ဟာသ လူရွှင်တော် ဦးမိုးကျော် နှင် ့တွေ ့ဆုံခြငး် အပိုင်း (၁)

ဟာသ လူရွှင်တော် ဦးမိုးကျော် နှင် ့တွေ ့ဆုံခြငး် အပိုင်း (၁)

       

မေး ... အရင်ဆုံး သိချင်တာတစ်ခုက ဟာသ လူရွှင်တော်တယောက်ရဲ့ဘဝကိုဘယ်လို  ရွေးချယ်ဖြစ်ခဲ့တာပါလဲ ...

ဖြေ ...ပြောရမယ်ဆိုရင်တော့ ဦးတို့ကမျိုးရိုးရှိတယ်ပေါ့..ဦးမိုးကျော် အသက်က ၇၃ ..အနုပညာသက် သဘင်သက်က ဘယ်လောက်ရှိမလဲဆိုရင် အဲဒါ သဘင်သက်ပဲ ..ဘာလို့ဆို ဇာတ်ရုံထဲမှာမွေးတာ ဖအေက ဘလှရွှေ ..ဆိုတာ ဘားဆက်ကပ် ကတာ  ၂နှစ်သား ၃နှစ်သားလောက်မှာ ဂျွမ်းဘားထိုးရတယ် အဲဒီကစပြီးတော့ ဇာတ်လူရွှင်တော်ကတယ် ရွှေမန်းကျော်မြင့်ဆိုတာ အကိုအရင်း သူလဲနာမည်ကျော်ပဲ သူနဲ့ဇာတ်ကရင်း လူရွှင်တော်လုပ်တယ် နောက်အငြိမ့်လူရွှင်တော်လုပ်ရင်း နောက်တဖြည်းဖြည်းန ဲ့ ခုလို နိုင်ငံကျော်ဖြစ်လာတာပါပဲ .. ..။

မေး ... အရင်တုန်းက အငြိမ့်ခန်းတွဆိုရင် လူရွှင်တော်တွေအများကြီးပေါ့နော် ..အန်ကယ်တို့ခေတ်မှာ ၂ယောက်ထဲနဲ့ နာမည်ကြီးအောင်လဲလုပ်နိုင်တယ် ..အဖွဲ့ကို ၂ယောက်ထဲဖွဲ့ဖြစ်တာလဲ ဆိုတာသိချင်ပါတယ် ..။

ဖြေ ... အမှန်တော့ ဆိုနီ၊မိုးကျော်ဆိုတာ အရင်တုန်းက ဆန်းညွှန့်၊ဆီမံ   နှစ်ကိုယ့်တစိတ် ဦးမင်္ဂလာကြီးလဲပါတယ် ..ဘဲလေးစိမ်း တို့ပါတယ် ၃ယောက် အဲ့ ဒီတုန်းက ... နော် မန္တလေးရောက်တော့ မှ ၂ယောက်ထဲ အငြိမ့်ထောင်တာ ၁၉၈၈ ခုနှစ်က အရေးအခင်းဖြစ်တာ..သေမယ့်နေ့မှစစ်ထဲဝင်သလိုပဲ ကိုယ်တွေလဲ အငြိမ့် ထောင်ရော တိုင်းပြည်လဲပျက်ရော .. အဲ့မှာ ဆိုနီ၊မိုးကျော်ဆိုပြီး မန္တလေးမှာ၂ယောက်စပြီး  အောင်မြင်ခဲ့တာ  ..။ ဟိုတုန်းက အငြိမ့်တွေသွင်းတော့လဲ ၂ယောက်ထဲပဲ စကားဝါ ဒေလီမြင့်၊ကျောက်ပန်းတောင်း ခင်သန်းနု တို့ စိန်ပိုးတီ ၊ချယ်ရီ ၊ စံရှားတင် မင်းသမီးအများကြီးပဲ .. စန်းဝင်း နှစ်ပါးခွင်တို့ ငွေသော်တာစန်းတို့ ရွှေမန်းထဲက လူရွှင်တော်တွေမပါပဲ ဦးတို့နှစ်ယောက်ထဲပဲ မြန်မာ့ရုပ်မြင်သံကြားမှာလွှင့်ဖူးတယ် ..ဒါပေမယ့် ဟိုခေတ်ကလဲ ရှိပါတယ် တီဗီရုပ်မြင်သံကြား စမ်းသပ်ကာလပေါ့ မိုင်၅၀ မြန်မာတပြည်လုံးကြည့်လို့မရသေးဘူး အဖြူအမဲလေး ကြည့်ချင်ရင်ကောင်စီရုံးတို့ သမဆိုင်တို့မှာ ဖျာလေးခင်းကြည့်ရတယ် ဗေလု၀ ဆိုခုထိပြောတယ် ကျွန်တော်တို့ငယ်ငယ်က ကြည့်ချင်ရင်ကောင်စီရုံးတို့ သမဆိုင်တို့မှာ အုတ်ခဲကျိုးလေးခုပြီး ကြည့်ခဲ့ရတာတဲ့ ... မြင်ဆရာပါပေါ့ 

မေး ... မြန်မာ့ အငြိမ့်သဘင်မှာ အရေးကြီးတဲ့ ခွန်းတောက်ပေါ့နော် ..ခုနောက်ပိုင်းမှာ တက်သစ်စ လူရွှင်တော်လေးတွေ သိပ်ဆိုကြတာ မတွေ့ဘူး ခွန်းတောက်ရဲ့ အရေးပါပုံနဲ့ ခွန်းတောက် အကြောင်းလဲသိချင်ပါတယ် ။

ဖြေ ... ခွန်းတောက်ကတော့ လူရွှင်တော်အစ ခွန်းတောက်ကဆိုသလိုပေါ့ ..သူမှာ ဒွေးချိုး၊လေးချိုးရှိတယ် တချို့ကအသံကိုက်အောင်မဆိုတတ်ဘူး အမှန် ခွန်းတောက်ကအင်မတန်အရေးကြီးပါတယ် လူရွှင်တော်မှာ တော်တော်တန်ဖိုးထားရပါတယ် ..နှစ်ပါးသွားဆိုလဲ မင်းသား ဖိုးချစ်၊စွမ်းဇာနည်၊ဟန်ဇာမိုးဝင်း သူတို့မထွက်ခင် ရှေ ့မှာခွန်းတောက်ကို ဆိုရတယ် ..ခုဆို နှစ်ပါးသွားသာ ကကြတာ ဘယ်မှာ နောက်ပိုင်းဇာတ်တွေကကြတော့လို့လဲ .. ခေတ်ကိုကပြောင်းသွားတာ တမျိုးဆီဖြစ်ကုန်ကြပြီ ပရိတ်သတ်အကြိုက် လိုက်ရောညီထွေစွာပေါ့ ..လုပ်ကြတဲ့ သဘောပဲ။

မေး ... ဟုတ်ကဲ့ နောက်ထပ်တစ်ခုကတော့ ကျွန်တော်တို့ တီဗီခေတ်ဦးလို့ ပဲပြောရမလား အန်ကယ်တို့ အငြိမ့်အစီစဉ်တွေလာရင် တခုပ်တရ ကို စောင့်ကြည့်ခဲ့ ရတယ် ခုဆိုဒါမျိုးတွေလွှင့်ပေးတာ လုံးဝမရှိသလောက်ဖြစ်သွားတဲ့ အပေါ် ခံစားချက်လေးနဲ့ဘာများ အကောင်းဆုံးဖြစ်အောင်လုပ်ပေးနိုင်မလဲဆိုတဲ့ အကြံညံပေးပြောချင်ပါသလဲ ..။

ဖြေ ... ဟိုတုန်းက အငြိမ့်တွေ တော်တော်များများထွက်တယ်နော် မြန်မာ့အသံက ပရိတ်သတ်တွေကမွန်းကျပ်နေတာလေ ..ဟို ပီမိုးနင်းရေးတဲ့စာအုပ်ရှိတယ် မရယ်ချင်ရယ်ချင် နဲ့တော့ မရယ်နဲ့တဲ့ တနေ့ဟက်ဟက်ပက်ပက် ၃ခါရယ် အသက်ရှည်တယ်..ရှေးလူကြီး စကားပုံရှိတယ် စိတ်ထောင်းကိုယ်ကျေ ..စိတ်ပျော် ကိုယ်နု ...ဒေါသကြီးတဲ့သူ အသက်တိုတယ် ..ပျော်ပျော်နေတဲ့သူ အသက်ရှည်တယ် အဲ့ဒီတော့ ရယ်စရာလေးတွေ ဖန်တီးပေးတာ အင်မတန်ကောင်းတာပေါ့ ခုအဲ့ဒါတွေ ပျောက်သလောက်ဖြစ်နေတယ် မှန်တာပြောရရင် အဲ့ဒါတွေ ပြန်ဖော်ထုတ်သင့်တယ် ..ကိုတွေက လူရွှင်တော်မို့ပြောတာမဟုတ်ဘူး ပရိသတ်ကပြောတာ မင်းသမီး အက ဘယ်လောက်ကောင်းကောင်း ကျော်ပြစ်တယ် ဟာသပဲကြည့်ကြတာ ရစ်တဲ့ ထဲ... ပျက်လုံး နဲနဲလေးကျော်သွားတာနဲ့ ပြန်ရစ်ကြည့်တာ ..ဟုတ်တယ်မလား ..။

  ဦးလေးက မင်းတို့လိုအရွယ်တွေ့ရင် လ္ဖက်ရည်ဆိုင်မှာပြောပြတယ် လူတရာမှာ ဆိုနီ မိုးကျော်ကို ၉၉ယောက်သိရမယ်လို့ ..အဲ့ခလေးက ဘာပြန်ပြောလဲဆိုတော့ ဟာ ..ဦးလေးကလဲ တရာလုံး သိတယ်လုပ်ပါ အဘတို့အတွဲကို မသိတဲ့     သူမရှိပါဘူးပြောတယ်..၊ အဲ့တော့ကြိုးစားခဲ့ရတာ ရန်ကုန်မြို့ပတ်ရထားကိုတမြို့ လုံးပတ်စီးတာဘာကိစ္စမှမရှိဘူး  ရန်ကုန်ဘူတာကြီးကနေတပါတ်ပတ် ဘူတာစဉ်တောက်လျှောက်စီးတာ ဘူတာတွေသိချင်လို့မင်းသမီးနဲ့ မိတ်ဆက်တဲ့ အခါကျ ...(ပျက်လုံးပြော)    ဒါသက်သက် ပျက်လုံးရအောင် ရထားကို တပါတ်ကြီးစီးခဲ့ ရတာ..ခုလိုကြိုးစားခဲ့လို့လဲ နိုင်ငံကျော်ဖြစ်တာပေါ့။

မေး ... အငြိမ့်သဘင်တွေကို အရင်က မြန်မာ့ဆိင်းဝိုင်းနဲ့ကတယ်ပေါ့ ..ခုနောက်ပိုင်း kb တလုံးထဲ နဲ့ကလာကြတာတွေ့ရတယ် .. မင်းသမီးဆိုရင်လဲ သီချင်းမဆိုတော့ပဲCD ဖွင့် play back လုပ်တာတွေတွေ့လာရတယ်ဆိုတော့ ..ဒါကို လူရွှင်တော်ကြီးတယောက်အနေနဲ့ ရင်ထဲက ခံစားချက်လဲ သိချင်ပါတယ် ။

ဖြေ ... အဲ့ဒါ အခု ဖိုးချစ်က တလောက ပြောတယ် မြန်မာ့ဆိုင်းဝိုင်းနဲ့ ကကြဖို့ အကြံဉာဏ်ပေးတယ် ..တချို့ပွဲငှားတွေက မတတ်နိုင်တဲ့အခါကျတော့ ဒီ KB တလုံးနဲ့   ပဲ သူကလဲ အသံပေါင်းစုံလုပ်လို့ရတာကိုး ... တကယ်ဆိုင်းဝိုင်းထိုးနေသလိုပဲဆိုတော့ မငှားကြတော့ဘူးပေါ့လေ ...။

မေး ... တီဗီမှာကြည့်တော့ ဆိုနီ မိုးကျော်ဆိုပြီးနာမည်စကြီးသွားတဲ့ဟာသလုပ်တဲ့ အခါ ဦးမျက်နှာလေးက ဘယ်လိုမျိုးလဲခင်ဗျ

ဖြေ ... ဦးမျက်နှာကတော့ မြန်မာတပြည်လုံးမှာ ဒီတယောက်ပဲရှိမယ်ထင်ပါတယ် (ဟာသမျက်နှာလုပ်ပြ)  အဲ့ဒါ ဘယ်လိုသဘောကနေ ဘယ်လိုဖြစ်သွားမှန်းကိုမသိဘူး အဲ့ရုပ်ကို ပရိတ်သတ်က တော်တော်ရယ်ကြတယ်သိလား ... ငါ့ကို အသားဖြူဝပြီး အပြင်မှာပိုချောတယ်တဲ့ တချို့က ဇေရဲထက်တဲ့ ၊ တချို့က အောင်ရဲလင်း လို့ ခေါ်တယ် ...(ရယ်လျှက်) ။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly