ဂျပန် စီးပွားရေးကျံု့ဝင်မှု ဒဏ်ခံနေရ

ဂျပန် စီးပွားရေးကျံု့ဝင်မှု ဒဏ်ခံနေရ

တိုကျို၊ သြဂုတ် - ၁၇ ။          ။ အစိုးရ၏ ပြုပြင်ပြောင်းလဲရေးပေါ်လစီများအတွက် ဆုတ်ဆိုင်းမှုတစ်ခုအနေဖြင့် ယခုနှစ်၏ ဒုတိယသုံးလပတ်ကာလတွင် ဂျပန်စီးပွားရေးမှာ ကျုံ့ဝင်သွားခဲ့သည်။ ယခုနှစ်၏ ပထမသုံးလပတ်နှင့် နှိုင်းယှဉ်ပါက ဧပြီမှ ဇွန်လအတွင်း ဂျပန်စီးပွားရေးဖွံ့ဖြိုးမှုမှာ ဝ.၄ရာခိုင်နှုန်း ကျုံ့ဝင်သွားခဲ့သည်။

ပို့ကုန်နှေးကွေးနေခြင်းနှင့် စားသုံးသူအသုံးစရိတ် ထိုင်းနေခြင်းများမှာ ဖွံ့ဖြိုးမှုကို ကျဆင်းစေသည့် အဓိက အကြောင်းတရားများပင်ဖြစ်သောကြောင့် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအပေါ် ဖွံ့ဖြိုးမှုကို တွန်းအားပေးရေး ငွေကြေးနှင့် ဘဏ္ဍာရေးလှုံ့ဆွမှု ပြုပြင်ပြောင်းလဲမှုအစီအစဉ်များကို သွေးသစ်လောင်းရန် ဖိအားသက်ရောက်လာစေခဲ့သည်။

တရားဝင်သတင်းအချက်အလက်များအရ ပထမသုံးလပတ်တွင် ၄.၅ရာခိုင်နှုန်းဖြင့် ပြန်လည်ပြန့်ကားလာပြီးနောက်တွင် ဂျပန်စီးပွားရေးမှာ ဒုတိယသုံးလပတ်တွင် ၁.၆ရာခိုင်နှုန်း နှုန်းအထိပြန်လည် ကျုံ့ဝင် သွားခဲ့သည်။

ဂျီဒီပီ ကျုံ့ဝင်မှုမှာ တရုတ်နှင့် အမေရိကန်သို့ ပို့ကုန်အားနည်းသွားမှုနှင့် ရာသီဥတုဆိုးရွားသဖြင့် စားသုံးသူအသုံးစရိတ် ကျဆင်းသွားခြင်းတို့ကြောင့်ဖြစ်သည်ဟု ဂျပန်စီးပွားရေးဝန်ကြီး အကီရာ အာမာရီ ကပြောကြားခဲ့သည်။

ပို့ကုန်နှင့် စက်ရုံအထွက်အပါအဝင် အားနည်းသောအချက်အလက်များ၏ နောက်ဆက်တွဲ စိတ်ပျက်ဖွယ်ရာ စီးပွားရေးဖွံ့ဖြိုးမှုက ယခုနှစ် ကျန်ကာလများ၏ အလားအလာအပေါ် သံသယများကိုဖြစ်ပေါ် လာစေခဲ့သည်။

ရေရှည်နာလံထမှုအတွက် အားနည်းသောယန်းငွေကြေးအပေါ်တွင် အလွန်အကျွံမမှီခိုရန် နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့က တိုကျိုကို သတိပေးခဲ့သည်။

ဂျပန်စီးပွားရေးကို ကျုံ့ဝင်မှုမှ ရုန်းထွက်၍ ဖွံ့ဖြိုးမှုလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိစေရန် ရည်ရွယ်သည့် အာဘေးနောမစ် (Abenomics)ဟုခေါ်သော တိုကျိုအစိုးရ၏ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများကို ၂၀၁၂ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့သည်။

ပြုပြင်ပြောင်းလဲမှုများမှာ ရေတိုဖွံ့ဖြိုးမှုအတွက် အလုပ်ဖြစ်ခဲ့သော်လည်း အစိုးရမှာ အလုပ်ဈေးကွက်တွင် တင်းကျပ်ကန့်သတ်မှုများ ဖယ်ရှားရန်နှင့် နိုင်ငံ၏ အကာအကွယ်ကြီးမားသော စက်မှုလုပ်ငန်း ကဏ္ဍကို ဖွင့်ပေးရန်မူ ရုန်းကန်နေခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly