အီရတ်နိုင်ငံအတွင်းမှ ထွက်ခွာသွားရန် အီရန်စစ်သွေးကြွများကို တေလာဆန်တောင်းဆို

အီရတ်နိုင်ငံအတွင်းမှ ထွက်ခွာသွားရန် အီရန်စစ်သွေးကြွများကို တေလာဆန်တောင်းဆို

 

ရီယက်ဒ်၊ ဆော်ဒီအာရေဗျ၊ အောက်တိုဘာ ၂၃ ။              ။ ပင်လယ်ကွေ့ဒေသမှ ထိပ်သီးအာဏာပိုင်များနှင့် တွေ့ဆုံရန် ဆော်ဒီအာရေဗျနိုင်ငံသို့ ရောက်ရှိနေသော အမေရိကနိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်က ရီယက်ဒ်မြို့၌ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် အီရန်စစ်သွေးကြွများအား အီရတ်နိုင်ငံအတွင်းမှ ထွက်ခွာသွားရန် တောင်းဆိုခဲ့သည်။

“အီရတ်နိုင်ငံအတွင်းမှာ အီရန်စစ်သွေးကြွတွေရှိနေတာ သေချာပါတယ်။ အခုအခါမှာ အစ္စလာမ်မစ်နိုင်ငံတော် အဖွဲ့ IS တွေကို တိုက်ခိုက်နေတာဟာ အောင်မြင်မှုနဲ့နီးကပ်နေပါပြီ။ ဒါကြောင့် ဒီအီရန်စစ်သွေးကြွတွေ သူတို့ အိမ်ကိုသူတို့ပြန်သွားသင့်ပါပြီ။ နိုင်ငံခြားသားအားလုံး အိမ်ပြန်သင့်ပါပြီ” ဟု တေလာဆန်က ရီယက်ဒ်မြို့၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တေလာဆန်သည် တနင်္ဂနွေနေ့က ပင်လယ်ကွေ့ဒေသမှ မဟာမိတ်များနှင့် တွေ့ဆုံစဉ်တွင် အီရန်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုကို ဟန့်တားရန်အတွက်   ဆွေးနွေးပြောဆိုခဲ့သည်။

ဒါ့အပြင် တေလာဆန်သည် ဘုရင်ကြီးဆယ်လ်မန်အပါအဝင် ဆော်ဒီအာရေဗျ၏ ထိပ်သီးအာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ယုံသာမက အာရပ်အိမ်နီးချင်းနိုင်ငံများကြား မဟာဗျူဟာကျသော ဆက်ဆံရေးများ ထားရှိ နိုင်ရန်ရည်ရွယ်ပြီး ကျင်းပသည့် ဆော်ဒီအာရေဗျနှင့် အီရတ်တို့၏ သမိုင်းဝင်အစည်းအဝေးပွဲကိုလည်း တက်ရောက်ခဲ့သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အီရန်တို့နှင့် နျူကလီးယားသဘောတူညီချက်ကို တရားဝင်အတည်ပြု ပေးရန်ငြင်းဆန်ခဲ့ပြီး အီရန်အစိုးရအပေါ် မဟာဗျူမြောက် ပြင်းထန်သောဗျူဟာအသစ်များနှင့် အလဲထိုးမည်ဟု ပြောဆိုခဲ့ပြီး မကြာခင်တွင် ပင်လယ်ကွေ့ဒေသသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တေလာဆန်ရောက်ရှိလာ ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags