၆ ဂိုးအထိ သွင်းနိုင်ခဲ့သည်။

ထိုကဲ့သို့ ခြေစွမ်းပြနိုင်ခြင်းကြောင့် ပြင်သစ်လက်ရွေးစင်အသင်းကြီးတွင် ရွေးချယ်ခံခဲ့ရသလို ပီအက်စ်ဂျီအသင်းကလည်း ခေါ်ယူခြင်း ခံခဲ့ရသည်။

အမ်ဘတ်ပီသည် ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ကြေး ပေါင် ၁၆၆ သန်းဖြင့် ပြောင်းခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အငှားစာချုပ်ဖြင့် ကစားနေခြင်း ဖြစ်သည်။

လူငယ်ကစားသမားများကိုသာ ပေးအပ်သည့် Golden Boy Award ဆုကို ၂၀၀၃ ခုနှစ်က စတင်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး စပါးနှင့်နယ်သာလန်ကစားသမားဟောင်း ဗန်ဒါဗတ်က စတင်ရရှိခဲ့သည်။

Golden Boy Award ဆုကို ၂၀၁၆ ခုနှစ်က ရီနာတိုဆန်းချက်၊ ၂၀၁၅ ခုနှစ်က မာရှယ်၊ ၂၀၁၄ ခုနှစ်က စတာလင်း၊ ၂၀၁၃ ခုနှစ်က ပေါ့ဂ်ဘာ၊ ၂၀၁၂ ခုနှစ်က အစ္စကိုတို့ ဆုရရှိခဲ့ကြသည်။  ထိုဆုကို ရွန်နီ၊ မက်ဆီ၊ ဖာဘရီဂက်စ်၊ ဘာလော့တယ်လီနှင့် ဂေါ့ဇီတို့လည်း ရရှိခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly