"ကို့ယို့ကားယား" ဇာတ်ကား ဇာတ်ညွှန်းပြောင်းရိုက်မည်

"ကို့ယို့ကားယား" ဇာတ်ကား ဇာတ်ညွှန်းပြောင်းရိုက်မည်

ရန်ကုန် အောက်တိုဘာ ၂၃ ။          ။ "ကို့ယို့ကားယား" ရုပ်ရှင်ဇာတ်ကားကို ပြင်ဆင် ညှိနှိုင်းပြီး ဆက်လက်ရိုက်ကူးရန် မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်နှင့် ဆွေးနွေးညှိနှိုင်း ခဲ့သည်ဟု မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောသည်။

ပိုလီယိုရောဂါသည်တစ်ယောက်အနေဖြင့် "ကို့ယို့ကားယား" ရုပ်ရှင်ဇာတ်ကားနှင့် ပတ်သက်၍ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးနှင့် မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်တို့ ယနေ့ အောက်တိုဘာလ ၂၃ ရက် နေ့၊ နံနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးခမ်းမတွင် ဆွေးနွေး ညှိနှိုင်းပြီးနောက် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ် သည်။

ကိုယို့ကားယား" ရုပ်ရှင်ဇာတ်ကားတွင် သရုပ် ဆောင်မြင့်မြတ်နှင့် ရွှေမှုံရတီတို့က အဓိကပါဝင် သရုပ်ဆောင်ထားပြီး မြင့်မြတ်က ပိုလီယိုရောဂါ သည်တစ်ယောက်အနေဖြင့် သရုပ်ဆောင်ထားမှုကို မသန်စွမ်းသူများဘက်မှ ဝေဖန်မှုများထွက်ပေါ် လာခဲ့ကာ Facebook လူမှုကွန်ယက်များပေါ်တွင် လည်း ထိုအကြောင်းအရာနှင့် ပတ်သက်၍ ဝေဖန် များ ပြန့်နှံ့ခဲ့သည်။

"ဒါရိုက်တာကြီးများက ဇာတ်ကိုပြောင်းရိုက်ပေးပါ့ မယ်၊ ဒီဇာတ်လမ်းကို မသုံးတော့ဘူး၊ ဒီဇာတ်လမ်း ကို ပြင်ဆင်ပြောင်းလဲရိုက်ပါ့မယ် ပြောတာကို တောင် ဒီဘက်က လာရောက်ဆွေးနွေးတဲ့ဆရာ များက ထုတ်လုပ်သူများ၊ ဒါရိုက်တာများ အနုပညာ ရှင်များ ဖန်တီးထားတဲ့အနုပညာတွေ မဆုံးရှုံးသွား အောင် အဲဒီလိုတော့ လုံးဝမပြောင်းလိုက်ပါနဲ့၊ ဆုံးရှုံး နစ်နာပါ့မယ်၊ အနိုင်ထက်လာလုချင်လည်း မဟုတ် ပါဘူး၊ သူတို့နိုင်ချင်လို့လည်း မဟုတ်ဘူး၊ အဖြေ လေးတစ်ခုရှာတာပါ၊ ဒီအတွက် ဒီဇာတ်ကိုဘဲ လို အပ်တာများကိုပြုပြင်၊ ညှိနှိုင်းပြီးတော့မှ ၂ ဖက်ညှိ နှိုင်းပြီး ဒီဇာတ်ကိုပဲ ရိုက်သွားဖို့ ဒါက ဆုံးဖြတ်လိုက် ပါတယ်" ဟု ဦးဇင်ဝိုင်းက ပြောသည်။

ယင်းဇာတ်ကားတွင် မြင့်မြတ်၏ သရုပ်ဆောင်မှု များသည် မသန်စွမ်းသူများကို ပျက်ရယ်ပြုရာ ရောက်သည့်အတွက် ယခုကဲ့သို့ ဆွေးနွေးရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံမသန်စွမ်းသူများအသင်း ချုပ်ဥက္ကဋ္ဌ ဦးအောင်ကိုမြင့်က ပြောသည်။

" မသန်စွမ်းတစ်ယောက်လာရင် ဟာ ကို့ရို့ကားယားလာပြီဆိုပြီး တစ်ခြားသူတွေက ပြောစမှတ်ဖြစ်သွားမယ်၊ ဥပမာဆိုပါစို့၊ အခုဆို ဂျင်းကောင် ဂျင်းကောင်ပြောပြီး နေကောင်းလား အချင်းချင်း စကြတယ်၊ အဲဒီလိုမျိုးဖြစ်မှာ၊ ဒါမျိုး တွေကို ကျွန်တော်မလိုလားပါဘူး"  ဟု ဥက္ကဋ္ဌ ဦးအောင်ကိုမြင့်က ပြောသည်။

သရုပ်ဆောင်မြင့်မြတ် ရိုက်ကူးမှု အနည်းငယ် စတင်ထားသည့် ယင်းဇာတ်ကားရိုက်ကူးမှုကို ရပ် တန့်လိုက်ပြီဖြစ်ကြောင်းဒါရိုက်တာ ပြည်ဟိန်းသီဟ ကလည်း အောက်တိုဘာ ၂၂ ရက်နေ့က သူ၏ လူမှုကွန်ယက်မှတစ်ဆင့် အသိပေးခဲ့သည်။

“ကဲ ပြသနာ အားလုံးရှင်းသွားအောင် ကို့ယို့ကားယား ရုပ်ရှင်ဇာတ်ကားအား ဆက်လက် ၍ ရိုက်ကူးခြင်းမရှိတော့ပါကြောင်း လိုက်လည်း ရှင်းမပြချင်တော့ကြောင်းနှင့် တစ်ဦးနဲ့ တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပြသနာများကို ယခုနည်းဖြင့်သာ ဖြေရှင်းလိုက်ကြောင်း အသိပေး အကြောင်းကြား လိုက်ပါသည်” ဟု ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly